ဆံပင်ရှည်လာတိုင်း ပိုင်တံခွန်နဲ့မှားကြလွန်းလို့ ကတုံးတုံးပြီး Mask တပ်ထားရတဲ့ဘဝပါဆိုတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း
















(Unicode)

ဆံပင်ရှည်လာတိုင်း ပိုင်တံခွန်နဲ့မှားကြလွန်းလို့ ကတုံးတုံးပြီး Msak တပ်ထားရတဲ့ဘဝပါလို့ ရုပ်တည်ကြီးနဲ့စနောက်လိုက်တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သူ မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာလောကကနေ အနားယူခဲ့ပေမယ့်လည်း

အောင်မြင်မှုတွေကို အခုချိန်အထိ ရရှိနေဆဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်က ကိုယ်ပိုင်ဘဝလေးနဲ့ အေးအေးဆေးဆေး နေထိုင်နေတာဖြစ်ပြီး

လူမှုကွန်ယက်စာမျက်နှာထက်ကတစ်ဆင့် သူမရဲ့လှုပ်ရှားမှုလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း နန္ဒာလှိုင့်ကို အမြဲတမ်းချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကတော့ ဂရုတစိုက်ချစ်ပေးတဲ့ခင်ပွန်းနဲ့ ချစ်စရာသမီးလေးတွေကြောင့်

အရာရာ ပြီးပြည့်စုံနေတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူ ဇေသီဟက ပျော်ပျော်နေတတ်သူဖြစ်ပြီး

အမြဲတမ်းရယ်စရာအဖြစ်အပျက်လေးတွေကို တင်လေ့ရှိတာ ဖြစ်ပါတယ်။

အခုလည်း ဇေသီဟက ပိုင်တံခွန်နဲ့ပုံလေးကို အတူတွဲတင်ပြီး ရုပ်တည်ကြီးနဲ့ စနောက်လိုက်တာပဲ ဖြစ်ပါတယ် ။

ဇေသီဟကတော့ “Covid ကာလ ဆံပင်တွေရှည်လာတိုင်း ပိုင်တံခွန်နဲ့ မှားကြလွန်းလို့

ကတုံးတုံးပြီး Mask တပ်ထားရတဲ့ဘဝပါ ” ဆိုပြီး အားလုံးပျော်ရအောင် ကျီစယ်လိုက်တာပဲ ဖြစ်ပါတယ်။

ဇေသီဟကတော့ ချစ်ဇနီးနန္ဒာလှိုင့်အပေါ်မှာ တာဝန်ကျေပွန်သလို မိသားစုကိုလည်း အပြည့်အဝ စောင့်ရှောက်နိုင်သူ ဖြစ်ပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် နန္ဒာလှိုင်တို့စုံတွဲနဲ့ ပိုင်တံခွန်ရဲ့ အမှတ်တရပုံလေးတွေကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Zay Thiha

credit – Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *