ကျောင်းဆရာ တစ်ဦးရဲ့သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့ရတဲ့အဖြစ် (ဖြစ်ရပ်မှန်) …

ကျောင်းဆရာ တစ်ဦးရဲ့သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့ရတဲ့အဖြစ် (ဖြစ်ရပ်မှန်) … ကျွန်တော်တောကျောင်းကနေမြို့ကျောင်းကိုပြောင်းလာပေမယ့်မြို့ပေါ်ကျောင်းမှာနေရတာမဟုတ်ဘူး။မြို့နဲ့မနီးမဝေးမူလတန်းကျောင်းလေးကိုရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ကျောင်းကယိုင်တိုင်တိုင်စုတ်ချာချာ။မိုးရွာလေတိုက်ရင်မိုးလွတ်တဲ့နေရာခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာကျောင်းသား၂၄ယောက်ရှိတယ်။အဲဒီခေတ်ကအုပ်စုလိုက်စစ်ဆိုတော့အစိုးရစစ်လိုပဲ။တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကိုဂုဏ်ရှိတယ်ထင်နေကြတာ။ကျွန်တော့်ကျောင်းအုပ်ကြီးကတော့တဝက်အောင်ရင်တော်ပြီဆိုပြီးနေတာ။ အတန်းထဲကကလေးတွေမဆိုးပါဘူး။အရည်အချင်းလေးတွေတော့အရှိသား။လေ့ကျင့်အားနည်းနေတယ်လို့သုံးသပ်တယ်။အရင်ကကျောင်းအုပ်ဆရာကြီးကတာဝန်ယူထားတာကိုး။ သူလည်းတခါတရံသူ့ကိုယ်ရေးကိုယ်တာရှိလေတော့အကြောင်းပြပြီးကျောင်းလာတစ်ချက်၊မလာတစ်ချက်ဆိုတော့ကလေးတွေပညာငတ်နေကြတာပေါ့။ ကျွန်တော်အတန်းပိုင်ဖြစ်တော့ကလေးတွေတစ်ဦးချင်းကိုလေ့လာရတယ်။အားလုံးအနေအထားကောင်းတယ်။တန်းလုံးကျွတ်အောင်နိုင်တဲ့အနေအထားမှာရှိတယ်။ ကျွန်တော်ကလည်းတာဝန်ယူခဲ့တဲ့ကျောင်းတိုင်းမှာတန်းလုံးကျွတ်အောင်တာကိုမှဂုဏ်ယူတတ်တာဆိုတော့မောင်းရတော့တာပေါ့။ အတန်းထဲမှာဖြူမဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ဖြူဖြူသေးသေးလေး။စာအတော်လေးညံ့တယ်။လက်ရေးညံ့တယ်။သေသေချာချာလေ့လာကြည့်တော့ဖြူမကဉာဏ်ကောင်းတယ်။ ဒါပေမဲ့သူ့ကိုအတန်းထဲကအတန်းဖော်တွေကသိပ်အရောမဝင်တော့ဂျစ်တစ်တစ်၊ညစ်တစ်တစ်လုပ်ချင်နေတာ။ကျွန်တော်ကသူ့ကိုလက်ရေးက,စပြင်တော့ကျွန်တော့်ကိုနည်းနည်းအသိအမှတ်ပြုစဖြစ်လာတယ်။ တစ်နေ့တော့ရွာထဲမှာမဟာဒုတ်ပွဲဆိုပြီးအလှူတွေခံကြ၊ပွဲတွေခံကြ၊အကြီးအကျယ်လုပ်တယ်။ ကျွန်တော်ကလေးတွေရဲ့လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့အလုပ်ရှုပ်နေချိန်မှာဖြူမကမရဲတရဲကျွန်တော့်နားကပ်လာပြီး“ဆရာ… သမီးတို့အိမ်ကမဟာဒုတ်ဘုရားမဲပေါက်တယ်။ အဖေကဆရာ့ကိုအိမ်မှာထမင်းလာစားပါလို့ဖိတ်ခိုင်းလိုက်လို့” ကျွန်တော်ကလည်းသာမန်လောက်ပဲထင်ပြီး“အေး… အေး” လို့ပြောလိုက်တော့သူကထပ်ပြီးသေချာအောင်“တကယ်လာမှာလားဆရာ… အဖေ့ကိုပြန်ပြောလိုက်မယ်” ကျွန်တော်ကလည်းသာမန်လောက်သဘောထားပြီးခေါင်းငြိမ့်ပြလိုက်တယ်။ ညနေကျောင်းဆင်းတော့ကလေးတွေအားလုံးမရှိချိန်မှာဆရာမတစ်ယောက်ကကျွန်တော့်ဆီလာပြီး“ဆရာဖြူမတို့အလှူကိုဆရာတကယ်သွားမှာလား” လို့လာမေးတယ်။ “သွားမှာပေါ့ဆရာမရဲ့၊ဘာဖြစ်လို့လဲ” “ဖြူမတို့ကသုင်းထဲမှာနေတာဆရာ။သူ့အဖေကသုဘရာဇာ၊ဆရာသွားလို့ဖြစ်ပါ့မလား” ကျွန်တော်ဘာဖြစ်လို့ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့အတန်းထဲမှာဖြစ်နေတယ်ဆိုတာသဘောပေါက်လိုက်တယ်။ဘာဖြစ်ဖြစ်အဲဒီအလှူကိုကျွန်တော်သွားဖြစ်အောင်သွားဖို့ဆုံးဖြတ်လိုက်တယ်။ …

Read More