ေပါက္ေဖာ္တို႔၀ယ္ေသာ ငရဲခန္းအိမ္ေထာင္ေရး

ထန္းတပင္ၿမိဳ႕နယ္ ဇရပ္ႀကီးေဒသသည္ ၁၉၈၀ တစ္ဝိုက္က ေနဝင္မီးၿငိမ္းလမ္းေပၚ လူသြားလူလာမရွိ။လူပင္မက ေခြးပင္မိုးခ်ဳပ္လွ်င္ အိမ္ျပင္ထြက္ရဲသည့္ေဒသမဟုတ္။

ဇရပ္ႀကီးေဒသ ကြၽဲလမ္းကူးေက်း႐ြာသည္ ႐ြာငယ္ဟုလည္း မဆိုႏိုင္။ ႐ြာႀကီးလည္းေျပာ၍မရ။

သို႔ေသာ္ ေတာင္ငူ-ထန္းပင္-မုပၸလင္ မဟာဗ်ဴဟာလမ္းေပၚ ေမးတင္ထားသည့္အတြက္ လမ္းပန္းသာသကဲ့သို႔ ေရာင္းပန္းဝယ္ပန္းသာသည္။

အထူးသျဖင့္ ႐ိုးမႏွင့္ကပ္ေနသည့္အတြက္ သစ္ႀကီးဝါးႀကီးေပါသည္။

သစ္လုပ္ငန္းက ေဒသတစ္ဝိုက္ ေက်း႐ြာေတြကို ဝမ္းလွခါးလွေစသည္။

ေသနတ္သံ၊ အေျမာက္သံ မီးခိုးမႈိင္းမ်ားၾကား ေမြးခဲ့သည့္ မိထူးကို မိခင္ႏွင့္ဖခင္က ပညာတတ္ႀကီးတစ္ဦး ျဖစ္ေစလိုသည္။

၂၀ဝ၁ ခုႏွစ္ ရက္စြဲတစ္ခုတြင္ ေမြးဖြားခဲ့သည့္ မိထူးက ႐ြာထဲက သူလိုငွာလိုကေလးမ်ားကဲ့သို႔ပင္

အသက္ ၅ ႏွစ္အ႐ြယ္တြင္ ကြၽဲလမ္းကူး႐ြာေက်ာင္းတြင္ သူငယ္တန္းတက္ခဲ့ရသည္။

တပ္မေတာ္အစိုးရလက္ထက္မွ ေ႐ြးေကာက္ခံ အစိုးရေျပာင္းခါနီး ကရင္လက္နက္ကိုင္အဖြဲ႕ ႀကီးစိုးရာနယ္ေျမ ကြၽဲလမ္းကူး႐ြာ အေနအထားသည္ ေသနတ္သံတိတ္ၿပီဟု ဆိုႏိုင္သည္။

သို႔ေသာ္ မိဘႏွစ္ပါးက သာမန္ေတာသူေတာင္သား။ရရစားစား ဝါးဝါး မ်ိဳမ်ိဳ။

ေခတ္အေျခအေန ေကာင္းလာသည္ဟုဆိုေသာ္လည္း ႐ြာ၏အေနအထားက သစ္လည္းခုတ္ခြင့္ မသာေတာ့ လယ္ယာကိုင္းကြၽန္းကလည္း အဆင္မေျပေခ်။

မိဘကအဆင္မေျပသည့္အခါ မိထူးေက်ာင္းတက္ရသည္မွာ ေပ်ာ္႐ႊင္မႈကင္းေလသည္။

အဆုံးတြင္ မိထူးႏွင့္စာသင္ေက်ာင္း ကတၱီပါလမ္းခြဲခန္း ေရာက္သြားေလသည္။

ေက်ာင္းထြက္ရ သည္ဟုဆိုရေသာ္လည္း မိထူးအဖို႔ ထူးအားငယ္ရန္မရွိ။

မိထူးႏွင့္အတန္းေဖာ္ကစားေဖာ္ သူငယ္ခ်င္းမ်ားသည္လည္း မိထူးႏွင့္ မေရွးမေႏွာင္း ေစာသည္ႏွင့္ေနာက္က်သည္သာကြာ၏။

အားလုံးနီးပါး ေက်ာင္းထြက္ၿပီး ေပ်ာ္ေပ်ာ္ႀကီးေကာက္စိုက္လိုက္ၾက။

ေပ်ာ္ေပ်ာ္ႀကီး ပဲႏုတ္လိုက္ၾကေလသည္။

အသက္ ၈ ႏွစ္ေက်ာ္ ၉ ႏွစ္ ျပည့္ခါနီးကတည္းက ပ်ိဳးႏုတ္လိုက္ ေကာက္စိုက္လိုက္ႏွင့္ အ႐ြယ္ေရာက္လာခဲ့ၿပီျဖစ္သည့္ မိထူးအတြက္

မိဘကိုေငြစေၾကးစ ေပးႏိုင္ရန္ကိစၥသည္သာ အေရးႀကီးဆုံးျဖစ္သည္။

႐ြာကာလသမီးမ်ားထဲ မ်က္လုံးမ်က္ဖန္ေကာင္း အသားေရညိဳစိမ့္စိမ့္ႏွင့္ လုံးႀကီးေပါက္လွ မိထူးအလွက ကြၽဲလမ္းကူးသာမက အနီးတစ္ဝိုက္ေက်း႐ြာမ်ားအထိ သတင္းႀကီးလွသည္။

ယင္းအလွက မိထူးကိုက်ားခံတြင္းထဲ သက္ဆင္းဖို႔ အေၾကာင္းဖန္လာျခင္းဟုလည္းဆိုရမည္ျဖစ္သည္။

မွတ္မွတ္ရရေျပာမည္ဆိုပါက၂၀၁၈ ခုႏွစ္ ဧၿပီလ သၾကၤန္မတိုင္မီ ရက္ပိုင္းခန္႔ကျဖစ္သည္။

တစ္႐ြာထဲေန အသိလင္မယားက ႐ြာထဲေဘာက္လုပ္ၿပီး (က်ပန္းအလုပ္) ျပန္လာသည့္ မိထူးကို တိုးတိုးတိတ္တိတ္ေခၚၿပီး သတင္း တစ္ခုေပးသည္။

ေျပာသည့္ သတင္းစကားက မိထူးမ်က္လုံးကို အေရာင္ေတာက္ပသြားေစသည္။

႐ြာထဲ တစ္ရက္ခါးက်ိဳးလွပါမွ ရသည့္လုပ္ခေၾကးေငြက က်ပ္ ၃၀ဝ၀ သာျဖစ္သည္။

ယခုၾကားရသည့္ သတင္းစကားအရဆိုပါက ေ႐ႊလီၿမိဳ႕ႀကီးတြင္ အလုပ္လုပ္ဖို႔လူလိုေနသည္။

လုပ္မည္ဆိုပါက တစ္လက်ပ္သုံးသိန္းရမည္။ မိမိသာ သေဘာတူမည္ဆိုပါက အိမ္ကိုလိုက္ေျပာေပးမည္ဟုဆိုသည္။

မိထူး အေတြးေတြးမ်ား အလုပ္မ်ားေခ်သည္။

ခ်က္ခ်င္းပင္ စိတ္ကူးအိပ္မက္ထဲ မိထူးတို႔မိဘအိမ္ကို ပ်ဥ္ေထာင္သြပ္မိုး အိမ္ႀကီးရခိုင္ေဆာက္လိုက္မိသည္။

ေ႐ႊလီအိပ္မက္မက္ရန္ သိပ္မၾကာခင္ မိခင္ႏွင့္ ဖခင္ကလည္း သေဘာတူညီလိုက္သည့္အခါ မိထူး ႏွင့္ အေဖာ္မိန္းကေလး ၅ ဦးသည္ ဧၿပီ ၂၅ ရက္ေန႔ နံနက္တြင္ ကားငယ္ေလးတစ္စီးျဖင့္ ႐ြာမွေတာင္ငူကို လိုက္ပါခဲ့ၾကသည္။

ကားေပၚတြင္မိထူးႏွင့္အသက္႐ြယ္တူ အမ်ိဳးသမီးေလးဦး၊ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးပါလာေသာ္လည္း အကုန္လုံး ကြၽဲလမ္းကူး႐ြာကပင္ျဖစ္သည္။

“ကြၽန္မတို႔က အ႐ြယ္ေရာက္ခ်ိန္ထိ ေတာင္ငူေတာင္ မေရာက္ဖူးသူေတြဆိုေတာ့ ေပ်ာ္တာေပါ့။

ၿပီးမွ ငရဲခန္းဝင္ရတာ သိခဲ့ေပမယ့္ ေနာက္က်သြားတယ္” ဟု မိထူးက တိုးညင္းစြာငိုရႈိက္ရင္း ေျပာဆိုသည္။

ေနာက္တစ္ေန႔နံနက္ မႏၲေလးေရာက္ၿပီး သိပ္မၾကာခင္မွာပင္ သူတို႔ကို ဦးေဆာင္ေခၚလာသည့္

ကြၽဲလမ္းကူး႐ြာသား ကိုစိုင္း (အမည္လြဲ) က ဘင္ကားငယ္ေလးတစ္စီးကို ထပ္မံငွားရမ္းလိုက္သည္။

မည္ေ႐ြ႕မည္မွ်ေပးရသည္ကို သူတို႔မသိရ။ဘင္ကားငယ္ေလးတြင္ က်ပ္က်ပ္တည္းတည္းလိုက္ပါစီးနင္းရင္းျဖင့္

မူဆယ္သို႔ေန႔ခ်င္းပင္ ေရာက္ရွိခဲ့ၾကသည္။

ထူးျခားသည္က မူဆယ္တည္းခိုခန္းတစ္ခုတြင္ တစ္ညတာတည္းခိုေနထိုင္ၾကစဥ္ မိထူးတို႔ မိန္းကေလးမ်ားကို

အလွျပင္ဆင္ေပးျခင္း၊ အဝတ္အစားသစ္မ်ား ဆင္ေပးျခင္းတို႔ကို ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ အသက္ ၁၇ ႏွစ္ျပည့္ၿပီးခါစ အတန္းပညာနည္းပါးသူ မိန္းကေလးမ်ားအတြက္ အေၾကာင္းရင္းကို ေတြးပင္ေတြးမိျခင္းမရွိဟုဆိုသည္။

“ေနာက္တစ္ေန႔ တ႐ုတ္ျပည္ထဲသြားရမယ္ဆိုၿပီး တစ္ပတ္ဝင္ခြင့္ကတ္ကေလး လုပ္ေပးတယ္။လူခြဲၿပီးသြားရမယ္ဆိုၿပီး ကြၽန္မကို ကားတစ္စင္းနဲ႔တ႐ုတ္ျပည္ထဲေခၚသြားတယ္” ဟု မိထူးက ေျပာသည္။

အဆိုပါ ကားေလးႏွင့္ ငါးနာရီေက်ာ္ ေျခာက္နာရီခန္႔ လိုက္ပါစီးနင္းခဲ့ရၿပီး တ႐ုတ္ျပည္အတြင္းပိုင္း ႐ြာတစ္႐ြာေရာက္ရွိခဲ့ကာ မိသားစုလိုက္ ႀကိဳဆိုႏႈတ္ဆက္ခံခဲ့ရေသာ္လည္း ညႀကီးမိုးခ်ဳပ္ခ်ိန္ေရာက္သည့္အခါမွ တ႐ုတ္အမ်ိဳးသားႏွင့္ လက္ထပ္ရမည္ကို သိရွိ ခဲ့ရသည္။

“ပြဲစားကလည္း ျပန္သြားၿပီ။တ႐ုတ္အမ်ိဳးသား နဲ႔လက္ထပ္ရမယ္ဆိုတာ သိလိုက္ခ်ိန္ ေရာင္းစားခံရတာသိတယ္” ဟု မိထူးက ခံစားခ်က္မရွိသည့္ ေလသံျဖင့္ေျပာဆိုသည္။

၂၀၁၈ ခုႏွစ္ ဧၿပီ ၂၉ ရက္ေန႔တြင္ တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္ သာကန္း႐ြာေန လယ္သမားမိသားစုတစ္စု၏ အငယ္ဆုံးသား တ႐ုတ္အမ်ိဳးသားထံေရာင္းစားခံလိုက္ရသည့္ ျမန္မာအမ်ိဳးသမီးတစ္ဦးအတြက္ သာမန္ခ်စ္ႀကိဳက္ကြဲညား ျမန္မာ့ဗီဒီယို႐ုပ္ရွင္ဇာတ္ လမ္းကဲ့သို႔ပင္ျဖစ္သည္။

အိမ္ေထာင္သည္ အစ္မႏွစ္ေယာက္၊ မိခင္ ဖခင္အိုႏွင့္ေနထိုင္သည့္ အသက္ ၂၃ ႏွစ္အ႐ြယ္ တ႐ုတ္ႏိုင္ငံသား ခ်ိန္က်င္းအတြက္ မိထူးသည္ နတ္သမီးတစ္ပါး ျဖစ္ေကာင္းျဖစ္လိမ့္မည္။

ခိုေမြးျမဴသည့္ တ႐ုတ္ႏိုင္ငံသားႏွင့္ေပါင္းသင္းရသည့္ မိထူးအဖို႔ ခိုေခ်းက်ဳံးလိုက္။ ထမင္းဟင္းခ်က္လိုက္။ လယ္ထဲလိုက္ႏွင့္ သာကန္း႐ြာေရာက္ၿပီး ၃ လအၾကာတြင္ သမီးဦးကိုယ္ဝန္ေဆာင္လိုက္ရသည္။

မိခင္ေလာင္းမို႔လည္း အလုပ္ႏွင့္လက္ျပတ္ရသည္မရွိ။

ကုန္း႐ုန္းလုပ္ေနရင္းႏွင့္ ေယာင္းမ ႏွစ္ေယာက္သာမက လင္ျဖစ္သူကပါ ႐ိုက္ေမာင္းပုတ္ ေမာင္းလုပ္လာသည္။

သူ႔အတြက္ မိေဝးဖေဝး ေဆြမ်ိဳးေဝးခ်ိန္ ျမန္မာျပည္က ပါလာသည့္ ဖုန္းကေလးတစ္လုံးက ညဘက္လူေျခတိတ္ခ်ိန္ တ႐ုတ္အမ်ိဳးသား အိပ္ေပ်ာ္ေနခ်ိန္ အေဖာ္ျဖစ္လာသည္။

ေဟာက္သံေပးအိပ္ေနသည့္ တ႐ုတ္အမ်ိဳးသားလစ္ခ်ိန္ တ႐ုတ္လူမႈကြန္ရက္စာမ်က္ႏွာ၌ ျမန္မာအသိအကြၽမ္းရွာသည္။

တ႐ုတ္ဖုန္းကတ္သုံးၿပီး မိဘထံ ဖုန္းဆက္သြယ္ရန္ အတန္းပညာနိမ့္သူမိထူးအဖို႔ အဆင္မေျပ။

သည္လိုႏွင့္ပင္ အသက္ ၁၈ ႏွစ္ျပည့္ၿပီး သိပ္မၾကာခင္အခ်ိန္မွာ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား၏ကိုယ္ဝန္ကို ဟူနန္ျပည္နယ္ သာကန္း႐ြာေဆးခန္းတြင္ ေမြးဖြားလိုက္ရသည္။

သမီးမိန္းကေလး ျဖဴျဖဴတုတ္တုတ္ေလးျဖစ္ေသာ္လည္း မိထူးအတြက္ စိတ္နာဖြယ္အတိမို႔ သိပ္မခင္တြယ္လွခ်င္။

တ႐ုတ္လက္က လြတ္ေျမာက္ရာလမ္းကိုသာ အခါမလပ္ေစာင့္စားေနရင္းႏွင့္ တစ္ရက္မွာ ကံအခြင့္သင့္ခဲ့သည္။

အညာတြင္ ေမြးဖြားႀကီးျပင္းခဲ့ေသာ္လည္း တ႐ုတ္ႏိုင္ငံတြင္ အလုပ္လုပ္ရင္း အဆင္ေျပေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္

တ႐ုတ္လူမႈကြန္ရက္တစ္ခုတြင္ စကားေျပာခြင့္ရခဲ့သည္မွာ လြတ္ေျမာက္ဖို႔အေၾကာင္းဖန္လာျခင္းလည္းျဖစ္သည္။

ျဖစ္ေၾကာင္းကုန္စဥ္ ေျပာဆိုအကူအညီေတာင္းလိုက္သည့္အခါ အဆိုပါ အမ်ိဳးသားက ကူညီေပးမည္ျဖစ္သည္ဟု ကတိရလိုက္သည့္အခါ

ေလထဲတြင္ လြတ္ေျမာက္သြားသည့္စိတ္မ်ိဳးျဖစ္မိသည္ဟု မိထူးကဆိုသည္။

တ႐ုတ္ႏိုင္ငံကို ေရာက္ေနခဲ့သည္မွာ ရက္ေပါင္း ၁၅çဝ၀ဝ ခန္႔ရွိလာခ်ိန္ အိမ္ျပန္ရန္လမ္းစေပၚခဲ့ျခင္းလည္းျဖစ္သည္။

တ႐ုတ္လူမႈ ကြန္ရက္တြင္ စကားေျပာရင္းႏွင့္ အကူအညီေပးသူ အညာသားအစ္ကို၏ ေက်းဇူးေၾကာင့္ ဒီဇင္ဘာ ၉ ရက္ေန႔ ညေနတြင္ ႐ြာထိပ္က ကားႏွင့္ေစာင့္မည္ျဖစ္ေၾကာင္း ကတိရလိုက္သည္။

ကူညီေပးသူကလည္း ျမန္မာႏိုင္ငံလူ ကုန္တားရဲတပ္ဖြဲ႕ႏွင့္ အခ်ိတ္အဆက္ ျပဳလုပ္ထားၿပီျဖစ္သည္။

ဒီဇင္ဘာ ၉ ရက္ေန႔ ညေန ၄ နာရီခန္႔တြင္ ႐ြာထိပ္သို႔ အမွန္တကယ္ထြက္ေျပးလြတ္ေျမာက္လာခဲ့ခ်ိန္တြင္ မိထူးအတြက္ ေငြေၾကးဗလာနတၱိ သာမက ေျခေထာက္ႏွစ္ဖက္တြင္ ဖိနပ္ပင္ပါမလာခဲ့ေခ်။

႐ြာထိပ္ ေစာင့္ေနသည့္ကားႏွင့္ ကူညီေပးသူတို႔က မိထူးေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ကားကို တစ္ဟုန္ထိုး ေမာင္းထြက္လာလိုက္သည္မွာ ၇ နာရီခန္႔အၾကာတြင္ လူကုန္တားရဲတပ္ဖြဲ႕က ခ်ိတ္ဆက္ထားသည့္ လုံၿခဳံရာေနရာသို႔ ေရာက္လာခဲ့ၿပီျဖစ္သည္။

လူကုန္တားရဲတပ္ဖြဲ႕ႏွင့္ ျမန္မာေကာင္စစ္ဝန္ ႐ုံးအကူအညီျဖင့္ ဟူနန္ျပည္နယ္ သာကန္း႐ြာမွ ထြက္ေျပးလာၿပီး တစ္ပတ္ခန္႔အၾကာတြင္ မိထူးတစ္ေယာက္ ေနထိုင္ရာေက်း႐ြာကို ျပန္လည္ေရာက္ရွိလာၿပီျဖစ္သည္။

ျမန္မာမိန္းကေလး မိထူးအဖို႔ ဒဏ္ရာအနာတရ ႀကီးလွသည္။ ပ်ိဳမ်စ္ႏုနယ္လွသည့္ အပ်ိဳစင္ဘဝ ဆုံးရႈံးခဲ့ၿပီျဖစ္သည္။

တ႐ုတ္ျပည္တြင္က်န္ခဲ့သည့္ ခ်ိန္ခ်ီးယန္ (သမီးငယ္) ကိုလည္း သတိမရေတာ့။ စိတ္ထဲက ေမ့ေဖ်ာက္လိုက္ၿပီျဖစ္သည္။

သို႔ေသာ္ လက္ရွိတ႐ုတ္အမ်ိဳးသားထံ ေရာင္းစားလိုက္သည့္ ဇနီးေမာင္ႏွံက ေတာင္ငူေထာင္ထဲတြင္ တရားရင္ဆိုင္ေနရၿပီဟုဆိုၾကသည္။

မိထူး မေက်နပ္ႏိုင္အားေခ်။

ကြၽန္မအတြက္ တစ္လသုံးသိန္းနဲ႔လေပါင္း ၂၀ စာ နစ္နာေၾကး က်ပ္သိန္းေျခာက္ဆယ္လိုခ်င္တယ္။

ေနာင္အမ်ိဳးေကာင္းသမီးေတြကို ခုလိုလုပ္ရပ္မ်ိဳး မလုပ္ႏိုင္ဖို႔ထိေရာက္တဲ့ျပစ္ဒဏ္လည္း ခ်မွတ္ေစခ်င္တယ္ဟု မိထူးကဆိုသည္။

မိထူးတစ္ေယာက္ လြတ္ေျမာက္လာခဲ့သည္တိုင္ေသာ္လည္း တစ္အိမ္ေထာင္ကေလးတစ္ေယာက္ မူဝါဒအက်ိဳးဆက္ေၾကာင့္

သတို႔သမီးရွားပါးမႈ အလြန္ ျမင့္တက္ေနေသာ တ႐ုတ္အမ်ိဳးသားမ်ားအတြက္

လာအို၊ ဗီယက္နမ္၊ ကေမာၻဒီးယားႏွင့္ ျမန္မာႏိုင္ငံမွ မိန္းကေလးငယ္မ်ားမွာ တေစၦေျခာက္ေနဦးမည္ျဖစ္သည္။

ေဇယ်ာကို

(Unicode)

ပေါက်ဖော်တို့၀ယ်သော ငရဲခန်းအိမ်ထောင်ရေး

ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသသည် ၁၉၈၀ တစ်ဝိုက်က နေဝင်မီးငြိမ်းလမ်းပေါ် လူသွားလူလာမရှိ။လူပင်မက ခွေးပင်မိုးချုပ်လျှင် အိမ်ပြင်ထွက်ရဲသည့်ဒေသမဟုတ်။

ဇရပ်ကြီးဒေသ ကျွဲလမ်းကူးကျေးရွာသည် ရွာငယ်ဟုလည်း မဆိုနိုင်။ ရွာကြီးလည်းပြော၍မရ။

သို့သော် တောင်ငူ-ထန်းပင်-မုပ္ပလင် မဟာဗျူဟာလမ်းပေါ် မေးတင်ထားသည့်အတွက် လမ်းပန်းသာသကဲ့သို့ ရောင်းပန်းဝယ်ပန်းသာသည်။

အထူးသဖြင့် ရိုးမနှင့်ကပ်နေသည့်အတွက် သစ်ကြီးဝါးကြီးပေါသည်။

သစ်လုပ်ငန်းက ဒေသတစ်ဝိုက် ကျေးရွာတွေကို ဝမ်းလှခါးလှစေသည်။

သေနတ်သံ၊ အမြောက်သံ မီးခိုးမှိုင်းများကြား မွေးခဲ့သည့် မိထူးကို မိခင်နှင့်ဖခင်က ပညာတတ်ကြီးတစ်ဦး ဖြစ်စေလိုသည်။

၂၀ဝ၁ ခုနှစ် ရက်စွဲတစ်ခုတွင် မွေးဖွားခဲ့သည့် မိထူးက ရွာထဲက သူလိုငှာလိုကလေးများကဲ့သို့ပင်

အသက် ၅ နှစ်အရွယ်တွင် ကျွဲလမ်းကူးရွာကျောင်းတွင် သူငယ်တန်းတက်ခဲ့ရသည်။

တပ်မတော်အစိုးရလက်ထက်မှ ရွေးကောက်ခံ အစိုးရပြောင်းခါနီး ကရင်လက်နက်ကိုင်အဖွဲ့ ကြီးစိုးရာနယ်မြေ ကျွဲလမ်းကူးရွာ အနေအထားသည် သေနတ်သံတိတ်ပြီဟု ဆိုနိုင်သည်။

သို့သော် မိဘနှစ်ပါးက သာမန်တောသူတောင်သား။ရရစားစား ဝါးဝါး မျိုမျို။

ခေတ်အခြေအနေ ကောင်းလာသည်ဟုဆိုသော်လည်း ရွာ၏အနေအထားက သစ်လည်းခုတ်ခွင့် မသာတော့ လယ်ယာကိုင်းကျွန်းကလည်း အဆင်မပြေချေ။

မိဘကအဆင်မပြေသည့်အခါ မိထူးကျောင်းတက်ရသည်မှာ ပျော်ရွှင်မှုကင်းလေသည်။

အဆုံးတွင် မိထူးနှင့်စာသင်ကျောင်း ကတ္တီပါလမ်းခွဲခန်း ရောက်သွားလေသည်။

ကျောင်းထွက်ရ သည်ဟုဆိုရသော်လည်း မိထူးအဖို့ ထူးအားငယ်ရန်မရှိ။

မိထူးနှင့်အတန်းဖော်ကစားဖော် သူငယ်ချင်းများသည်လည်း မိထူးနှင့် မရှေးမနှောင်း စောသည်နှင့်နောက်ကျသည်သာကွာ၏။

အားလုံးနီးပါး ကျောင်းထွက်ပြီး ပျော်ပျော်ကြီးကောက်စိုက်လိုက်ကြ။

ပျော်ပျော်ကြီး ပဲနုတ်လိုက်ကြလေသည်။

အသက် ၈ နှစ်ကျော် ၉ နှစ် ပြည့်ခါနီးကတည်းက ပျိုးနုတ်လိုက် ကောက်စိုက်လိုက်နှင့် အရွယ်ရောက်လာခဲ့ပြီဖြစ်သည့် မိထူးအတွက်

မိဘကိုငွေစကြေးစ ပေးနိုင်ရန်ကိစ္စသည်သာ အရေးကြီးဆုံးဖြစ်သည်။

ရွာကာလသမီးများထဲ မျက်လုံးမျက်ဖန်ကောင်း အသားရေညိုစိမ့်စိမ့်နှင့် လုံးကြီးပေါက်လှ မိထူးအလှက ကျွဲလမ်းကူးသာမက အနီးတစ်ဝိုက်ကျေးရွာများအထိ သတင်းကြီးလှသည်။

ယင်းအလှက မိထူးကိုကျားခံတွင်းထဲ သက်ဆင်းဖို့ အကြောင်းဖန်လာခြင်းဟုလည်းဆိုရမည်ဖြစ်သည်။

မှတ်မှတ်ရရပြောမည်ဆိုပါက၂၀၁၈ ခုနှစ် ဧပြီလ သင်္ကြန်မတိုင်မီ ရက်ပိုင်းခန့်ကဖြစ်သည်။

တစ်ရွာထဲနေ အသိလင်မယားက ရွာထဲဘောက်လုပ်ပြီး (ကျပန်းအလုပ်) ပြန်လာသည့် မိထူးကို တိုးတိုးတိတ်တိတ်ခေါ်ပြီး သတင်း တစ်ခုပေးသည်။

ပြောသည့် သတင်းစကားက မိထူးမျက်လုံးကို အရောင်တောက်ပသွားစေသည်။

ရွာထဲ တစ်ရက်ခါးကျိုးလှပါမှ ရသည့်လုပ်ခကြေးငွေက ကျပ် ၃၀ဝ၀ သာဖြစ်သည်။

ယခုကြားရသည့် သတင်းစကားအရဆိုပါက ရွှေလီမြို့ကြီးတွင် အလုပ်လုပ်ဖို့လူလိုနေသည်။

လုပ်မည်ဆိုပါက တစ်လကျပ်သုံးသိန်းရမည်။ မိမိသာ သဘောတူမည်ဆိုပါက အိမ်ကိုလိုက်ပြောပေးမည်ဟုဆိုသည်။

မိထူး အတွေးတွေးများ အလုပ်များချေသည်။

ချက်ချင်းပင် စိတ်ကူးအိပ်မက်ထဲ မိထူးတို့မိဘအိမ်ကို ပျဉ်ထောင်သွပ်မိုး အိမ်ကြီးရခိုင်ဆောက်လိုက်မိသည်။

ရွှေလီအိပ်မက်မက်ရန် သိပ်မကြာခင် မိခင်နှင့် ဖခင်ကလည်း သဘောတူညီလိုက်သည့်အခါ မိထူး နှင့် အဖော်မိန်းကလေး ၅ ဦးသည် ဧပြီ ၂၅ ရက်နေ့ နံနက်တွင် ကားငယ်လေးတစ်စီးဖြင့် ရွာမှတောင်ငူကို လိုက်ပါခဲ့ကြသည်။

ကားပေါ်တွင်မိထူးနှင့်အသက်ရွယ်တူ အမျိုးသမီးလေးဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပါလာသော်လည်း အကုန်လုံး ကျွဲလမ်းကူးရွာကပင်ဖြစ်သည်။

“ကျွန်မတို့က အရွယ်ရောက်ချိန်ထိ တောင်ငူတောင် မရောက်ဖူးသူတွေဆိုတော့ ပျော်တာပေါ့။

ပြီးမှ ငရဲခန်းဝင်ရတာ သိခဲ့ပေမယ့် နောက်ကျသွားတယ်” ဟု မိထူးက တိုးညင်းစွာငိုရှိုက်ရင်း ပြောဆိုသည်။

နောက်တစ်နေ့နံနက် မန္တလေးရောက်ပြီး သိပ်မကြာခင်မှာပင် သူတို့ကို ဦးဆောင်ခေါ်လာသည့်

ကျွဲလမ်းကူးရွာသား ကိုစိုင်း (အမည်လွဲ) က ဘင်ကားငယ်လေးတစ်စီးကို ထပ်မံငှားရမ်းလိုက်သည်။

မည်ရွေ့မည်မျှပေးရသည်ကို သူတို့မသိရ။ဘင်ကားငယ်လေးတွင် ကျပ်ကျပ်တည်းတည်းလိုက်ပါစီးနင်းရင်းဖြင့်

မူဆယ်သို့နေ့ချင်းပင် ရောက်ရှိခဲ့ကြသည်။

ထူးခြားသည်က မူဆယ်တည်းခိုခန်းတစ်ခုတွင် တစ်ညတာတည်းခိုနေထိုင်ကြစဉ် မိထူးတို့ မိန်းကလေးများကို

အလှပြင်ဆင်ပေးခြင်း၊ အဝတ်အစားသစ်များ ဆင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အသက် ၁၇ နှစ်ပြည့်ပြီးခါစ အတန်းပညာနည်းပါးသူ မိန်းကလေးများအတွက် အကြောင်းရင်းကို တွေးပင်တွေးမိခြင်းမရှိဟုဆိုသည်။

“နောက်တစ်နေ့ တရုတ်ပြည်ထဲသွားရမယ်ဆိုပြီး တစ်ပတ်ဝင်ခွင့်ကတ်ကလေး လုပ်ပေးတယ်။လူခွဲပြီးသွားရမယ်ဆိုပြီး ကျွန်မကို ကားတစ်စင်းနဲ့တရုတ်ပြည်ထဲခေါ်သွားတယ်” ဟု မိထူးက ပြောသည်။

အဆိုပါ ကားလေးနှင့် ငါးနာရီကျော် ခြောက်နာရီခန့် လိုက်ပါစီးနင်းခဲ့ရပြီး တရုတ်ပြည်အတွင်းပိုင်း ရွာတစ်ရွာရောက်ရှိခဲ့ကာ မိသားစုလိုက် ကြိုဆိုနှုတ်ဆက်ခံခဲ့ရသော်လည်း ညကြီးမိုးချုပ်ချိန်ရောက်သည့်အခါမှ တရုတ်အမျိုးသားနှင့် လက်ထပ်ရမည်ကို သိရှိ ခဲ့ရသည်။

“ပွဲစားကလည်း ပြန်သွားပြီ။တရုတ်အမျိုးသား နဲ့လက်ထပ်ရမယ်ဆိုတာ သိလိုက်ချိန် ရောင်းစားခံရတာသိတယ်” ဟု မိထူးက ခံစားချက်မရှိသည့် လေသံဖြင့်ပြောဆိုသည်။

၂၀၁၈ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် သာကန်းရွာနေ လယ်သမားမိသားစုတစ်စု၏ အငယ်ဆုံးသား တရုတ်အမျိုးသားထံရောင်းစားခံလိုက်ရသည့် မြန်မာအမျိုးသမီးတစ်ဦးအတွက် သာမန်ချစ်ကြိုက်ကွဲညား မြန်မာ့ဗီဒီယိုရုပ်ရှင်ဇာတ် လမ်းကဲ့သို့ပင်ဖြစ်သည်။

အိမ်ထောင်သည် အစ်မနှစ်ယောက်၊ မိခင် ဖခင်အိုနှင့်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် တရုတ်နိုင်ငံသား ချိန်ကျင်းအတွက် မိထူးသည် နတ်သမီးတစ်ပါး ဖြစ်ကောင်းဖြစ်လိမ့်မည်။

ခိုမွေးမြူသည့် တရုတ်နိုင်ငံသားနှင့်ပေါင်းသင်းရသည့် မိထူးအဖို့ ခိုချေးကျုံးလိုက်။ ထမင်းဟင်းချက်လိုက်။ လယ်ထဲလိုက်နှင့် သာကန်းရွာရောက်ပြီး ၃ လအကြာတွင် သမီးဦးကိုယ်ဝန်ဆောင်လိုက်ရသည်။

မိခင်လောင်းမို့လည်း အလုပ်နှင့်လက်ပြတ်ရသည်မရှိ။

ကုန်းရုန်းလုပ်နေရင်းနှင့် ယောင်းမ နှစ်ယောက်သာမက လင်ဖြစ်သူကပါ ရိုက်မောင်းပုတ် မောင်းလုပ်လာသည်။

သူ့အတွက် မိဝေးဖဝေး ဆွေမျိုးဝေးချိန် မြန်မာပြည်က ပါလာသည့် ဖုန်းကလေးတစ်လုံးက ညဘက်လူခြေတိတ်ချိန် တရုတ်အမျိုးသား အိပ်ပျော်နေချိန် အဖော်ဖြစ်လာသည်။

ဟောက်သံပေးအိပ်နေသည့် တရုတ်အမျိုးသားလစ်ချိန် တရုတ်လူမှုကွန်ရက်စာမျက်နှာ၌ မြန်မာအသိအကျွမ်းရှာသည်။

တရုတ်ဖုန်းကတ်သုံးပြီး မိဘထံ ဖုန်းဆက်သွယ်ရန် အတန်းပညာနိမ့်သူမိထူးအဖို့ အဆင်မပြေ။

သည်လိုနှင့်ပင် အသက် ၁၈ နှစ်ပြည့်ပြီး သိပ်မကြာခင်အချိန်မှာ တရုတ်နိုင်ငံသား အမျိုးသား၏ကိုယ်ဝန်ကို ဟူနန်ပြည်နယ် သာကန်းရွာဆေးခန်းတွင် မွေးဖွားလိုက်ရသည်။

သမီးမိန်းကလေး ဖြူဖြူတုတ်တုတ်လေးဖြစ်သော်လည်း မိထူးအတွက် စိတ်နာဖွယ်အတိမို့ သိပ်မခင်တွယ်လှချင်။

တရုတ်လက်က လွတ်မြောက်ရာလမ်းကိုသာ အခါမလပ်စောင့်စားနေရင်းနှင့် တစ်ရက်မှာ ကံအခွင့်သင့်ခဲ့သည်။

အညာတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်ရင်း အဆင်ပြေနေသည့် အမျိုးသားတစ်ဦးနှင့်

တရုတ်လူမှုကွန်ရက်တစ်ခုတွင် စကားပြောခွင့်ရခဲ့သည်မှာ လွတ်မြောက်ဖို့အကြောင်းဖန်လာခြင်းလည်းဖြစ်သည်။

ဖြစ်ကြောင်းကုန်စဉ် ပြောဆိုအကူအညီတောင်းလိုက်သည့်အခါ အဆိုပါ အမျိုးသားက ကူညီပေးမည်ဖြစ်သည်ဟု ကတိရလိုက်သည့်အခါ

လေထဲတွင် လွတ်မြောက်သွားသည့်စိတ်မျိုးဖြစ်မိသည်ဟု မိထူးကဆိုသည်။

တရုတ်နိုင်ငံကို ရောက်နေခဲ့သည်မှာ ရက်ပေါင်း ၁၅çဝ၀ဝ ခန့်ရှိလာချိန် အိမ်ပြန်ရန်လမ်းစပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်လူမှု ကွန်ရက်တွင် စကားပြောရင်းနှင့် အကူအညီပေးသူ အညာသားအစ်ကို၏ ကျေးဇူးကြောင့် ဒီဇင်ဘာ ၉ ရက်နေ့ ညနေတွင် ရွာထိပ်က ကားနှင့်စောင့်မည်ဖြစ်ကြောင်း ကတိရလိုက်သည်။

ကူညီပေးသူကလည်း မြန်မာနိုင်ငံလူ ကုန်တားရဲတပ်ဖွဲ့နှင့် အချိတ်အဆက် ပြုလုပ်ထားပြီဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွာထိပ်သို့ အမှန်တကယ်ထွက်ပြေးလွတ်မြောက်လာခဲ့ချိန်တွင် မိထူးအတွက် ငွေကြေးဗလာနတ္တိ သာမက ခြေထောက်နှစ်ဖက်တွင် ဖိနပ်ပင်ပါမလာခဲ့ချေ။

ရွာထိပ် စောင့်နေသည့်ကားနှင့် ကူညီပေးသူတို့က မိထူးရောက်လာသည်နှင့်တစ်ပြိုင်နက် ကားကို တစ်ဟုန်ထိုး မောင်းထွက်လာလိုက်သည်မှာ ၇ နာရီခန့်အကြာတွင် လူကုန်တားရဲတပ်ဖွဲ့က ချိတ်ဆက်ထားသည့် လုံခြုံရာနေရာသို့ ရောက်လာခဲ့ပြီဖြစ်သည်။

လူကုန်တားရဲတပ်ဖွဲ့နှင့် မြန်မာကောင်စစ်ဝန် ရုံးအကူအညီဖြင့် ဟူနန်ပြည်နယ် သာကန်းရွာမှ ထွက်ပြေးလာပြီး တစ်ပတ်ခန့်အကြာတွင် မိထူးတစ်ယောက် နေထိုင်ရာကျေးရွာကို ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

မြန်မာမိန်းကလေး မိထူးအဖို့ ဒဏ်ရာအနာတရ ကြီးလှသည်။ ပျိုမျစ်နုနယ်လှသည့် အပျိုစင်ဘဝ ဆုံးရှုံးခဲ့ပြီဖြစ်သည်။

တရုတ်ပြည်တွင်ကျန်ခဲ့သည့် ချိန်ချီးယန် (သမီးငယ်) ကိုလည်း သတိမရတော့။ စိတ်ထဲက မေ့ဖျောက်လိုက်ပြီဖြစ်သည်။

သို့သော် လက်ရှိတရုတ်အမျိုးသားထံ ရောင်းစားလိုက်သည့် ဇနီးမောင်နှံက တောင်ငူထောင်ထဲတွင် တရားရင်ဆိုင်နေရပြီဟုဆိုကြသည်။

မိထူး မကျေနပ်နိုင်အားချေ။

ကျွန်မအတွက် တစ်လသုံးသိန်းနဲ့လပေါင်း ၂၀ စာ နစ်နာကြေး ကျပ်သိန်းခြောက်ဆယ်လိုချင်တယ်။

နောင်အမျိုးကောင်းသမီးတွေကို ခုလိုလုပ်ရပ်မျိုး မလုပ်နိုင်ဖို့ထိရောက်တဲ့ပြစ်ဒဏ်လည်း ချမှတ်စေချင်တယ်ဟု မိထူးကဆိုသည်။

မိထူးတစ်ယောက် လွတ်မြောက်လာခဲ့သည်တိုင်သော်လည်း တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒအကျိုးဆက်ကြောင့်

သတို့သမီးရှားပါးမှု အလွန် မြင့်တက်နေသော တရုတ်အမျိုးသားများအတွက်

လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ မိန်းကလေးငယ်များမှာ တစ္ဆေခြောက်နေဦးမည်ဖြစ်သည်။

ဇေယျာကို

Leave a Reply

Your email address will not be published. Required fields are marked *