ကိုဗစ္ကာလ အလႈရွင္ မရွိေတာ့လို႔ ေန႔စဥ္ ဆြမ္းနပ္မွန္ေရးကို ရတတ္မေအး ျဖစ္ေနၾကရတဲ့ ဆရာေလးမ်ား

ၾသဂုတ္လ ၁၆ ရက္ေန႔ကေနၿပီးေတာ့ စတင္ခဲ့တဲ့ တစ္ေက်ာ့ျပန္ ကိုဗစ္ဂယက္ေၾကာင့္ပဲ အမ်ားနည္းတူ အခက္အခဲေတြနဲ႔

ရင္ဆိုင္ေနရသူေတြထဲမွာ သာသနာ့ေဘာင္အတြင္းက သီလရွင္ေတြလည္း ပါဝင္ေနခဲ့တာပဲ ျဖစ္ပါတယ္။

ေန႔စဥ္ဆက္တိုက္ ေထာင္ဂဏန္းနဲ႔အထက္ေတြ႕ရွိေနဆဲ အတည္ျပဳလူနာေတြနဲ႔ Stay At Home အစီအစဥ္ေတြေၾကာင့္ဘဲ

ယခင္ကလို လူေတြဆီ ဆြမ္းဆန္အလႉခံမထြက္ႏိုင္ေတာ့တဲ့ဆရာေလးေတြဟာ ေန႔စဥ္ဆြမ္းကိစၥအတြက္ လုံေလာက္မႈမရွိျဖစ္ၿပီးေတာ့

အလႉရွင္ေတြမရွိတာေၾကာင့္ဘဲ စားေရးအတြက္ပူပန္ေနရၿပီလို႔ ပုလဲၿမိဳ႕သစ္မွာရွိတဲ့

ခ်မ္းေျမ့ရတနာ သီလရွင္စာသင္တိုက္က ေက်ာင္းထိုင္ဆရာေလး ေဒၚဒေမၼသီက ေျပာခဲ့ပါတယ္။

၁၀ ႏွစ္ေအာက္ကေနၿပီးေတာ့ ၉၀ ေက်ာ္အထိ သီလရွင္အပါး ၄၀ ရွိတဲ့ ဒီေက်ာင္းဟာ ကိုဗစ္ပထမလႈိင္းမွာ ဆရာေလးေတြကို

ဇာတိၿမိဳ႕ေတြဆီ ျပန္လႊတ္ခဲ့ေပမယ့္လည္းထင္မွတ္မထားတဲ့ ဒုတိယလႈိင္းက ကာလရွည္လာသလိုျဖစ္ၿပီး လူေနရပ္ကြက္ေတြဆီ

အလႉခံထြက္လို႔လည္း မရေတာ့တာေၾကာင့္ဘဲ အခုအခ်ိန္မွာ သူတို႔ေတြဟာ

ေန႔စဥ္ဆြမ္းကိစၥအတြက္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနတာျဖစ္ပါတယ္ေနာ္။

အဲဒီေက်ာင္းဟာရွမ္းျပည္နယ္ကလာတဲ့ အသက္ ၁၀ ႏွစ္ကေန ၂၀ ၾကားအ႐ြယ္ရွိတဲ့ စစ္ေဘးေရွာင္

သီလရွင္ငယ္ေလးေတြကိုလည္း လက္ခံစာသင္ေပးေနတဲ့ေက်ာင္း ျဖစ္ပါတယ္ေနာ္။

လူဦးေရမ်ားျပားတဲ့ သီလရွင္ေက်ာင္းေတြဟာ တစ္ေယာက္ကူးစက္မႈစရင္ အားလုံးကိုပ်ံ႕ႏွံ႔သြားမွာ

စိုးရိမ္ရတဲ့အတြက္ ေက်ာင္းအျပင္ အလႉခံမထြက္ႏိုင္ေပမယ့္ တစ္ဖက္က စားေသာက္စရိတ္၊ ေဆးဖိုး၊ မီတာခ စတဲ့ကုန္က်မႈေတြက

ယခင္ကလိုပဲ ရွိေနတယ္လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ သဟပုညကာရီ ကမၼ႒ာန္းေက်ာင္းက ဆရာေလးဆႏၵာေထဝီက ေျပာခဲ့တာပါ။

ဒီေက်ာင္းမွာ သီလရွင္ ၆၂ ပါးရွိေနတာပါ။ အသက္အငယ္ဆုံးက ၅၀ ဝန္းက်င္ကစၿပီး အသက္ ၇၀ ေက်ာ္ဆရာေလးအပါး ၂၀၊

၈၀ ေက်ာ္ ဆရာေလး ၅ ပါး သီတင္းသုံးေနတယ္လို႔ ဆိုပါတယ္ သူတို႔ဟာ ကိုယ္ထူကိုယ္ထေဆာက္ထားတဲ့ ေက်ာင္းေဆာင္ ၄၈ ခုမွာ

သီးျခားစီေနထိုင္ၾကေပမယ့္လည္း သက္ႀကီးသီလရွင္ေတြ က်န္းမာေရးအတြက္ အျပင္လူေတြနဲ႔ ထိေတြ႕မႈမရွိေအာင္

ဝင္ေပါက္ေတြကို ဦးေဆာင္ဆရာေလး ေတြကဘဲ ေသာ့ခတ္ထားတာပါ

ကိုဗစ္တိုက္ပြဲ ရွည္ၾကာလာတာနဲ႔အမွ် ယခင္ကလို သာသနာ့အလုပ္ေတြကို

အပူအပင္ကင္းကင္းနဲ႔ မလုပ္ႏိုင္ေတာ့တဲ့ သာသနာ့ဝန္ထမ္းေတြအတြက္ အလႉရွင္ေတြ ရွိေနေပမယ့္လည္း

လႉဒါန္းမႈအမ်ားစုက ဘုန္းေတာ္ႀကီးေက်ာင္းေတြ ျဖစ္ေနၿပီးေတာ့

သီလရွင္ေက်ာင္း အမ်ားစုကေတာ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဆရာေလးေတြက ေျပာခဲ့ပါတယ္။

ယခုလက္ရွိအခ်ိန္မွာ ဆရာေလးေတြဟာ ရွိႏွင့္ၿပီးသား အလႉခံပစၥည္းေတြကို ခ်င့္ခ်ိန္သုံးစြဲရင္းနဲ႔ အလႉရွင္ေမွ်ာ္ေနရဆဲလို႔

သဟပုညကာရီ ကမၼ႒ာန္းေက်ာင္းက ဆရာေလးေတြက ထပ္ၿပီးေတာ့ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

(Unicode)

ကိုဗစ်ကာလ အလှုရှင် မရှိတော့လို့ နေ့စဉ် ဆွမ်းနပ်မှန်ရေးကို ရတတ်မအေး ဖြစ်နေကြရတဲ့ ဆရာလေးများ

သြဂုတ်လ ၁၆ ရက်နေ့ကနေပြီးတော့ စတင်ခဲ့တဲ့ တစ်ကျော့ပြန် ကိုဗစ်ဂယက်ကြောင့်ပဲ အများနည်းတူ အခက်အခဲတွေနဲ့

ရင်ဆိုင်နေရသူတွေထဲမှာ သာသနာ့ဘောင်အတွင်းက သီလရှင်တွေလည်း ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

နေ့စဉ်ဆက်တိုက် ထောင်ဂဏန်းနဲ့အထက်တွေ့ရှိနေဆဲ အတည်ပြုလူနာတွေနဲ့ Stay At Home အစီအစဉ်တွေကြောင့်ဘဲ

ယခင်ကလို လူတွေဆီ ဆွမ်းဆန်အလှူခံမထွက်နိုင်တော့တဲ့ဆရာလေးတွေဟာ နေ့စဉ်ဆွမ်းကိစ္စအတွက် လုံလောက်မှုမရှိဖြစ်ပြီးတော့

အလှူရှင်တွေမရှိတာကြောင့်ဘဲ စားရေးအတွက်ပူပန်နေရပြီလို့ ပုလဲမြို့သစ်မှာရှိတဲ့

ချမ်းမြေ့ရတနာ သီလရှင်စာသင်တိုက်က ကျောင်းထိုင်ဆရာလေး ဒေါ်ဒမ္မေသီက ပြောခဲ့ပါတယ်။

၁၀ နှစ်အောက်ကနေပြီးတော့ ၉၀ ကျော်အထိ သီလရှင်အပါး ၄၀ ရှိတဲ့ ဒီကျောင်းဟာ ကိုဗစ်ပထမလှိုင်းမှာ ဆရာလေးတွေကို

ဇာတိမြို့တွေဆီ ပြန်လွှတ်ခဲ့ပေမယ့်လည်းထင်မှတ်မထားတဲ့ ဒုတိယလှိုင်းက ကာလရှည်လာသလိုဖြစ်ပြီး လူနေရပ်ကွက်တွေဆီ

အလှူခံထွက်လို့လည်း မရတော့တာကြောင့်ဘဲ အခုအချိန်မှာ သူတို့တွေဟာ

နေ့စဉ်ဆွမ်းကိစ္စအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။

အဲဒီကျောင်းဟာရှမ်းပြည်နယ်ကလာတဲ့ အသက် ၁၀ နှစ်ကနေ ၂၀ ကြားအရွယ်ရှိတဲ့ စစ်ဘေးရှောင်

သီလရှင်ငယ်လေးတွေကိုလည်း လက်ခံစာသင်ပေးနေတဲ့ကျောင်း ဖြစ်ပါတယ်နော်။

လူဦးရေများပြားတဲ့ သီလရှင်ကျောင်းတွေဟာ တစ်ယောက်ကူးစက်မှုစရင် အားလုံးကိုပျံ့နှံ့သွားမှာ

စိုးရိမ်ရတဲ့အတွက် ကျောင်းအပြင် အလှူခံမထွက်နိုင်ပေမယ့် တစ်ဖက်က စားသောက်စရိတ်၊ ဆေးဖိုး၊ မီတာခ စတဲ့ကုန်ကျမှုတွေက

ယခင်ကလိုပဲ ရှိနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သဟပုညကာရီ ကမ္မဋ္ဌာန်းကျောင်းက ဆရာလေးဆန္ဒာထေဝီက ပြောခဲ့တာပါ။

ဒီကျောင်းမှာ သီလရှင် ၆၂ ပါးရှိနေတာပါ။ အသက်အငယ်ဆုံးက ၅၀ ဝန်းကျင်ကစပြီး အသက် ၇၀ ကျော်ဆရာလေးအပါး ၂၀၊

၈၀ ကျော် ဆရာလေး ၅ ပါး သီတင်းသုံးနေတယ်လို့ ဆိုပါတယ် သူတို့ဟာ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင် ၄၈ ခုမှာ

သီးခြားစီနေထိုင်ကြပေမယ့်လည်း သက်ကြီးသီလရှင်တွေ ကျန်းမာရေးအတွက် အပြင်လူတွေနဲ့ ထိတွေ့မှုမရှိအောင်

ဝင်ပေါက်တွေကို ဦးဆောင်ဆရာလေး တွေကဘဲ သော့ခတ်ထားတာပါ

ကိုဗစ်တိုက်ပွဲ ရှည်ကြာလာတာနဲ့အမျှ ယခင်ကလို သာသနာ့အလုပ်တွေကို

အပူအပင်ကင်းကင်းနဲ့ မလုပ်နိုင်တော့တဲ့ သာသနာ့ဝန်ထမ်းတွေအတွက် အလှူရှင်တွေ ရှိနေပေမယ့်လည်း

လှူဒါန်းမှုအများစုက ဘုန်းတော်ကြီးကျောင်းတွေ ဖြစ်နေပြီးတော့

သီလရှင်ကျောင်း အများစုကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆရာလေးတွေက ပြောခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ ဆရာလေးတွေဟာ ရှိနှင့်ပြီးသား အလှူခံပစ္စည်းတွေကို ချင့်ချိန်သုံးစွဲရင်းနဲ့ အလှူရှင်မျှော်နေရဆဲလို့

သဟပုညကာရီ ကမ္မဋ္ဌာန်းကျောင်းက ဆရာလေးတွေက ထပ်ပြီးတော့ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *