ဖောင်ကြီး Covid စင်တာကစောင့်နေမယ် ဆိုပြီး လူစုလူဝေးနဲ့ မဲစွယ် တဲ့ သူတွေကို ဒဲ့ ပြောလာတဲ့ နန္ဒာလှိုင် ရဲ့ မောင်ဖြစ်သူ စိန်ဖြိုးလှိုင်








Unicode

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ စိန်ဖြိုးလှိုင် ကတော့ Hotel Quarantine ဝင်ရင်Covid 19 positive ဖြစ်ကြောင်း ဆေးစစ်ချက် အဖြေကြောင့် ဧရာဝတီ Quarantineစင်တာကို ပြောင်းရွေ့ကာ နေထိုင်ခဲ့ပြီးနောက်အခုဆိုရင်ရောဂါအရှင်းပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။

ရောဂါပျောက်ကင်းခဲ့ ပေမယ့် ဖောင်ကြီးကုသရေးစင်တာမှာ ဆရာဝန်အဖြစ် Volunteer လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

အန္တရာယ်ရှိတဲ့ အလုပ်ဖြစ်ပေမယ့် လည်း အများအကျိုးအတွက် လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တဲ့ မောင်ကတော့ ဒီကနေ့မှာ လူစုလူဝေးနဲ့ မဲဆွယ်တဲ့သူတွေ ကို အခု လိုပဲဒဲ့ ပြောလာပါတယ်။

“မဲဆွယ်ထွက်ကြတဲ့ ညီလေး ညီမလေးတို့ရေ! အစ်ကို ဖောင်ကြီးကစောင့်နေပါတယ်နော်.”ဆိုတဲ့စာလေးနဲ့ စည်းစနစ်တကျ မပြုမူတဲ့သူတွေကို ဒဲ့သတိပေး စကားလေးပြောခဲ့တာပါ။

အခုလိုချိန်မှာ လူစုလူဝေးရှောင်ရှားခြင်းဟာ ကျန်းမာရေးဝန်ထမ်းတွေကို အထောက်အကူပြုနည်းတစ်မျိုးပါပဲနော်။လူစုလူဝေးလုပ်တဲ့ ဘယ်ပါတီမဆို မလုပ်သင့် တဲ့ လုပ်ရပ်ကို လုပ်နေတာပါနော်ပရိတ်သတ်ကြီးရေ ။

ပရိတ်သတ်ကြီးလည်း လူစုလူဝေးနဲ့ ပါတီတွေအင်အားပြတဲ့ အပေါ်အမြင်လေးတွေကို မန့်ခဲ့ ကြပါဦးနော်။

ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။

ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *