စင္ကာပူဟာကိုဗစ္အေမွာင္ထဲမွေအာင္ျမင္စြာ႐ုန္းထြက္ႏိုင္ခဲ့ပါၿပီ

ေအာက္တိုဘာ ၁၇ ရက္ေန႔အထိ စင္ကာပူအေျခအေနကေအာက္ပါအတိုင္းျဖစ္ပါတယ္။

ေဆး႐ုံမွာ ကိုဗစ္လူနာ ၃၇ ေယာက္ပဲက်န္ေတာ့တယ္။ အထူးၾကပ္မတ္ကုသေဆာင္ ICU ထဲမွာ တစ္ေယာက္မွမက်န္ေတာ့ဘူး။

ကူးစက္ခဲ့သူရဲ႕ ၉၉ % ဟာ ေဆး႐ုံကဆင္းသြားပါၿပီ။ Community care unit မွာ ေဆး႐ုံတက္စရာမလိုတဲ့သူ ၄၁ ေယာက္ပဲ က်န္ပါေတာ့တယ္။

စုစုေပါင္း ၅၇၀၀၀ ေက်ာ္ကူးစက္ခဲ့ရာမွာ ၂၈ ေယာက္ပဲ ကိုဗစ္နဲ႔ေသဆုံးခဲ့ပါတယ္။

တစ္ခ်ိဳ႕ျပည္ပမွ လူတတ္ႀကီးေတြက အေရွ႕ေတာင္အာရွႏိုင္ငံေတြက ေဒတာေတြလိမ္ၾကတယ္။

ျမန္မာျပည္လည္းလူနာအေရအတြက္လိမ္သင့္တယ္လို႔ ေျပာၾကပါတယ္။ ❌

စင္ကာပူဟာအေျခအေနကိုမလိမ္ခဲ့ပါ။ လူထုကိုလိမ္လည္ၿပီး ဖုံးကြယ္တာထက္ လူထုကတကယ္ဘာျဖစ္ေနတယ္ဆိုတာကိုသိၿပီး

လူထုရဲ႕ပူးေပါင္းပါဝင္မႈကိုရယူတာကအေကာင္းဆုံးပါ။

စင္ကာပူရဲ႕အေမွာင္ဖုံးခဲ့တဲ့အေျခအေနကို ျပန္ၾကည့္မယ္ဆိုရင္ ….

ဇန္နဝါရီလမွာ ကိုဗစ္စျဖစ္တာနဲ႔ စင္ကာပူအေနနဲ႔ မေသခ်ာမေရရာမႈမ်ားစြာနဲ႔ႀကဳံေတြ႕ခဲ့ရပါတယ္။

အဲ့ဒီအခ်ိန္မွာ ေရာဂါအေၾကာင္းဘာမွမသိသေလာက္အေျခအေနမွာ ကမာၻမွာလူထုထဲျပန႔္နံ႔သြားမႈ community spread ပထမဦးဆုံးျဖစ္ခဲ့တဲ့ႏိုင္ငံေတြထဲမွာ ပါခဲ့ပါတယ္။

community spread ကိုအေသအခ်ာထိန္းႏိုင္ကာစမွာပဲ မထင္မွတ္ပဲ လုပ္သားအေဆာင္ေတြမွာ

ကိုဗစ္ကူးစက္ျပန႔္ပြားမႈအႀကီးအက်ယ္ေတြ႕ရွိခဲ့ရာက လူနာအေရအတြက္ အႀကီးအက်ယ္ထိုးတက္သြားခဲ့ပါတယ္။

အဲ့ဒီအေျခအေနကေန အထက္မွာတင္ျပခဲ့သလို ၉၉ % ေဆး႐ုံဆင္းတဲ့အထိေအာင္ျမင္လာခဲ့တာပါ။

လုပ္သားေဆာင္ေတြမွာ ၆ လအၾကာအႀကီးအက်ယ္ကိုဗစ္စစ္ဆင္ေရးလုပ္အၿပီးမွာ zero case ျဖစ္ေအာင္လုပ္ႏိုင္ခဲ့ပါတယ္။

အခုလိုေအာင္ျမင္ေအာင္ ေဆး႐ုံဘက္မွာဘယ္လိုတိုက္ပြဲဝင္ခဲ့ရသလဲဆိုတာကို National Centre for Infectious Diseases (NCID) ရဲ႕ consultant ဆရာဝန္သုံးေယာက္က ရွင္းျပထားပါတယ္။

Dr Ray Lin Junhao, 37 ႏွစ္ဟာ ကူးစက္ေရာဂါေဆး႐ုံႀကီး Tan Tock Seng Hospital မွ consultant ျဖစ္ပါတယ္။

သူဟာ ကိုဗစ္နဲ႔ေသလုေျမာပါးျဖစ္ေနတဲ့ လူနာေတြကို အနီးကပ္ကုသေပးရတဲ့သမားေတာ္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။

clinical trials ေတြရဲ႕ co-investigator လည္းျဖစ္ၿပီး therapeutics for disease evaluation မွာပါဝင္ခဲ့သူပါ။

သင့္ေတာ္မယ့္ကုထုံးေတြကို ေဖာ္ထုတ္ခဲ့သူတစ္ေယာက္ပါ။

တကယ္ေတာ့ဆရာဝန္ေတြကမေတာ္လို႔မဟုတ္ပါ။

ကိုဗစ္ဟာေရာဂါအသစ္ျဖစ္တဲ့အတြက္ စစျခင္းလမ္းေပ်ာက္ၿပီး ဘယ္လိုကုသရမွန္းမသိၾကတာပါ။

စစျခင္းမွာ အင္တာနက္နဲ႔ဆိုရွယ္မီဒီယာကေန ရႏိုင္သမွ်သတင္းေတြကိုစုရပါတယ္။

သတင္းတုေတြရွိသလို သတင္းအမွန္ကိုျဖန႔္ေဝေပးေနတဲ့သူေတြလည္းရွိပါတယ္။

အဲ့ဒီသတင္းအခ်က္အလက္ေတြဟာ လက္ရွိကိုဗစ္ကုသေရးနည္းလမ္းေတြအေပၚမွာ လႊမ္းမိုးမႈရွိခဲ့ပါတယ္။

စစျခင္းမွာ hydroxychloroquine လိုေဆးကို စမ္းသပ္ေပးၾကည့္ရမွာ မေအာင္ျမင္ခဲ့ပါ။

convalescent plasma programme ကို အေကာင္အထည္ေဖာ္ရာမွာ ပါဝင္ခဲ့တု႔

Dr Mucheli Sharavan Sadasiv, 37 ႏွစ္ကလည္း စစျခင္းမွာ တကယ့္ကို helpless အကူအညီမဲ့ေနသလို ခံစားရပါတယ္တဲ့။

အဲ့လို လူေရာစိတ္ပါ physically and mentally ခံစားရတာဟာ ပုံမွန္ခံစားမႈပါပဲတဲ့။

တျဖည္းျဖည္းနဲ႔ ဘယ္လို treat လုပ္ရင္ပိုေကာင္းမလဲသိလာတယ္။

ဥပမာ – လူနာကို ventilator တင္ထားခ်ိန္မွာ ပက္လက္လွန္မေနခိုင္းပဲ ေမွာက္ေနခိုင္းတာက

လူနာအသက္ရွင္ေစဖို႔အေကာင္းဆုံးနည္းလမ္းတစ္ခုဆိုတာ သိလာရပါတယ္တဲ့။

လူနာဟာ ဘယ္ေလာက္ပဲ အသက္ကူရႈစက္နဲ႔ကူေနေပမယ့္ လိုအပ္တဲ့ေအာက္ဆီဂ်င္ပမာဏကိုမရႏိုင္ခဲ့ပါဘူး။

အခုလိုလူနာကိုေမွာက္ေနခိုင္းလိုက္တာနဲ႔ အသက္ရႈရလြယ္လာၿပီးေအာက္ဆီဂ်င္ကိုပိုမိုစုပ္ယူႏိုင္လာပါတယ္။

ကုသေဆးမေပၚခင္မွာ လူနာအတြက္ နလန္ထဖို႔အခ်ိန္ပိုရလာပါတယ္တဲ့။

ေနာက္တစ္ခုက ႀကိဳတင္ခန႔္မွန္းႏိုင္မႈပါ။

Dr Lee Tau Hong, 39 ႏွစ္ဟာ College of Physicians Singapore ရဲ႕ vice-chair တစ္ေယာက္ပါ။

က်ေနာ့္အေနနဲ႔အခုအခ်ိန္မွာ လူနာေတြကိုကုသရာမွာပိုမိုယုံၾကည္မႈရွိလာပါတယ္တဲ့။

NCID ရဲ႕ clinical director Dr Shawn Vasoo တို႔အဖြဲ႕ခ်ေပးတဲ့ treatment guidelines နဲ႔ သူ႔ရဲ႕ knowledge ေပါင္းၿပီး

clinical workflows ေတြဆြဲေပးခဲ့တယ္။

ဆရာဝန္ေတြကအဲ့ဒါကိုၾကည့္ၿပီး ဘယ္လူနာကဘယ္ေလာက္အေျခအေနဆိုးႏိုင္တယ္။

ဘာလုပ္ေပးရမယ္ဆိုတာကို သိသြားပါတယ္။

(အခုမွသတိရတယ္ က်ေနာ္လည္း လူနာကိုေသြးစစ္ၿပီး ကိုဗစ္ေရာဂါအေျခအေနခန႔္မွန္းတဲ့သတင္းမေရးရေသးပါ။ ေရးေပးပါမယ္။)

Dr Lee ေျပာတာက Remdesivir နဲ႔ dexamethasone က ထိေရာက္မႈရွိေၾကာင္းေတြ႕ရွိခဲ့ပါတယ္တဲ့။

NCID ဟာ Gilead နဲ႔ေရာ အေမရိကန္ NIH နဲ႔ေရာ clinical trials စမ္းသပ္မႈမွာ ပူးေပါင္းလုပ္ေဆာင္ခဲ့ပါတယ္တဲ့။

Dr Lee ရဲ႕အဆိုအရ သူတို႔သုံးၾကည့္ရာမွာ Remdesivir ဟာ anti-viral agent ျဖစ္တဲ့အတြက္ ဗိုင္းရပ္စ္ကို

ဒါ႐ိုက္အက်ိဳးသက္ေရာက္မႈရွိေစတဲ့အတြက္ ကိုဗစ္ေၾကာင့္ေရာဂါအေျခအေနဆိုးဝါးမႈကို ေလ်ာ့က်ေစတယ္လို႔ဆိုပါတယ္။

Dr Lin ကလည္း Remdesivir သုံးၾကည့္ရာမွာ ICU ထဲမွာလူနာေနရတဲ့အခ်ိန္ေလ်ာ့က်သြားတာကို သူတို႔ေလ့လာေတြ႕ရွိရပါတယ္တဲ့။

dexamethasone ဟာ ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ကိုယ္အဂၤါေရာင္ရမ္းမႈကိုေလ်ာ့က်ေစတဲ့အတြက္ ေရာဂါျပင္းထန္တဲ့လူနာေတြမွာ သူတို႔သုံးေနပါတယ္။ ေရာဂါလကၡဏာမျပင္းထန္တဲ့သူေတြမွာ မသုံးသင့္ပါ။

Associate Professor David Lye ကအေမရိကန္သမၼတ ထရမ့္သုံးတဲ့ Regeneron ကေဆးနဲ႔ပတ္သက္ၿပီး ေျပာရာမွာ

Regeneron က NCID နဲ႔ပူးေပါင္းလုပ္ေဆာင္ဖို႔ request လုပ္ခဲ့ပါတယ္တဲ့။

NCID ကို ကိုဗစ္ကျပန္ေကာင္းလာတဲ့လူနာအေယာက္ ၂၀ စုေဆာင္းေပးဖို႔အကူအညီေတာင္းခဲ့ေပမယ့္

လူနာ ၅ ေယာက္ဆီက ေသြးရည္ၾကည္နမူနာရတဲ့အခါမွာ Regeneron က လုံေလာက္ၿပီလို႔ဆိုခဲ့ပါတယ္။

Regeneron ဟာ အဲ့ဒီ ၅ ေယာက္ထဲက ၃ ေယာက္ဆီကနမူနာကိုယူၿပီး Regeneron ရဲ႕နည္းပညာနဲ႔

monoclonal antibodies ကို ထုတ္လုပ္ခဲ့ပါတယ္။

အဲ့ဒီကေနအေျခခံၿပီးဓာတ္ခြဲခန္းမွာ အေျမာက္အမ်ားထုတ္ယူလို႔ရတယ္။

NCID အေနနဲ႔ interferon beta-based treatments ေတြရယ္

convalescent plasma ကုထုံးေတြရယ္ကို လုံေလာက္တဲ့ ေဒတာအခ်က္အလက္ေတြရေအာင္ စုေဆာင္းေနပါတယ္။

သူတို႔အေနနဲ႔ ေရာဂါကုထုံးေတြနဲ႔ပတ္သက္ၿပီး အေျဖအေတာ္မ်ားမ်ားေတြ႕ထားေပမယ့္

အေရးႀကီးတဲ့စမ္းသပ္မႈရလဒ္ေတြကို ေစာင့္စားေနေသးပါတယ္တဲ့။

Planning, Planning, Planning

စင္ကာပူရဲ႕ လူအေသအေပ်ာက္နည္းရတဲ့ေအာင္ျမင္မႈဟာ #ႀကိဳတင္ျပင္ဆင္မႈအားေကာင္းျခင္းေၾကာင့္ျဖစ္ပါတယ္။

ကိုဗစ္ျဖစ္တဲ့လူနာေတြကို ေဆးကုသမႈေစာႏိုင္သမွ်ေစာေစာရေအာင္ ႀကိဳတင္စီမံထားပါတယ္။

ျဖစ္မွထလုပ္တာမလုပ္ပဲ လူနာ ၁၀၀၀၀ သာေတြ႕ရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ပါတယ္။

အဲ့ဒီအတြက္ေၾကာင့္ community spread ျဖစ္လာၿပီး ကူးစက္မႈျမင့္တက္လာေပမယ့္

ကိုတင္ Plan ေကာင္းေကာင္းခ်ထားတာေၾကာင့္ ေဆး႐ုံေတြမွာလူနာေတြျပည့္က်ပ္ေနတာမ်ိဳးမျဖစ္ခဲ့ပါဘူး။

အျခားႏိုင္ငံအေတာ္မ်ားမ်ားမွာ ကိုဗစ္ေၾကာင့္လူေသရတာမ်ားျပားတဲ့အခ်က္ေတြထဲမွာ …

ႀကိဳတင္ျပင္ဆင္မႈအားနည္းတာ၊

ေဆး႐ုံေတြကမျပည့္စုံတာ၊ ေလ့က်င့္မႈအားနည္းတာ၊ သန႔္ရွင္းမႈအားနည္းတာ၊

အသက္ႀကီးသူ၊ ဆီးခ်ိဳေသြးတိုးႏွလုံး၊ကင္ဆာစတဲ့နာတာရွည္ေရာဂါရွိသူေတြကို ကူးစက္သြားမႈေတြေၾကာင့္လည္းပါပါတယ္။

ျပည္သူလူထုၾကားထိထိေရာက္ေရာက္ပညာေပးႏိုင္တာကေန ျပည္သူလူထုၾကားမွာ ကူးစက္မႈထိန္းမႏိုင္ေအာင္မျဖစ္ခဲ့ပါ။

ေရာဂါကူးစက္မႈက က်န္းမာတဲ့လူငယ္ေတြမ်ားတဲ့ လုပ္သားေဆာင္ေတြမွာပဲ အျဖစ္မ်ားခဲ့ပါတယ္။

အခုဆိုရင္ စင္ကာပူမွာျပည္သူေတြဟာ အရင္လိုနီးပါးျပန္လည္သြားလာေနၾကၿပီျဖစ္ပါတယ္။

Dr Lin ဆက္ေျပာခဲ့တာက စင္ကာပူရဲ႕ေအာင္ျမင္မႈဟာ လက္ျမန္မႈ speed နဲ႔

မႀကဳံစဖူးပူးေပါင္းခ်ိတ္ဆက္ေဆာင္႐ြက္ၾကျခင္းေၾကာင့္ျဖစ္ပါတယ္တဲ့။

ေဒတာေတြ၊ အခ်က္အလက္ေတြ၊ guidelines ေတြကို ေျမျပင္ကဆရာဝန္ေတြအထိေရာက္ေအာင္

အခ်ိတ္အဆက္မိမိ က်န္းမာေရးဝန္ႀကီးဌာန Health Ministry နဲ႔ NCID ကေန ျဖန႔္ခ်ီေပးပါတယ္တဲ့။

ကိုဗစ္ကေပးတဲ့သင္ခန္းစာမ်ား

ကိုဗစ္ဟာ သူတို႔ကို မေသခ်ာမေရရာမႈေတြကို လကခံဖို႔နဲ႔ ကိုယ့္ရဲ႕ limitations ေတြကိုသိနားလည္ေအာင္ သင္ေပးခဲ့ပါတယ္တဲ့။

မသိေသးတဲ့အခ်က္အလက္ေတြအမ်ားႀကီးေနာက္ကို အမီလိုက္ရတဲ့စိန္ေခၚမႈေတြရယ္၊ workflows ေတြ processes ေတြကို အမ်ားႀကီးေျပာင္းလဲခဲ့ရတယ္တဲ့။

က်ေနာ္တို႔ဟာ ေက်းဇူးတရားေတြကိုပိုနားလည္ဖို႔ သင္ၾကားေပးခဲ့ပါတယ္တဲ့ခင္ဗ်ား။

(Unicode)

စင်ကာပူဟာကိုဗစ်အမှောင်ထဲမှအောင်မြင်စွာရုန်းထွက်နိုင်ခဲ့ပါပြီ။

အောက်တိုဘာ ၁၇ ရက်နေ့အထိ စင်ကာပူအခြေအနေကအောက်ပါအတိုင်းဖြစ်ပါတယ်။

ဆေးရုံမှာ ကိုဗစ်လူနာ ၃၇ ယောက်ပဲကျန်တော့တယ်။ အထူးကြပ်မတ်ကုသဆောင် ICU ထဲမှာ တစ်ယောက်မှမကျန်တော့ဘူး။

ကူးစက်ခဲ့သူရဲ့ ၉၉ % ဟာ ဆေးရုံကဆင်းသွားပါပြီ။ Community care unit မှာ ဆေးရုံတက်စရာမလိုတဲ့သူ ၄၁ ယောက်ပဲ ကျန်ပါတော့တယ်။

စုစုပေါင်း ၅၇၀၀၀ ကျော်ကူးစက်ခဲ့ရာမှာ ၂၈ ယောက်ပဲ ကိုဗစ်နဲ့သေဆုံးခဲ့ပါတယ်။

တစ်ချို့ပြည်ပမှ လူတတ်ကြီးတွေက အရှေ့တောင်အာရှနိုင်ငံတွေက ဒေတာတွေလိမ်ကြတယ်။

မြန်မာပြည်လည်းလူနာအရေအတွက်လိမ်သင့်တယ်လို့ ပြောကြပါတယ်။ ❌

စင်ကာပူဟာအခြေအနေကိုမလိမ်ခဲ့ပါ။ လူထုကိုလိမ်လည်ပြီး ဖုံးကွယ်တာထက် လူထုကတကယ်ဘာဖြစ်နေတယ်ဆိုတာကိုသိပြီး

လူထုရဲ့ပူးပေါင်းပါဝင်မှုကိုရယူတာကအကောင်းဆုံးပါ။

စင်ကာပူရဲ့အမှောင်ဖုံးခဲ့တဲ့အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ….

ဇန်နဝါရီလမှာ ကိုဗစ်စဖြစ်တာနဲ့ စင်ကာပူအနေနဲ့ မသေချာမရေရာမှုများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ ရောဂါအကြောင်းဘာမှမသိသလောက်အခြေအနေမှာ ကမ္ဘာမှာလူထုထဲပြန့်နံ့သွားမှု community spread ပထမဦးဆုံးဖြစ်ခဲ့တဲ့နိုင်ငံတွေထဲမှာ ပါခဲ့ပါတယ်။

community spread ကိုအသေအချာထိန်းနိုင်ကာစမှာပဲ မထင်မှတ်ပဲ လုပ်သားအဆောင်တွေမှာ

ကိုဗစ်ကူးစက်ပြန့်ပွားမှုအကြီးအကျယ်တွေ့ရှိခဲ့ရာက လူနာအရေအတွက် အကြီးအကျယ်ထိုးတက်သွားခဲ့ပါတယ်။

အဲ့ဒီအခြေအနေကနေ အထက်မှာတင်ပြခဲ့သလို ၉၉ % ဆေးရုံဆင်းတဲ့အထိအောင်မြင်လာခဲ့တာပါ။

လုပ်သားဆောင်တွေမှာ ၆ လအကြာအကြီးအကျယ်ကိုဗစ်စစ်ဆင်ရေးလုပ်အပြီးမှာ zero case ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။

အခုလိုအောင်မြင်အောင် ဆေးရုံဘက်မှာဘယ်လိုတိုက်ပွဲဝင်ခဲ့ရသလဲဆိုတာကို National Centre for Infectious Diseases (NCID) ရဲ့ consultant ဆရာဝန်သုံးယောက်က ရှင်းပြထားပါတယ်။

Dr Ray Lin Junhao, 37 နှစ်ဟာ ကူးစက်ရောဂါဆေးရုံကြီး Tan Tock Seng Hospital မှ consultant ဖြစ်ပါတယ်။

သူဟာ ကိုဗစ်နဲ့သေလုမြောပါးဖြစ်နေတဲ့ လူနာတွေကို အနီးကပ်ကုသပေးရတဲ့သမားတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

clinical trials တွေရဲ့ co-investigator လည်းဖြစ်ပြီး therapeutics for disease evaluation မှာပါဝင်ခဲ့သူပါ။

သင့်တော်မယ့်ကုထုံးတွေကို ဖော်ထုတ်ခဲ့သူတစ်ယောက်ပါ။

တကယ်တော့ဆရာဝန်တွေကမတော်လို့မဟုတ်ပါ။

ကိုဗစ်ဟာရောဂါအသစ်ဖြစ်တဲ့အတွက် စစခြင်းလမ်းပျောက်ပြီး ဘယ်လိုကုသရမှန်းမသိကြတာပါ။

စစခြင်းမှာ အင်တာနက်နဲ့ဆိုရှယ်မီဒီယာကနေ ရနိုင်သမျှသတင်းတွေကိုစုရပါတယ်။

သတင်းတုတွေရှိသလို သတင်းအမှန်ကိုဖြန့်ဝေပေးနေတဲ့သူတွေလည်းရှိပါတယ်။

အဲ့ဒီသတင်းအချက်အလက်တွေဟာ လက်ရှိကိုဗစ်ကုသရေးနည်းလမ်းတွေအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။

စစခြင်းမှာ hydroxychloroquine လိုဆေးကို စမ်းသပ်ပေးကြည့်ရမှာ မအောင်မြင်ခဲ့ပါ။

convalescent plasma programme ကို အကောင်အထည်ဖော်ရာမှာ ပါဝင်ခဲ့တု့

Dr Mucheli Sharavan Sadasiv, 37 နှစ်ကလည်း စစခြင်းမှာ တကယ့်ကို helpless အကူအညီမဲ့နေသလို ခံစားရပါတယ်တဲ့။

အဲ့လို လူရောစိတ်ပါ physically and mentally ခံစားရတာဟာ ပုံမှန်ခံစားမှုပါပဲတဲ့။

တဖြည်းဖြည်းနဲ့ ဘယ်လို treat လုပ်ရင်ပိုကောင်းမလဲသိလာတယ်။

ဥပမာ – လူနာကို ventilator တင်ထားချိန်မှာ ပက်လက်လှန်မနေခိုင်းပဲ မှောက်နေခိုင်းတာက

လူနာအသက်ရှင်စေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ သိလာရပါတယ်တဲ့။

လူနာဟာ ဘယ်လောက်ပဲ အသက်ကူရှုစက်နဲ့ကူနေပေမယ့် လိုအပ်တဲ့အောက်ဆီဂျင်ပမာဏကိုမရနိုင်ခဲ့ပါဘူး။

အခုလိုလူနာကိုမှောက်နေခိုင်းလိုက်တာနဲ့ အသက်ရှုရလွယ်လာပြီးအောက်ဆီဂျင်ကိုပိုမိုစုပ်ယူနိုင်လာပါတယ်။

ကုသဆေးမပေါ်ခင်မှာ လူနာအတွက် နလန်ထဖို့အချိန်ပိုရလာပါတယ်တဲ့။

နောက်တစ်ခုက ကြိုတင်ခန့်မှန်းနိုင်မှုပါ။

Dr Lee Tau Hong, 39 နှစ်ဟာ College of Physicians Singapore ရဲ့ vice-chair တစ်ယောက်ပါ။

ကျနော့်အနေနဲ့အခုအချိန်မှာ လူနာတွေကိုကုသရာမှာပိုမိုယုံကြည်မှုရှိလာပါတယ်တဲ့။

NCID ရဲ့ clinical director Dr Shawn Vasoo တို့အဖွဲ့ချပေးတဲ့ treatment guidelines နဲ့ သူ့ရဲ့ knowledge ပေါင်းပြီး

clinical workflows တွေဆွဲပေးခဲ့တယ်။

ဆရာဝန်တွေကအဲ့ဒါကိုကြည့်ပြီး ဘယ်လူနာကဘယ်လောက်အခြေအနေဆိုးနိုင်တယ်။

ဘာလုပ်ပေးရမယ်ဆိုတာကို သိသွားပါတယ်။

(အခုမှသတိရတယ် ကျနော်လည်း လူနာကိုသွေးစစ်ပြီး ကိုဗစ်ရောဂါအခြေအနေခန့်မှန်းတဲ့သတင်းမရေးရသေးပါ။ ရေးပေးပါမယ်။)

Dr Lee ပြောတာက Remdesivir နဲ့ dexamethasone က ထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့ပါတယ်တဲ့။

NCID ဟာ Gilead နဲ့ရော အမေရိကန် NIH နဲ့ရော clinical trials စမ်းသပ်မှုမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်တဲ့။

Dr Lee ရဲ့အဆိုအရ သူတို့သုံးကြည့်ရာမှာ Remdesivir ဟာ anti-viral agent ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကို

ဒါရိုက်အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် ကိုဗစ်ကြောင့်ရောဂါအခြေအနေဆိုးဝါးမှုကို လျော့ကျစေတယ်လို့ဆိုပါတယ်။

Dr Lin ကလည်း Remdesivir သုံးကြည့်ရာမှာ ICU ထဲမှာလူနာနေရတဲ့အချိန်လျော့ကျသွားတာကို သူတို့လေ့လာတွေ့ရှိရပါတယ်တဲ့။

dexamethasone ဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကိုယ်အင်္ဂါရောင်ရမ်းမှုကိုလျော့ကျစေတဲ့အတွက် ရောဂါပြင်းထန်တဲ့လူနာတွေမှာ သူတို့သုံးနေပါတယ်။ ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေမှာ မသုံးသင့်ပါ။

Associate Professor David Lye ကအမေရိကန်သမ္မတ ထရမ့်သုံးတဲ့ Regeneron ကဆေးနဲ့ပတ်သက်ပြီး ပြောရာမှာ

Regeneron က NCID နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ request လုပ်ခဲ့ပါတယ်တဲ့။

NCID ကို ကိုဗစ်ကပြန်ကောင်းလာတဲ့လူနာအယောက် ၂၀ စုဆောင်းပေးဖို့အကူအညီတောင်းခဲ့ပေမယ့်

လူနာ ၅ ယောက်ဆီက သွေးရည်ကြည်နမူနာရတဲ့အခါမှာ Regeneron က လုံလောက်ပြီလို့ဆိုခဲ့ပါတယ်။

Regeneron ဟာ အဲ့ဒီ ၅ ယောက်ထဲက ၃ ယောက်ဆီကနမူနာကိုယူပြီး Regeneron ရဲ့နည်းပညာနဲ့

monoclonal antibodies ကို ထုတ်လုပ်ခဲ့ပါတယ်။

အဲ့ဒီကနေအခြေခံပြီးဓာတ်ခွဲခန်းမှာ အမြောက်အများထုတ်ယူလို့ရတယ်။

NCID အနေနဲ့ interferon beta-based treatments တွေရယ်

convalescent plasma ကုထုံးတွေရယ်ကို လုံလောက်တဲ့ ဒေတာအချက်အလက်တွေရအောင် စုဆောင်းနေပါတယ်။

သူတို့အနေနဲ့ ရောဂါကုထုံးတွေနဲ့ပတ်သက်ပြီး အဖြေအတော်များများတွေ့ထားပေမယ့်

အရေးကြီးတဲ့စမ်းသပ်မှုရလဒ်တွေကို စောင့်စားနေသေးပါတယ်တဲ့။

Planning, Planning, Planning

စင်ကာပူရဲ့ လူအသေအပျောက်နည်းရတဲ့အောင်မြင်မှုဟာ #ကြိုတင်ပြင်ဆင်မှုအားကောင်းခြင်းကြောင့်ဖြစ်ပါတယ်။

ကိုဗစ်ဖြစ်တဲ့လူနာတွေကို ဆေးကုသမှုစောနိုင်သမျှစောစောရအောင် ကြိုတင်စီမံထားပါတယ်။

ဖြစ်မှထလုပ်တာမလုပ်ပဲ လူနာ ၁၀၀၀၀ သာတွေ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် community spread ဖြစ်လာပြီး ကူးစက်မှုမြင့်တက်လာပေမယ့်

ကိုတင် Plan ကောင်းကောင်းချထားတာကြောင့် ဆေးရုံတွေမှာလူနာတွေပြည့်ကျပ်နေတာမျိုးမဖြစ်ခဲ့ပါဘူး။

အခြားနိုင်ငံအတော်များများမှာ ကိုဗစ်ကြောင့်လူသေရတာများပြားတဲ့အချက်တွေထဲမှာ …

ကြိုတင်ပြင်ဆင်မှုအားနည်းတာ၊

ဆေးရုံတွေကမပြည့်စုံတာ၊ လေ့ကျင့်မှုအားနည်းတာ၊ သန့်ရှင်းမှုအားနည်းတာ၊

အသက်ကြီးသူ၊ ဆီးချိုသွေးတိုးနှလုံး၊ကင်ဆာစတဲ့နာတာရှည်ရောဂါရှိသူတွေကို ကူးစက်သွားမှုတွေကြောင့်လည်းပါပါတယ်။

ပြည်သူလူထုကြားထိထိရောက်ရောက်ပညာပေးနိုင်တာကနေ ပြည်သူလူထုကြားမှာ ကူးစက်မှုထိန်းမနိုင်အောင်မဖြစ်ခဲ့ပါ။

ရောဂါကူးစက်မှုက ကျန်းမာတဲ့လူငယ်တွေများတဲ့ လုပ်သားဆောင်တွေမှာပဲ အဖြစ်များခဲ့ပါတယ်။

အခုဆိုရင် စင်ကာပူမှာပြည်သူတွေဟာ အရင်လိုနီးပါးပြန်လည်သွားလာနေကြပြီဖြစ်ပါတယ်။

Dr Lin ဆက်ပြောခဲ့တာက စင်ကာပူရဲ့အောင်မြင်မှုဟာ လက်မြန်မှု speed နဲ့

မကြုံစဖူးပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြခြင်းကြောင့်ဖြစ်ပါတယ်တဲ့။

ဒေတာတွေ၊ အချက်အလက်တွေ၊ guidelines တွေကို မြေပြင်ကဆရာဝန်တွေအထိရောက်အောင်

အချိတ်အဆက်မိမိ ကျန်းမာရေးဝန်ကြီးဌာန Health Ministry နဲ့ NCID ကနေ ဖြန့်ချီပေးပါတယ်တဲ့။

ကိုဗစ်ကပေးတဲ့သင်ခန်းစာများ

ကိုဗစ်ဟာ သူတို့ကို မသေချာမရေရာမှုတွေကို လကခံဖို့နဲ့ ကိုယ့်ရဲ့ limitations တွေကိုသိနားလည်အောင် သင်ပေးခဲ့ပါတယ်တဲ့။

မသိသေးတဲ့အချက်အလက်တွေအများကြီးနောက်ကို အမီလိုက်ရတဲ့စိန်ခေါ်မှုတွေရယ်၊ workflows တွေ processes တွေကို အများကြီးပြောင်းလဲခဲ့ရတယ်တဲ့။

ကျနော်တို့ဟာ ကျေးဇူးတရားတွေကိုပိုနားလည်ဖို့ သင်ကြားပေးခဲ့ပါတယ်တဲ့ခင်ဗျား။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *