ကျောင်းဆရာ တစ်ဦးရဲ့သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့ရတဲ့အဖြစ် (ဖြစ်ရပ်မှန်) …

ကျောင်းဆရာ တစ်ဦးရဲ့သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့ရတဲ့အဖြစ် (ဖြစ်ရပ်မှန်) …

ကျွန်တော်တောကျောင်းကနေမြို့ကျောင်းကိုပြောင်းလာပေမယ့်မြို့ပေါ်ကျောင်းမှာနေရတာမဟုတ်ဘူး။မြို့နဲ့မနီးမဝေးမူလတန်းကျောင်းလေးကိုရောက်လာတယ်။

လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ကျောင်းကယိုင်တိုင်တိုင်စုတ်ချာချာ။မိုးရွာလေတိုက်ရင်မိုးလွတ်တဲ့နေရာခိုနေကြရတယ်။

ကျွန်တော့်လေးတန်းမှာကျောင်းသား၂၄ယောက်ရှိတယ်။အဲဒီခေတ်ကအုပ်စုလိုက်စစ်ဆိုတော့အစိုးရစစ်လိုပဲ။တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့

တန်းလုံးကျွတ်အောင်တာကိုဂုဏ်ရှိတယ်ထင်နေကြတာ။ကျွန်တော့်ကျောင်းအုပ်ကြီးကတော့တဝက်အောင်ရင်တော်ပြီဆိုပြီးနေတာ။

အတန်းထဲကကလေးတွေမဆိုးပါဘူး။အရည်အချင်းလေးတွေတော့အရှိသား။လေ့ကျင့်အားနည်းနေတယ်လို့သုံးသပ်တယ်။အရင်ကကျောင်းအုပ်ဆရာကြီးကတာဝန်ယူထားတာကိုး။

သူလည်းတခါတရံသူ့ကိုယ်ရေးကိုယ်တာရှိလေတော့အကြောင်းပြပြီးကျောင်းလာတစ်ချက်၊မလာတစ်ချက်ဆိုတော့ကလေးတွေပညာငတ်နေကြတာပေါ့။

ကျွန်တော်အတန်းပိုင်ဖြစ်တော့ကလေးတွေတစ်ဦးချင်းကိုလေ့လာရတယ်။အားလုံးအနေအထားကောင်းတယ်။တန်းလုံးကျွတ်အောင်နိုင်တဲ့အနေအထားမှာရှိတယ်။

ကျွန်တော်ကလည်းတာဝန်ယူခဲ့တဲ့ကျောင်းတိုင်းမှာတန်းလုံးကျွတ်အောင်တာကိုမှဂုဏ်ယူတတ်တာဆိုတော့မောင်းရတော့တာပေါ့။

အတန်းထဲမှာဖြူမဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ဖြူဖြူသေးသေးလေး။စာအတော်လေးညံ့တယ်။လက်ရေးညံ့တယ်။သေသေချာချာလေ့လာကြည့်တော့ဖြူမကဉာဏ်ကောင်းတယ်။

ဒါပေမဲ့သူ့ကိုအတန်းထဲကအတန်းဖော်တွေကသိပ်အရောမဝင်တော့ဂျစ်တစ်တစ်၊ညစ်တစ်တစ်လုပ်ချင်နေတာ။ကျွန်တော်ကသူ့ကိုလက်ရေးက,စပြင်တော့ကျွန်တော့်ကိုနည်းနည်းအသိအမှတ်ပြုစဖြစ်လာတယ်။

တစ်နေ့တော့ရွာထဲမှာမဟာဒုတ်ပွဲဆိုပြီးအလှူတွေခံကြ၊ပွဲတွေခံကြ၊အကြီးအကျယ်လုပ်တယ်။

ကျွန်တော်ကလေးတွေရဲ့လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့အလုပ်ရှုပ်နေချိန်မှာဖြူမကမရဲတရဲကျွန်တော့်နားကပ်လာပြီး“ဆရာ… သမီးတို့အိမ်ကမဟာဒုတ်ဘုရားမဲပေါက်တယ်။

အဖေကဆရာ့ကိုအိမ်မှာထမင်းလာစားပါလို့ဖိတ်ခိုင်းလိုက်လို့”

ကျွန်တော်ကလည်းသာမန်လောက်ပဲထင်ပြီး“အေး… အေး” လို့ပြောလိုက်တော့သူကထပ်ပြီးသေချာအောင်“တကယ်လာမှာလားဆရာ… အဖေ့ကိုပြန်ပြောလိုက်မယ်”

ကျွန်တော်ကလည်းသာမန်လောက်သဘောထားပြီးခေါင်းငြိမ့်ပြလိုက်တယ်။

ညနေကျောင်းဆင်းတော့ကလေးတွေအားလုံးမရှိချိန်မှာဆရာမတစ်ယောက်ကကျွန်တော့်ဆီလာပြီး“ဆရာဖြူမတို့အလှူကိုဆရာတကယ်သွားမှာလား” လို့လာမေးတယ်။

“သွားမှာပေါ့ဆရာမရဲ့၊ဘာဖြစ်လို့လဲ” “ဖြူမတို့ကသုင်းထဲမှာနေတာဆရာ။သူ့အဖေကသုဘရာဇာ၊ဆရာသွားလို့ဖြစ်ပါ့မလား” ကျွန်တော်ဘာဖြစ်လို့ဖြူမတစ်ယောက်

သိမ်ငယ်စွာနဲ့အတန်းထဲမှာဖြစ်နေတယ်ဆိုတာသဘောပေါက်လိုက်တယ်။ဘာဖြစ်ဖြစ်အဲဒီအလှူကိုကျွန်တော်သွားဖြစ်အောင်သွားဖို့ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ကျောင်းကိုစောစောလာတော့ဖြူမကကျောင်းလှေခါးကနေလာစောင့်နေတယ်။ကျွန်တော့်လွယ်အိတ်လေးကိုလာပြေးယူပြီး“ဆရာသမီးနဲ့တစ်ခါတည်းလိုက်ခဲ့မှာလား” လို့မေးလိုက်တယ်။

ကျွန်တော်လည်းခေါင်းငြိမ့်ပြလိုက်ပြီးသူ့နောက်ကလိုက်ခဲ့တယ်။သချိုင်းကရွာပြင်မှာ။ကျွန်တော်သချိုင်းထဲဝင်လိုက်ချိန်မှာအုတ်ဂူကြားလေးတွေကနေခြောင်းကြည့်နေကြတဲ့ကလေးအချို့ကိုလည်းတွေ့လိုက်ရတယ်။

သချိုင်းနဲ့လှမ်းလှမ်းကကုန်းလေးပေါ်မှာဝါးတဲလေးတစ်ခုရှိတယ်။သပ်ရပ်ပြီးပြောင်နေတယ်။အခင်းတွေကဝါးခင်းတွေပဲ။ကျွန်တော်အိမ်ပေါ်တက်ထိုင်လိုက်ချိန်မှာဖြူမရဲ့အဖေကအခန်းထဲကထွက်လာပြီးဘာပြောရမှန်းမသိသလိုနဲ့ယောင်နနဖြစ်နေတယ်။

သူက……”မထင်ပါဘူးဆရာကြီးရယ်၊သမီးကပြောလို့သာ၊ဆရာကြီးတကယ်လာမယ်လို့ကျွန်တော်လုံးဝမထင်ထားပါဘူး” တဲ့။တုန်တုန်ရီရီနဲ့ပြောရှာတယ်။

ကျွန်တော်ကလည်း“ကိုကျော်မင်းရယ်ခင်ဗျားအိမ်ကိုမဟာဒုတ်မဲပေါက်လို့ဘုရားတောင်ကြွလာသေးတာပဲ။ကျုပ်ကဘာလို့မလာရမှာလဲ” လို့ပြောလိုက်တယ်။ထမင်းဝိုင်းပြင်ပြီးတော့ကျွန်တော့ကိုတပည့်ဖြူမကလာခေါ်တယ်။

အိမ်ဦးခန်းမှာနေရာယူပြီးစားဖို့ပြင်တော့ကျွန်တော်တစ်ယောက်တည်း။ကျွန်တော်က”ကိုကျော်မင်းလာလေဗျာ။ကျွန်တော်တစ်ယောက်တည်း။ခင်ဗျားလည်းလာစားလေ” လို့ပြောလိုက်တော့

ဖြူမအဖေကအတင်းငြင်းတယ်။နောက်ဆုံးကျွန်တော်က“ကိုကျော်မင်း… ခင်ဗျားမစားရင်ကျွန်တော်လည်းမစားဘူး” ဆိုမှဝင်ထိုင်တယ်။

ထမင်းဝိုင်းမှာကျွန်တော်ကြိုက်တဲ့ငါးဘတ်ခေါင်းကိုကြက်ပေါင်သီးနဲ့ချက်ထားတာတွေ့လိုက်ရတယ်။ငပိရည်တို့စရာတွေကလည်းစုံနေတာပဲ။

ကိုကျော်မင်းကကျွန်တော့်ပန်းကန်ထဲကိုငါးဘတ်ခေါင်းကြီးတစ်ခေါင်းလုံးခတ်ထည့်ပေးလိုက်တယ်။

ကျွန်တော်ကတစ်ဝက်ဖဲ့ပြီးသူ့ပန်းကန်ထဲပြန်ထည့်ပေးလိုက်ရောကိုကျော်မင်းထမင်းဝိုင်းကနေထပြေးပြီးအိမ်ခန်းထဲဝင်သွားတော့တယ်။

အိမ်ခန်းထဲမှာဟီး ဟီး..ဆိုတဲ့ငိုသံကြီးကြားလိုက်ရတော့ကျွန်တော်တောင်မျက်ရည်ဝဲတယ်။တအောင့်နေတော့ပြန်ထွက်လာပြီး“ဆရာကြီးရယ်ကျေးဇူးတင်ပါတယ်။

ကျွန်တော့်ကိုသုဘရာဇာဆိုပြီးတစ်ရွာလုံးကအဖက်လုပ်ကြတာမဟုတ်ဘူး” လို့ပုဆိုးနဲ့မျက်ရည်တွေသုတ်ပြီးပြောတယ်။ကျွန်တော်သူ့ကိုတရားဟောမနေတော့ဘူး။

ထမင်းကိုဆာဆာနဲ့အားရပါးရစားပြလိုက်တယ်။သူတို့မိသားစုလည်းဝမ်းသာလွန်းလို့ပီတိဖြစ်နေတာကိုကျွန်တော်မျက်ရည်မကျမိအောင်မနည်းထိန်းရင်းကစားနေရတယ်ဆိုတာကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။

အဲဒီနေ့က,စပြီးဖြူမအချိုးပြောင်းလာတယ်။ခိုင်းရင်လုပ်တယ်။အရမ်းကြိုးစားတယ်။အဲဒီကလေးအတွက်စိတ်ပူနေရာကနောက်ဆုံးစတုတ္ထတန်းအောင်စာရင်းထွက်လာတော့ကျွန်တော့်ကလေး၂၄ယောက်စလုံးအောင်တယ်။

ဒီရွာသမိုင်းမှာတန်းလုံးကျွတ်အောင်တဲ့ပထမဆုံးအောင်ပွဲပဲ။ကျွန်တော့်အောင်ပွဲကဒီမှာတင်မရပ်ဘူး။ကျောင်းအိုကျောင်းဟောင်းလေးကိုပြင်ဆောက်ဖို့ရွာထဲလိုက်အလှူခံတော့ဆေးလိပ်ခုံတစ်ခုကိုရောက်သွားတယ်။

ဆေးလိပ်ခုံသူဌေးကကျွန်တော့်ကိုကြည့်ပြီး“သချိုုင်းထဲထမင်းသွားစားတဲ့ဆရာလား” လို့မေးလိုက်တယ်။

သူကကျွန်တော့်ကိုအိမ်ထဲခေါ်သွားပြီး“ဆရာ့စိတ်ဓာတ်ကိုလေးစားတယ်ဗျာ။ကျွန်တော်လည်းအဲဒီလိုဘဝကသူဌေးဖြစ်လာတာ။ကိုင်းအလှူလိုက်ခံမနေနဲ့။

ဆရာ့ကျောင်းကိုကျွန်တော်ပြန်ဆောက်ပေးမယ်။ဒီနှစ်တန်းလုံးကျွတ်အောင်တယ်ဆိုကတည်းကဘာလုပ်ပေးရင်ကောင်းမလဲစဉ်းစားနေတာ” လို့ပြောလိုက်တယ်။

ကျွန်တော်ဒီကျောင်းနဲ့ပတ်သက်ပြီးဒုတိယတစ်ကြိမ်မျက်ရည်လည်ခဲ့ရတယ်။ခုတော့ကျွန်တော်မရှိတော့ပေမယ့်ကျောင်းလေးကတိုက်ကျောင်း၊ကွန်ကရစ်လမ်းတွေနဲ့စည်ကားနေပြီလို့ကြားတယ်။

ဖြူမတစ်ယောက်လည်းဘာတွေဖြစ်နေပြီလဲလို့သိချင်လှတယ်။

မူရင်းရေးသားသူ ကို လေးစားစွာ Credit ပေးပါတယ်

Zawgyi

ေက်ာင္းဆရာ တစ္ဦးရဲ႕သခ်ႋဳင္းကုန္းထဲမွာ ထမင္းစားခဲ့ရတဲ့အျဖစ္ (ျဖစ္ရပ္မွန္) …

ကြၽန္ေတာ္ေတာေက်ာင္းကေနၿမိဳ႕ေက်ာင္းကိုေျပာင္းလာေပမယ့္ၿမိဳ႕ေပၚေက်ာင္းမွာေနရတာမဟုတ္ဘူး။ၿမိဳ႕နဲ႔မနီးမေဝးမူလတန္းေက်ာင္းေလးကိုေရာက္လာတယ္။

ေလးတန္းအတန္းပိုင္တာဝန္ယူရတယ္။ေက်ာင္းကယိုင္တိုင္တိုင္စုတ္ခ်ာခ်ာ။မိုး႐ြာေလတိုက္ရင္မိုးလြတ္တဲ့ေနရာခိုေနၾကရတယ္။

ကြၽန္ေတာ့္ေလးတန္းမွာေက်ာင္းသား၂၄ေယာက္ရွိတယ္။အဲဒီေခတ္ကအုပ္စုလိုက္စစ္ဆိုေတာ့အစိုးရစစ္လိုပဲ။တစ္ေက်ာင္းနဲ႔တစ္ေက်ာင္းၿပိဳင္ေနၾကတာဆိုေတာ့

တန္းလုံးကြၽတ္ေအာင္တာကိုဂုဏ္ရွိတယ္ထင္ေနၾကတာ။ကြၽန္ေတာ့္ေက်ာင္းအုပ္ႀကီးကေတာ့တဝက္ေအာင္ရင္ေတာ္ၿပီဆိုၿပီးေနတာ။

အတန္းထဲကကေလးေတြမဆိုးပါဘူး။အရည္အခ်င္းေလးေတြေတာ့အရွိသား။ေလ့က်င့္အားနည္းေနတယ္လို႔သုံးသပ္တယ္။အရင္ကေက်ာင္းအုပ္ဆရာႀကီးကတာဝန္ယူထားတာကိုး။

သူလည္းတခါတရံသူ႔ကိုယ္ေရးကိုယ္တာရွိေလေတာ့အေၾကာင္းျပၿပီးေက်ာင္းလာတစ္ခ်က္၊မလာတစ္ခ်က္ဆိုေတာ့ကေလးေတြပညာငတ္ေနၾကတာေပါ့။

ကြၽန္ေတာ္အတန္းပိုင္ျဖစ္ေတာ့ကေလးေတြတစ္ဦးခ်င္းကိုေလ့လာရတယ္။အားလုံးအေနအထားေကာင္းတယ္။တန္းလုံးကြၽတ္ေအာင္ႏိုင္တဲ့အေနအထားမွာရွိတယ္။

ကြၽန္ေတာ္ကလည္းတာဝန္ယူခဲ့တဲ့ေက်ာင္းတိုင္းမွာတန္းလုံးကြၽတ္ေအာင္တာကိုမွဂုဏ္ယူတတ္တာဆိုေတာ့ေမာင္းရေတာ့တာေပါ့။

အတန္းထဲမွာျဖဴမဆိုတဲ့ေကာင္မေလးတစ္ေယာက္ရွိတယ္။ျဖဴျဖဴေသးေသးေလး။စာအေတာ္ေလးညံ့တယ္။လက္ေရးညံ့တယ္။ေသေသခ်ာခ်ာေလ့လာၾကည့္ေတာ့ျဖဴမကဉာဏ္ေကာင္းတယ္။

ဒါေပမဲ့သူ႔ကိုအတန္းထဲကအတန္းေဖာ္ေတြကသိပ္အေရာမဝင္ေတာ့ဂ်စ္တစ္တစ္၊ညစ္တစ္တစ္လုပ္ခ်င္ေနတာ။ကြၽန္ေတာ္ကသူ႔ကိုလက္ေရးက,စျပင္ေတာ့ကြၽန္ေတာ့္ကိုနည္းနည္းအသိအမွတ္ျပဳစျဖစ္လာတယ္။

တစ္ေန႔ေတာ့႐ြာထဲမွာမဟာဒုတ္ပြဲဆိုၿပီးအလႉေတြခံၾက၊ပြဲေတြခံၾက၊အႀကီးအက်ယ္လုပ္တယ္။

ကြၽန္ေတာ္ကေလးေတြရဲ႕ေလ့က်င့္ခန္းစာအုပ္တစ္ထပ္ႀကီးနဲ႔အလုပ္ရႈပ္ေနခ်ိန္မွာျဖဴမကမရဲတရဲကြၽန္ေတာ့္နားကပ္လာၿပီး“ဆရာ… သမီးတို႔အိမ္ကမဟာဒုတ္ဘုရားမဲေပါက္တယ္။

အေဖကဆရာ့ကိုအိမ္မွာထမင္းလာစားပါလို႔ဖိတ္ခိုင္းလိုက္လို႔”

ကြၽန္ေတာ္ကလည္းသာမန္ေလာက္ပဲထင္ၿပီး“ေအး… ေအး” လို႔ေျပာလိုက္ေတာ့သူကထပ္ၿပီးေသခ်ာေအာင္“တကယ္လာမွာလားဆရာ… အေဖ့ကိုျပန္ေျပာလိုက္မယ္”

ကြၽန္ေတာ္ကလည္းသာမန္ေလာက္သေဘာထားၿပီးေခါင္းၿငိမ့္ျပလိုက္တယ္။

ညေနေက်ာင္းဆင္းေတာ့ကေလးေတြအားလုံးမရွိခ်ိန္မွာဆရာမတစ္ေယာက္ကကြၽန္ေတာ့္ဆီလာၿပီး“ဆရာျဖဴမတို႔အလႉကိုဆရာတကယ္သြားမွာလား” လို႔လာေမးတယ္။

“သြားမွာေပါ့ဆရာမရဲ႕၊ဘာျဖစ္လို႔လဲ” “ျဖဴမတို႔ကသုင္းထဲမွာေနတာဆရာ။သူ႔အေဖကသုဘရာဇာ၊ဆရာသြားလို႔ျဖစ္ပါ့မလား” ကြၽန္ေတာ္ဘာျဖစ္လို႔ျဖဴမတစ္ေယာက္

သိမ္ငယ္စြာနဲ႔အတန္းထဲမွာျဖစ္ေနတယ္ဆိုတာသေဘာေပါက္လိုက္တယ္။ဘာျဖစ္ျဖစ္အဲဒီအလႉကိုကြၽန္ေတာ္သြားျဖစ္ေအာင္သြားဖို႔ဆုံးျဖတ္လိုက္တယ္။

ေနာက္တစ္ေန႔ေက်ာင္းကိုေစာေစာလာေတာ့ျဖဴမကေက်ာင္းေလွခါးကေနလာေစာင့္ေနတယ္။ကြၽန္ေတာ့္လြယ္အိတ္ေလးကိုလာေျပးယူၿပီး“ဆရာသမီးနဲ႔တစ္ခါတည္းလိုက္ခဲ့မွာလား” လို႔ေမးလိုက္တယ္။

ကြၽန္ေတာ္လည္းေခါင္းၿငိမ့္ျပလိုက္ၿပီးသူ႔ေနာက္ကလိုက္ခဲ့တယ္။သခ်ိဳင္းက႐ြာျပင္မွာ။ကြၽန္ေတာ္သခ်ိဳင္းထဲဝင္လိုက္ခ်ိန္မွာအုတ္ဂူၾကားေလးေတြကေနေျခာင္းၾကည့္ေနၾကတဲ့ကေလးအခ်ိဳ႕ကိုလည္းေတြ႕လိုက္ရတယ္။

သခ်ိဳင္းနဲ႔လွမ္းလွမ္းကကုန္းေလးေပၚမွာဝါးတဲေလးတစ္ခုရွိတယ္။သပ္ရပ္ၿပီးေျပာင္ေနတယ္။အခင္းေတြကဝါးခင္းေတြပဲ။ကြၽန္ေတာ္အိမ္ေပၚတက္ထိုင္လိုက္ခ်ိန္မွာျဖဴမရဲ႕အေဖကအခန္းထဲကထြက္လာၿပီးဘာေျပာရမွန္းမသိသလိုနဲ႔ေယာင္နနျဖစ္ေနတယ္။

သူက……”မထင္ပါဘူးဆရာႀကီးရယ္၊သမီးကေျပာလို႔သာ၊ဆရာႀကီးတကယ္လာမယ္လို႔ကြၽန္ေတာ္လုံးဝမထင္ထားပါဘူး” တဲ့။တုန္တုန္ရီရီနဲ႔ေျပာရွာတယ္။

ကြၽန္ေတာ္ကလည္း“ကိုေက်ာ္မင္းရယ္ခင္ဗ်ားအိမ္ကိုမဟာဒုတ္မဲေပါက္လို႔ဘုရားေတာင္ႂကြလာေသးတာပဲ။က်ဳပ္ကဘာလို႔မလာရမွာလဲ” လို႔ေျပာလိုက္တယ္။ထမင္းဝိုင္းျပင္ၿပီးေတာ့ကြၽန္ေတာ့ကိုတပည့္ျဖဴမကလာေခၚတယ္။

အိမ္ဦးခန္းမွာေနရာယူၿပီးစားဖို႔ျပင္ေတာ့ကြၽန္ေတာ္တစ္ေယာက္တည္း။ကြၽန္ေတာ္က”ကိုေက်ာ္မင္းလာေလဗ်ာ။ကြၽန္ေတာ္တစ္ေယာက္တည္း။ခင္ဗ်ားလည္းလာစားေလ” လို႔ေျပာလိုက္ေတာ့

ျဖဴမအေဖကအတင္းျငင္းတယ္။ေနာက္ဆုံးကြၽန္ေတာ္က“ကိုေက်ာ္မင္း… ခင္ဗ်ားမစားရင္ကြၽန္ေတာ္လည္းမစားဘူး” ဆိုမွဝင္ထိုင္တယ္။

ထမင္းဝိုင္းမွာကြၽန္ေတာ္ႀကိဳက္တဲ့ငါးဘတ္ေခါင္းကိုၾကက္ေပါင္သီးနဲ႔ခ်က္ထားတာေတြ႕လိုက္ရတယ္။ငပိရည္တို႔စရာေတြကလည္းစုံေနတာပဲ။

ကိုေက်ာ္မင္းကကြၽန္ေတာ့္ပန္းကန္ထဲကိုငါးဘတ္ေခါင္းႀကီးတစ္ေခါင္းလုံးခတ္ထည့္ေပးလိုက္တယ္။

ကြၽန္ေတာ္ကတစ္ဝက္ဖဲ့ၿပီးသူ႔ပန္းကန္ထဲျပန္ထည့္ေပးလိုက္ေရာကိုေက်ာ္မင္းထမင္းဝိုင္းကေနထေျပးၿပီးအိမ္ခန္းထဲဝင္သြားေတာ့တယ္။

အိမ္ခန္းထဲမွာဟီး ဟီး..ဆိုတဲ့ငိုသံႀကီးၾကားလိုက္ရေတာ့ကြၽန္ေတာ္ေတာင္မ်က္ရည္ဝဲတယ္။တေအာင့္ေနေတာ့ျပန္ထြက္လာၿပီး“ဆရာႀကီးရယ္ေက်းဇူးတင္ပါတယ္။

ကြၽန္ေတာ့္ကိုသုဘရာဇာဆိုၿပီးတစ္႐ြာလုံးကအဖက္လုပ္ၾကတာမဟုတ္ဘူး” လို႔ပုဆိုးနဲ႔မ်က္ရည္ေတြသုတ္ၿပီးေျပာတယ္။ကြၽန္ေတာ္သူ႔ကိုတရားေဟာမေနေတာ့ဘူး။

ထမင္းကိုဆာဆာနဲ႔အားရပါးရစားျပလိုက္တယ္။သူတို႔မိသားစုလည္းဝမ္းသာလြန္းလို႔ပီတိျဖစ္ေနတာကိုကြၽန္ေတာ္မ်က္ရည္မက်မိေအာင္မနည္းထိန္းရင္းကစားေနရတယ္ဆိုတာကိုယ့္ကိုယ္ကိုယ္ပဲသိတယ္။

အဲဒီေန႔က,စၿပီးျဖဴမအခ်ိဳးေျပာင္းလာတယ္။ခိုင္းရင္လုပ္တယ္။အရမ္းႀကိဳးစားတယ္။အဲဒီကေလးအတြက္စိတ္ပူေနရာကေနာက္ဆုံးစတုတၳတန္းေအာင္စာရင္းထြက္လာေတာ့ကြၽန္ေတာ့္ကေလး၂၄ေယာက္စလုံးေအာင္တယ္။

ဒီ႐ြာသမိုင္းမွာတန္းလုံးကြၽတ္ေအာင္တဲ့ပထမဆုံးေအာင္ပြဲပဲ။ကြၽန္ေတာ့္ေအာင္ပြဲကဒီမွာတင္မရပ္ဘူး။ေက်ာင္းအိုေက်ာင္းေဟာင္းေလးကိုျပင္ေဆာက္ဖို႔႐ြာထဲလိုက္အလႉခံေတာ့ေဆးလိပ္ခုံတစ္ခုကိုေရာက္သြားတယ္။

ေဆးလိပ္ခုံသူေဌးကကြၽန္ေတာ့္ကိုၾကည့္ၿပီး“သခ်ိဳုင္းထဲထမင္းသြားစားတဲ့ဆရာလား” လို႔ေမးလိုက္တယ္။

သူကကြၽန္ေတာ့္ကိုအိမ္ထဲေခၚသြားၿပီး“ဆရာ့စိတ္ဓာတ္ကိုေလးစားတယ္ဗ်ာ။ကြၽန္ေတာ္လည္းအဲဒီလိုဘဝကသူေဌးျဖစ္လာတာ။ကိုင္းအလႉလိုက္ခံမေနနဲ႔။

ဆရာ့ေက်ာင္းကိုကြၽန္ေတာ္ျပန္ေဆာက္ေပးမယ္။ဒီႏွစ္တန္းလုံးကြၽတ္ေအာင္တယ္ဆိုကတည္းကဘာလုပ္ေပးရင္ေကာင္းမလဲစဥ္းစားေနတာ” လို႔ေျပာလိုက္တယ္။

ကြၽန္ေတာ္ဒီေက်ာင္းနဲ႔ပတ္သက္ၿပီးဒုတိယတစ္ႀကိမ္မ်က္ရည္လည္ခဲ့ရတယ္။ခုေတာ့ကြၽန္ေတာ္မရွိေတာ့ေပမယ့္ေက်ာင္းေလးကတိုက္ေက်ာင္း၊ကြန္ကရစ္လမ္းေတြနဲ႔စည္ကားေနၿပီလို႔ၾကားတယ္။

ျဖဴမတစ္ေယာက္လည္းဘာေတြျဖစ္ေနၿပီလဲလို႔သိခ်င္လွတယ္။

မူရင္းေရးသားသူ ကို ေလးစားစြာ Credit ေပးပါတယ္

Leave a Reply

Your email address will not be published. Required fields are marked *