နေ့ညမအိပ် လိုအပ်နေသူတွေကို လိုက်လံ ကူညီပေးနေတာကြောင့် အားနည်းကာ အကြောဆေးသွင်းရတဲ့ အထိ ဖြစ်ခဲ့တဲ့ ဒိန်းဒေါင်








Unicode

ပရိတ်သတ်ကြီးရေ ဒိန်းဒေါင်ကတော့ Covid ကာလမှာ အလှူတွေ လုပ်ပြီး ပရဟိတ အလုပ်တွေ ကို အားတတ်သရော် နဲ့နေ့မအား ညမနား လိုက်လံ လှူဒါန်းနေတာပါ။

ချွန်တွန်းပရဟိတ အဖွဲ့ကို လည်းတည်ထောင်ထားပြီဖြစ်တဲ့ ဒိန်းဒေါင် က နေ့စဉ်ရက်ဆက် ပရဟိတ အလုပ်တွေကိုလုပ်ကိုင်နေတာကြောင့်လည်း ကျန်းမာရေးထိခိုက်လာတဲ့ ဒိန်းဒေါင် က ယနေ့မှာတော့ အားနည်းကာအကြောဆေး သွင်းရတဲ့အထိ ဖြစ်ခဲ့ တာပါ။

အောက်ခြေဘဝတွေရဲ့ခက်ခဲမှုတွေဟာ မြင်ရသူတိုင်းအတွက်တော့ စိတ်မသက်သာစရာပါပဲ။ တကယ်လက်တွေ့သွားကူညီတဲ့ သူတွေအဖို့တော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ ထိုအကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အခုလိုမျှဝေခဲ့တာပါ။

ဆေးခန်းမှာအကြောဆေးသွင်းနေရတဲ့ပုံကို ”ဖြေးဖြေးအကူအညီတောင်းကြပါဗျ နေ့မအိပ် ညမအိပ်နဲ့ အကြောဆေးသွင်းရပြီဗျ ” ဆိုပြီး မျှဝေထားခဲ့တာပါ။

နေ့မအိပ်ညမအိပ် ကူညီ ပေးခဲ့တဲ့ ဦးဒိန်းဒေါင် တစ်ယောက်ကတော့ အလှုခံတဲ့သူတွေများပြားတာကြောင့် လိုက်လံ ကူညီပေးရင်း အကြောဆေးတောင် သွင်းရတဲ့ အထိဖြစ်ခဲ့တာပါ။

ပရဟိတ အလုပ်တွေ ကို ကိုယ်ကျိုးမငဲ့ ပဲ ဆောင်ရွက်ခဲ့တဲ့ ဦးဒိန်းဒေါင်တစ်ယောက် အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ရပါ တယ်နော်။

ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။ ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ ကိုပိုင်ဆိုင်နိုင်ကြပါစေ နော်။

Leave a Reply

Your email address will not be published. Required fields are marked *