အရမ္းၾကမ္းတဲ့ ကာ႐ိုက္တာေၾကာင့္ ေမာင္ျဖစ္သူ ေျပတီဦးကို သတိေပးလိုက္ရတဲ့ သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္

တစ္ေခတ္တစ္ခါက ႐ုပ္ရွင္ေလာကမွာ နာမည္ရ႐ုံသာမက

ျပကၡဒိန္ေၾကာ္ျငာေလာကမွာပါ ဘုရင္မ ျဖစ္ခဲ့တဲ့ မို႔မို႔ျမင့္ေအာင္ ကေတာ့

သူနဲ႔ အကယ္ဒမီ ေျပတီဦးတို႔ ေမာင္ႏွမ ေတာ္စပ္တဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့ပါတယ္။

မို႔မို႔ျမင့္ေအာင္ကေတာ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ကိုယ္တိုင္ ပ႐ိုဂ်ဴဆာအျဖစ္ ပါဝင္ထားတဲ့

ငရဲဆိုတာ ဂ်ိဳနဲ႔လားဆိုတဲ့ ဇာတ္ကားမွာ ေျပတီဦး ပါဝင္သ႐ုပ္ေဆာင္ထားမႈ အေပၚကို

“ေျပတီဦးလုပ္ႏိုင္တယ္ ဒီကာ႐ိုက္တာက သိပ္ေၾကာက္ဖို႔ေကာင္းတာ

အေမကိုေတာင္ ေဖနဲ႔ျပန္တုတ္ဆဲတာ

ဆိုးတဲ့ကာ႐ိုက္တာ ကာ႐ိုက္တာႀကီးကေၾကာက္ဖို႔ေကာင္းတယ္

မေအနဲ႔ စိတ္အၿပိဳင္ ျဖစ္ေနတာ အေမကလည္း သားနဲ႔ စိတ္ၿပိဳင္တာ သူကာ႐ိုက္တာ ေရာက္တယ္

သူ႔ကိုလည္း ေျပာထားတယ္ ေမာင္ေလး သတိေတာ့ထားေနာ္လို႔

ဒီကာ႐ိုက္တာႀကီးက ကူးစက္ တတ္တယ္လို႔ ကာ႐ိုက္တာကေန မထြက္သြားရင္ အိမ္ေတြမွာ ျပႆနာရွာတာတို႔

ေတာ္႐ုံ တန္႐ုံ ေမာ္ေတာ္ပီကယ့္ကို ျပႆနာရွာတာတို႔ ျဖစ္တတ္တယ္

ဒါေပမဲ့ သူကေတာ့ မျဖစ္ပါဘူး

လို႔ဆိုရင္း သူတို႔ ေမာင္ႏွမ ေတာ္စပ္ပုံကို ေျပာျပခဲ့တာပါ။

“ေျပတီဦးနဲ႔က အမ်ိဳးေတာ္တယ္ ၂ ဝမ္းကြဲေလာက္ ေတာ္တယ္

သူတို႔အဘြားနဲ႔ မမို႔အေဖက အမ်ိဳးေတြ အေဖဘက္က ေတာ္တာ

သူ႔အေဖက နယ္မွာ ေဆးလိုက္ထိုးေတာ့ အေနေဝးေနတာ သူ႔အေဒၚေတြနဲ႔မမို႔တို႔နဲ႔က တရင္းတႏွီးပဲ

ငယ္ငယ္တုန္းက ပြဲလိုက္ကရင္ ေျပတီဦးအေဒၚေတြပဲလိုက္ေပးတာ

မိတ္ကပ္လိုက္လိမ္းေပးတာ ေျပတီဦးတို႔ကသာ နယ္သြားေနေတာ့ ေဝးသြားတာ” လို႔ ဆိုပါတယ္။

ဒီဇာတ္ကားနဲ႔ပတ္သတ္ၿပီး ေျပတီဦးအႏုပညာမွတ္တိုင္ထူထားပုံကို”သူလုပ္ရဲတာကိုပဲ မမို႔ကခ်ီးက်ဴးေနၿပီ

ဒီကာ႐ိုက္တာကို လုပ္ရဲတဲ့သူမရွိဘူး ဘာလို႔လဲဆိုေတာ့ ဇာတ္ေကာင္စ႐ိုက္ေတြရဲ႕ငယ္ဘဝကအစသူေျပာရတာ

သူသင္ရတာ မမို႔ကလည္းအဲ့အခ်ိန္ကိုရီးယားကေန မ်က္ႏွာလုပ္ၿပီး ျပန္လာကာစဆိုေတာ့

ေယာင္ေနတဲ့ အျပင္ အေၾကာ မေလ်ာ့ရေသးေတာ့ သူ႔ကိုမကူညီေပးႏိုင္ဘူး

သူ႔ခမ်ာ ဂ်ိဳလားဆိုတဲ့ ကုလားေလးရဲ႕ ကာ႐ိုက္တာအႀကီးအလတ္

တျခားကာ႐ိုက္တာေတြရဲ႕ အငယ္ အႀကီး အလတ္အကုန္သူပဲသင္ေပးရတယ္ သူပင္ပန္းရွာပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။

ဒီကားေလးနဲ႔ပတ္သတ္ၿပီး အမွတ္တရအေနနဲ႔ေတာ့ “ဂ်ဳံေတြဆန္ေတြေလွာင္ဖို႔ လုပ္ေနတဲ့အခန္းထဲမွာ

မမို႔ကို လည္ျပန္လွီးၿပီးသတ္ဖို႔ လုပ္ေတာ့ေလ ေအာ္တဲ့ အခ်ိန္

ဖုန္ေတြလည္း တအားဝင္ေတာ့ ေခ်ာင္းေတြလည္းဆိုး ေနမေကာင္းလဲ ျဖစ္လိုက္တာ

အခုအခ်ိန္ဆိုဟိုေရာဂါကို အထင္ခံရမွာ ေစာသြားလို႔ ေနမေကာင္းရင္း ႐ိုက္ခဲ့ရတာ

ေမာ္လၿမိဳင္အထိwe loveေတြကလည္းလိုက္လာၿပီး ေတာ ထဲအထိ ေခြးေသးပန္း႐ြက္ကို ရွာလာေပးခဲ့ တိုက္ခဲ့တာ

မမို႔ေဘးက ကေလးကလည္း ကြမ္း႐ြက္ပုံတိုက္ေပးမွ ေပ်ာက္သြားေရာ”လို႔ သူႀကဳံခဲ့ရတဲ့ အမွတ္တရေလးကို ေျပာျပခဲ့ပါတယ္။

ပရိသတ္ႀကီးလည္း ေျပတီဦးနဲ႔ မို႔မို႔ျမင့္ေအာင္တို႔ ေမာင္ႏွမေတာ္ စပ္တဲ့အေၾကာင္းကို

ဒီအင္တာဗ်ဴးေလးက တစ္ဆင့္သိၿပီး အံ့ၾသသြားၾကမယ္ ထင္ပါတယ္။

ေမာင္ႏွမ ႏွစ္ေယာက္လုံး ကေတာ့ အ ကယ္ဒမီမွတ္တိုင္ကို အေရာက္လွမ္းထားၾကတဲ့ အႏုပညာကေဝေတြပါပဲေနာ္။

(Unicode)

အရမ်းကြမ်းတဲ့ ကာရိုက်တာကြောင့် မောင်ဖြစ်သူ ပြေတီဦးကို သတိပေးလိုက်ရတဲ့ သရုပ်ဆောင် မို့မို့မြင့်အောင်

တစ်ခေတ်တစ်ခါက ရုပ်ရှင်လောကမှာ နာမည်ရရုံသာမက

ပြက္ခဒိန်ကြော်ငြာလောကမှာပါ ဘုရင်မ ဖြစ်ခဲ့တဲ့ မို့မို့မြင့်အောင် ကတော့

သူနဲ့ အကယ်ဒမီ ပြေတီဦးတို့ မောင်နှမ တော်စပ်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။

မို့မို့မြင့်အောင်ကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကိုယ်တိုင် ပရိုဂျူဆာအဖြစ် ပါဝင်ထားတဲ့

ငရဲဆိုတာ ဂျိုနဲ့လားဆိုတဲ့ ဇာတ်ကားမှာ ပြေတီဦး ပါဝင်သရုပ်ဆောင်ထားမှု အပေါ်ကို

“ပြေတီဦးလုပ်နိုင်တယ် ဒီကာရိုက်တာက သိပ်ကြောက်ဖို့ကောင်းတာ

အမေကိုတောင် ဖေနဲ့ပြန်တုတ်ဆဲတာ

ဆိုးတဲ့ကာရိုက်တာ ကာရိုက်တာကြီးကကြောက်ဖို့ကောင်းတယ်

မအေနဲ့ စိတ်အပြိုင် ဖြစ်နေတာ အမေကလည်း သားနဲ့ စိတ်ပြိုင်တာ သူကာရိုက်တာ ရောက်တယ်

သူ့ကိုလည်း ပြောထားတယ် မောင်လေး သတိတော့ထားနော်လို့

ဒီကာရိုက်တာကြီးက ကူးစက် တတ်တယ်လို့ ကာရိုက်တာကနေ မထွက်သွားရင် အိမ်တွေမှာ ပြဿနာရှာတာတို့

တော်ရုံ တန်ရုံ မော်တော်ပီကယ့်ကို ပြဿနာရှာတာတို့ ဖြစ်တတ်တယ်

ဒါပေမဲ့ သူကတော့ မဖြစ်ပါဘူး

လို့ဆိုရင်း သူတို့ မောင်နှမ တော်စပ်ပုံကို ပြောပြခဲ့တာပါ။

“ပြေတီဦးနဲ့က အမျိုးတော်တယ် ၂ ဝမ်းကွဲလောက် တော်တယ်

သူတို့အဘွားနဲ့ မမို့အဖေက အမျိုးတွေ အဖေဘက်က တော်တာ

သူ့အဖေက နယ်မှာ ဆေးလိုက်ထိုးတော့ အနေဝေးနေတာ သူ့အဒေါ်တွေနဲ့မမို့တို့နဲ့က တရင်းတနှီးပဲ

ငယ်ငယ်တုန်းက ပွဲလိုက်ကရင် ပြေတီဦးအဒေါ်တွေပဲလိုက်ပေးတာ

မိတ်ကပ်လိုက်လိမ်းပေးတာ ပြေတီဦးတို့ကသာ နယ်သွားနေတော့ ဝေးသွားတာ” လို့ ဆိုပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပြေတီဦးအနုပညာမှတ်တိုင်ထူထားပုံကို”သူလုပ်ရဲတာကိုပဲ မမို့ကချီးကျူးနေပြီ

ဒီကာရိုက်တာကို လုပ်ရဲတဲ့သူမရှိဘူး ဘာလို့လဲဆိုတော့ ဇာတ်ကောင်စရိုက်တွေရဲ့ငယ်ဘဝကအစသူပြောရတာ

သူသင်ရတာ မမို့ကလည်းအဲ့အချိန်ကိုရီးယားကနေ မျက်နှာလုပ်ပြီး ပြန်လာကာစဆိုတော့

ယောင်နေတဲ့ အပြင် အကြော မလျော့ရသေးတော့ သူ့ကိုမကူညီပေးနိုင်ဘူး

သူ့ခမျာ ဂျိုလားဆိုတဲ့ ကုလားလေးရဲ့ ကာရိုက်တာအကြီးအလတ်

တခြားကာရိုက်တာတွေရဲ့ အငယ် အကြီး အလတ်အကုန်သူပဲသင်ပေးရတယ် သူပင်ပန်းရှာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဒီကားလေးနဲ့ပတ်သတ်ပြီး အမှတ်တရအနေနဲ့တော့ “ဂျုံတွေဆန်တွေလှောင်ဖို့ လုပ်နေတဲ့အခန်းထဲမှာ

မမို့ကို လည်ပြန်လှီးပြီးသတ်ဖို့ လုပ်တော့လေ အော်တဲ့ အချိန်

ဖုန်တွေလည်း တအားဝင်တော့ ချောင်းတွေလည်းဆိုး နေမကောင်းလဲ ဖြစ်လိုက်တာ

အခုအချိန်ဆိုဟိုရောဂါကို အထင်ခံရမှာ စောသွားလို့ နေမကောင်းရင်း ရိုက်ခဲ့ရတာ

မော်လမြိုင်အထိwe loveတွေကလည်းလိုက်လာပြီး တော ထဲအထိ ခွေးသေးပန်းရွက်ကို ရှာလာပေးခဲ့ တိုက်ခဲ့တာ

မမို့ဘေးက ကလေးကလည်း ကွမ်းရွက်ပုံတိုက်ပေးမှ ပျောက်သွားရော”လို့ သူကြုံခဲ့ရတဲ့ အမှတ်တရလေးကို ပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးလည်း ပြေတီဦးနဲ့ မို့မို့မြင့်အောင်တို့ မောင်နှမတော် စပ်တဲ့အကြောင်းကို

ဒီအင်တာဗျူးလေးက တစ်ဆင့်သိပြီး အံ့သြသွားကြမယ် ထင်ပါတယ်။

မောင်နှမ နှစ်ယောက်လုံး ကတော့ အ ကယ်ဒမီမှတ်တိုင်ကို အရောက်လှမ်းထားကြတဲ့ အနုပညာကဝေတွေပါပဲနော်။

Shwe Yaung Myanmar

Leave a Reply

Your email address will not be published. Required fields are marked *