ေငြေၾကးျပႆနာအတြက္

မိဘေတြ၏ ေငြေၾကးျပသနာအတြက္ (၄ႏွစ္၂လ) ၅ ႏွစ္ သမီးေလးကိုသတ္ခဲ့ပါတယ္ဆိုၿပီး က်ဴးလြန္သူကဝန္ခံေသာ ေ႐ႊေတာင္ၿမိဳ႕ကလူသတ္မႈ

သမီးေလးေပ်ာက္ေနလို႔လူေပ်ာက္တိုင္..ရွာေဖြ

အမႈျဖစ္စဥ္မွာ၂၆.၁၀.၂၀၂၀ ရက္ ညေန ၄ နာရီခြဲ အခ်ိန္ခန႔္က ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္၊ ေ႐ႊေတာင္ ၿမိဳ႕မရဲစခန္းတြင္ ဒုရဲမႈးေဇာ္ၫြန႔္ တာဝန္ထမ္းေဆာင္ေနစဥ္

ဦးေက်ာ္ဦး(၃၂)ႏွစ္၊ လယ္ယာလုပ္၊ မက်ီးေပါက္ကုန္းအုပ္စု၊ ေက်ာက္ဖူးေက်း႐ြာေနထိုင္သူက ၎သည္ ၁၈.၁၀.၂၀၂၀ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ခန႔္တြင္

ေ႐ႊေတာင္ၿမိဳ႕မရဲစခန္းအပိုင္၊ ရဲစခန္းအေနာက္ေတာင္ဘက္ (၆)မိုင္ (၃)ဖာလုံခန႔္အကြာ ေက်ာက္ဖူးေက်း႐ြာေတာင္ဘက္ ၿခံဝန္းအတြင္း

ဇနီးျဖစ္သူ ေဒၚေအးစန္း(၄၂)ႏွစ္ႏွင့္အတူ အလုပ္လုပ္ေနစဥ္ ေနအိမ္ေျခရင္းကပ္ေနထိုင္သူ ကိုရဲလင္းေအာင္က ဦးေက်ာ္ဦး၏ သမီးမျပည့္ျပည့္ဇြန္(၅)ႏွစ္မွာ ကစားရင္းေပ်ာက္ဆုံးေနသျဖင့္

ေတာင္ယာအတြင္းရွိမရွိဖုန္းဆက္သြယ္ေမးျမန္းရာမွ သမီးျဖစ္သူေပ်ာက္ဆုံးေနေၾကာင္းသိရွိရေသာေၾကာင့္

အသိမိတ္ေဆြအိမ္နီးနားခ်င္းမ်ားႏွင့္ သမီးျဖစ္သူသြားလာတတ္ေသာေနရာမ်ားသို႔ လိုက္လံရွာေဖြေသာ္လည္း မေတြ႕ရွိေတာ့သျဖင့္

၁၉.၁၀.၂၀၂၀ ရက္ မြန္းလြဲ ၁၂ နာရီ ၄၀ မိနစ္အခ်ိန္တြင္

ဖခင္ဦးေက်ာ္ဦးမွ လူေပ်ာက္တိုင္တန္းခဲ့ရာ ေ႐ႊေတာင္ၿမိဳ႕မရဲစခန္း လူေပ်ာက္အမွတ္စဥ္(၄/၂၀၂၀)အရ ဖြင့္လွစ္ၿပီး ဒုရဲအုပ္စိုင္းျမေအာင္က စုံစမ္းစစ္ေဆးခဲ့သည္ဟုဆို၏။

အသတ္ခံရေသာအေလာင္းသာေတြ႕ရ

ထိုသို႔ မျပည့္ျပည့္ဇြန္(၅)ႏွစ္သမီးေလးေပ်ာက္ဆုံးမႈကို အမႈေရးဖြင့္ၿပီးသည္ႏွင့္ ေ႐ႊေတာင္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ပရဟိတညီအကိုမ်ား၊ ႐ြာသူ႐ြာသားမ်ား

လူအင္အား(၃၀)ခန႔္ႏွင့္ ေန႔စဥ္ရွာေဖြၾကရာမွ ၂၆.၁၀.၂၀၂၀ ရက္မြန္းလြဲ ၁ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္တြင္ တရားလိုဦးေက်ာ္ဦးႏွင့္အတူ ေ႐ႊေတာင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႈး ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊

ေက်ာက္ဖူးေက်း႐ြာေန႐ြာသူ႐ြာသားမ်ားႏွင့္ ဆက္လက္ရွာေဖြၾကရာ ေ႐ႊေတာင္ၿမိဳ႕ေက်ာက္ဖူးေက်း႐ြာႏွင့္ ကံသုံးဆင့္ေက်း႐ြာအၾကား

ေက်း႐ြာခ်င္းဆက္ေဒသဖြံ႕ၿဖိဳးေရးလမ္းနေဘးရွိ လယ္ကြင္းအတြင္းစပါးပင္မ်ားေပၚ၌ ေမွာက္လ်က္ေသဆုံးေနေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးၾကည့္ရႈရာ

သမီးျဖစ္သူမျပည့္ျပည့္ဇြန္(၅)ႏွစ္တြင္ နဖူး႐ိုးကြဲေၾက၊ ခ်ိဳင့္ဝင္ဒဏ္ရာျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရေသာေၾကာင့္

သမီးျဖစ္သူကိုအသက္ေသဆုံးေစရန္သတ္သြားသူကို စုံစမ္းေဖာ္ထုတ္ၿပီး ဥပေဒအရအေရးယူေပးပါရန္ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ

ေ႐ႊေတာင္ၿမိဳ႕မရဲစခန္း (ပ)၃၇၁/၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရအမႈေရးဖြင့္ကာ အမႈစစ္ဒုရဲမႈးေဇာ္ၫြန႔္က လက္ခံစစ္ေဆးေနေၾကာင္းသိရသည္။

စုံစမ္းၿပီ

အမႈစစ္စခန္းမႈး ဒုရဲမႈးေဇာ္ၫြန႔္ႏွင့္ နယ္ထိန္း တပ္ဖြဲ႕ဝင္တို႔က အခင္းျဖစ္အရပ္အေသးစိပ္စစ္ေဆးျခင္း၊ ေျမပုံၾကမ္းေရးဆြဲျခင္း၊

မွတ္တမ္းပုံ႐ိုက္ကူးျခင္း၊ ေသဆုံးသူအေလာင္းကို ရဲေဆးစာႏွင့္အတူ ထင္ျမင္ခ်က္ေတာင္းခံထားရွိရန္ ေ႐ႊေတာင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ

တရားလိုကိုအေသးစိပ္ ေမးျမန္းျခင္း၊ ပါတ္ဝန္းက်င္သက္ေသတစ္ခ်ိဳ႕ကိုစစ္ေမးျခင္း၊ ျပစ္မႈက်ဴးလြန္သူကို အျမန္ဆုံး ဖမ္းဆီးရမိေစေရးစုံစမ္းေနေၾကာင္းသိရသည္။

ဖမ္းဆီးရမိၿပီ

အမႈမွျပစ္မႈ က်ဴးလြန္သြားသူကို ျပည္ခ႐ိုင္ရဲတပ္ဖြဲ႕မႈး၏ ႀကီးၾကပ္ကြပ္ကဲမႈႏွင့္ ခ႐ိုင္ရဲတပ္ဖြဲ႕မႈခင္း ႏွိမ္ႏွင္းေရးဌာနစုမွ ရဲအုပ္ေစာကိုကိုဝင္း ဦးစီးအဖြဲ႕

ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႈး၏တပ္ဖြဲ႕ဝင္မ်ား၊အမႈစစ္စခန္းမႈးေဇာ္ၫြန႔္ဦးစီးအဖြဲ႕တို႔ပါဝင္ေသာအထူးအမႈစစ္အဖြဲ႕မွ သက္ေသ

ၾကာနီကန္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးဦးရဲတင့္တို႔က ပူးေပါင္းစုံစမ္းေဖာ္ထုတ္ခဲ့ရာမွ ျပစ္မႈက်ဴးလြန္သူမွာ

ခင္ဝင္း(၅၅)ႏွစ္၊ လယ္လုပ္ႏွင့္ လွသန္း(၅၁)ႏွစ္၊ လယ္လုပ္သူတို႔ႏွစ္ဦးကို ၂၈.၁၀.၂၀၂၀ ရက္နံနက္ပိုင္း အခ်ိန္ဖမ္းဆီးစစ္ေဆးခဲ့ရာ

ခင္ဝင္းဆိုသူက ၎က်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ေၾကာင္းသိရသည္။

ဝန္ခံေျဖာင့္ခ်က္ေပး

ျပစ္မႈက်ဴးလြန္သူ ခင္ဝင္းကို အထူးအမႈစစ္အဖြဲ႕ကသက္ေသမ်ားေရွ႕တြင္ စစ္ေဆးခဲ့ရာေသဆုံးသူ

မျပည့္ျပည့္ဇြန္(၅)ႏွစ္ (ေမြးသကၠရာဇ္ ၄ ႏွစ္၂ လ) ၏ မိဘမ်ားသည္ ၎တို႔ထံကေငြေခ်းယူထားမႈမ်ားရွိခဲ့ေၾကာင္း၊

ေပးရန္ရွိေသာ ေခ်းယူထားေသာေငြမ်ားကို ျပန္လည္ေပးဆပ္ႏိုင္ခ်င္းမရွိျခင္းအေပၚ အၿငိဳးအေတးထားကာ ေသဆုံးသူေဆာ့ကစားေနရာက

၎တို႔ဘက္ေရာက္လာခ်ိန္ ဖမ္းဆီးလည္ပင္းညႇစ္ခဲ့ေၾကာင္း၊

ကေလးမေလးေပ်ာ့ေခြသြားခ်ိန္တြင္ ႐ြံ႕ေစးတို႔ႏွင့္မံထားေသာ တလင္းအမာတြင္ ကိုင္ေဆာင့္ကာသတ္ျပစ္ခဲ့ၿပီး

လူအသြားအလာမရွိခ်ိန္ စပါးပင္ထဲတြင္သြားေရာက္ျပစ္ထားကာ ဟန္မပ်က္ျပန္ေနခဲ့ေၾကာင္း

ေပၚေပါက္ကာက်ဴးလြန္သူ ခင္ဝင္းမွ ျပစ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆိုသျဖင့္

ေ႐ႊေတာင္ၿမိဳ႕နယ္တရား႐ုံးတြင္ စခန္းမုး ဒုရဲမႉး ေဇာ္ၫႊန႔္မွ ေျဖာင့္ခ်က္ရယူေရး ေဆာင္႐ြက္လွ်က္ရွိကာ

အမႈအားခိုင္မာစြာတည္ေဆာက္၍ တရားစြဲဆိုေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ျမင့္ေအာင္(ေ႐ႊေတာင္)S.H

ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္

(Unicode)

မိဘတွေ၏ ငွေကြေးပြသနာအတွက် (၄နှစ်၂လ) ၅ နှစ် သမီးလေးကိုသတ်ခဲ့ပါတယ်ဆိုပြီး ကျူးလွန်သူကဝန်ခံသော ရွှေတောင်မြို့ကလူသတ်မှု

သမီးလေးပျောက်နေလို့လူပျောက်တိုင်..ရှာဖွေ

အမှုဖြစ်စဉ်မှာ၂၆.၁၀.၂၀၂၀ ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့မရဲစခန်းတွင် ဒုရဲမှုးဇော်ညွန့် တာဝန်ထမ်းဆောင်နေစဉ်

ဦးကျော်ဦး(၃၂)နှစ်၊ လယ်ယာလုပ်၊ မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာနေထိုင်သူက ၎င်းသည် ၁၈.၁၀.၂၀၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်

ရွှေတောင်မြို့မရဲစခန်းအပိုင်၊ ရဲစခန်းအနောက်တောင်ဘက် (၆)မိုင် (၃)ဖာလုံခန့်အကွာ ကျောက်ဖူးကျေးရွာတောင်ဘက် ခြံဝန်းအတွင်း

ဇနီးဖြစ်သူ ဒေါ်အေးစန်း(၄၂)နှစ်နှင့်အတူ အလုပ်လုပ်နေစဉ် နေအိမ်ခြေရင်းကပ်နေထိုင်သူ ကိုရဲလင်းအောင်က ဦးကျော်ဦး၏ သမီးမပြည့်ပြည့်ဇွန်(၅)နှစ်မှာ ကစားရင်းပျောက်ဆုံးနေသဖြင့်

တောင်ယာအတွင်းရှိမရှိဖုန်းဆက်သွယ်မေးမြန်းရာမှ သမီးဖြစ်သူပျောက်ဆုံးနေကြောင်းသိရှိရသောကြောင့်

အသိမိတ်ဆွေအိမ်နီးနားချင်းများနှင့် သမီးဖြစ်သူသွားလာတတ်သောနေရာများသို့ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိတော့သဖြင့်

၁၉.၁၀.၂၀၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင်

ဖခင်ဦးကျော်ဦးမှ လူပျောက်တိုင်တန်းခဲ့ရာ ရွှေတောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၄/၂၀၂၀)အရ ဖွင့်လှစ်ပြီး ဒုရဲအုပ်စိုင်းမြအောင်က စုံစမ်းစစ်ဆေးခဲ့သည်ဟုဆို၏။

အသတ်ခံရသောအလောင်းသာတွေ့ရ

ထိုသို့ မပြည့်ပြည့်ဇွန်(၅)နှစ်သမီးလေးပျောက်ဆုံးမှုကို အမှုရေးဖွင့်ပြီးသည်နှင့် ရွှေတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတညီအကိုများ၊ ရွာသူရွာသားများ

လူအင်အား(၃၀)ခန့်နှင့် နေ့စဉ်ရှာဖွေကြရာမှ ၂၆.၁၀.၂၀၂၀ ရက်မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် တရားလိုဦးကျော်ဦးနှင့်အတူ ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးစီးတပ်ဖွဲ့ဝင်များ၊

ကျောက်ဖူးကျေးရွာနေရွာသူရွာသားများနှင့် ဆက်လက်ရှာဖွေကြရာ ရွှေတောင်မြို့ကျောက်ဖူးကျေးရွာနှင့် ကံသုံးဆင့်ကျေးရွာအကြား

ကျေးရွာချင်းဆက်ဒေသဖွံ့ဖြိုးရေးလမ်းနဘေးရှိ လယ်ကွင်းအတွင်းစပါးပင်များပေါ်၌ မှောက်လျက်သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးကြည့်ရှုရာ

သမီးဖြစ်သူမပြည့်ပြည့်ဇွန်(၅)နှစ်တွင် နဖူးရိုးကွဲကြေ၊ ချိုင့်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့်

သမီးဖြစ်သူကိုအသက်သေဆုံးစေရန်သတ်သွားသူကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ

ရွှေတောင်မြို့မရဲစခန်း (ပ)၃၇၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုရေးဖွင့်ကာ အမှုစစ်ဒုရဲမှုးဇော်ညွန့်က လက်ခံစစ်ဆေးနေကြောင်းသိရသည်။

စုံစမ်းပြီ

အမှုစစ်စခန်းမှုး ဒုရဲမှုးဇော်ညွန့်နှင့် နယ်ထိန်း တပ်ဖွဲ့ဝင်တို့က အခင်းဖြစ်အရပ်အသေးစိပ်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊

မှတ်တမ်းပုံရိုက်ကူးခြင်း၊ သေဆုံးသူအလောင်းကို ရဲဆေးစာနှင့်အတူ ထင်မြင်ချက်တောင်းခံထားရှိရန် ရွှေတောင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ

တရားလိုကိုအသေးစိပ် မေးမြန်းခြင်း၊ ပါတ်ဝန်းကျင်သက်သေတစ်ချို့ကိုစစ်မေးခြင်း၊ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိစေရေးစုံစမ်းနေကြောင်းသိရသည်။

ဖမ်းဆီးရမိပြီ

အမှုမှပြစ်မှု ကျူးလွန်သွားသူကို ပြည်ခရိုင်ရဲတပ်ဖွဲ့မှုး၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ခရိုင်ရဲတပ်ဖွဲ့မှုခင်း နှိမ်နှင်းရေးဌာနစုမှ ရဲအုပ်စောကိုကိုဝင်း ဦးစီးအဖွဲ့

မြို့နယ်ရဲတပ်ဖွဲ့မှုး၏တပ်ဖွဲ့ဝင်များ၊အမှုစစ်စခန်းမှုးဇော်ညွန့်ဦးစီးအဖွဲ့တို့ပါဝင်သောအထူးအမှုစစ်အဖွဲ့မှ သက်သေ

ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးဦးရဲတင့်တို့က ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူမှာ

ခင်ဝင်း(၅၅)နှစ်၊ လယ်လုပ်နှင့် လှသန်း(၅၁)နှစ်၊ လယ်လုပ်သူတို့နှစ်ဦးကို ၂၈.၁၀.၂၀၂၀ ရက်နံနက်ပိုင်း အချိန်ဖမ်းဆီးစစ်ဆေးခဲ့ရာ

ခင်ဝင်းဆိုသူက ၎င်းကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်းသိရသည်။

ဝန်ခံဖြောင့်ချက်ပေး

ပြစ်မှုကျူးလွန်သူ ခင်ဝင်းကို အထူးအမှုစစ်အဖွဲ့ကသက်သေများရှေ့တွင် စစ်ဆေးခဲ့ရာသေဆုံးသူ

မပြည့်ပြည့်ဇွန်(၅)နှစ် (မွေးသက္ကရာဇ် ၄ နှစ်၂ လ) ၏ မိဘများသည် ၎င်းတို့ထံကငွေချေးယူထားမှုများရှိခဲ့ကြောင်း၊

ပေးရန်ရှိသော ချေးယူထားသောငွေများကို ပြန်လည်ပေးဆပ်နိုင်ချင်းမရှိခြင်းအပေါ် အငြိုးအတေးထားကာ သေဆုံးသူဆော့ကစားနေရာက

၎င်းတို့ဘက်ရောက်လာချိန် ဖမ်းဆီးလည်ပင်းညှစ်ခဲ့ကြောင်း၊

ကလေးမလေးပျော့ခွေသွားချိန်တွင် ရွံ့စေးတို့နှင့်မံထားသော တလင်းအမာတွင် ကိုင်ဆောင့်ကာသတ်ပြစ်ခဲ့ပြီး

လူအသွားအလာမရှိချိန် စပါးပင်ထဲတွင်သွားရောက်ပြစ်ထားကာ ဟန်မပျက်ပြန်နေခဲ့ကြောင်း

ပေါ်ပေါက်ကာကျူးလွန်သူ ခင်ဝင်းမှ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့်

ရွှေတောင်မြို့နယ်တရားရုံးတွင် စခန်းမုး ဒုရဲမှူး ဇော်ညွှန့်မှ ဖြောင့်ချက်ရယူရေး ဆောင်ရွက်လျှက်ရှိကာ

အမှုအားခိုင်မာစွာတည်ဆောက်၍ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်အောင်(ရွှေတောင်)S.H

ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *