ကိုဗစ္ ပထမလႈိင္းကတည္းက ပရဟိတအလုပ္ေတြ လုပ္ကိုင္ေနတဲ့ ေအာင္ေသာ္

COVID-19 ေရာဂါ ျမန္မာႏိုင္ငံကို စတင္ ဝင္ေရာက္လာခ်ိန္မွ စၿပီး ယခုခ်ိန္ထိ Volunteer လုပ္ကိုင္ေနတဲ့ လူ႐ႊင္ေတာ္ ေအာင္ေသာ္က သူ႔ေန႔စဥ္ လုပ္ကိုင္ေနရတဲ့ ပရဟိတ အလုပ္ေတြအေၾကာင္း အခုလိုပဲ ေျပာပါတယ္။

“ေန႔စဥ္ လုပ္ရတဲ့ ပရဟိလုပ္ငန္းကေတာ့ Positive Contact ေတြ သယ္ရတယ္။ ေဆးေတြ ဖ်န္းရတယ္။ ရက္ျပည့္လို႔ ျပန္ရမယ့္သူေတြ ကို ျပန္ပို႔တယ္။ ဒါေတြက ေန႔စဥ္ လုပ္ေနရတာေတြေပါ့။ ခက္ခဲမႈကေတာ့ သိပ္မရွိဘူး။ လုပ္လာတာလည္း ၇ လေက်ာ္ေလာက္ ရွိေနၿပီဆိုေတာ့ ခက္ခဲမႈ မရွိဘူး။ ေန႔စဥ္ ကားဆီဖိုး၊ ျပင္ဆင္စရိတ္တို႔ ကုန္တာေပါ့။ ဦးေဇာ္ေဇာ္တို႔ကလည္း ဆီဖိုး တလ ကူညီေပးခဲ့တယ္။ ေက်းဇူးတင္ပါတယ္။ အခုေတာ့ ဆီဖိုး လွည့္ပတ္ေနရတယ္”လို႔ ေအာင္ေသာ္က ေျပာပါတယ္။

ေရာဂါက ေလ်ာ့မသြားဘဲ တရက္ထက္ တရက္ ပိုတိုးလာတာေၾကာင့္ မလိုအပ္ရင္ အျပင္မထြက္ၾကပါနဲ႔လို႔ ေအာင္ေသာ္က ဆိုပါတယ္။

“ဒီလိုပါပဲ အခုေတာ့ အသင္းကို ေရရွည္ရပ္တည္ႏိုင္ေအာင္ ကံစမ္းမဲ လုပ္ေနပါတယ္။ အျပင္ထြက္ၿပီးအလုပ္လုပ္ေနၾကတဲ့သူေတြ Mask ကို ေသခ်ာ တပ္ဖို႔ ေျပာခ်င္တယ္။ အသက္ရႈလမ္းေၾကာင္းနဲ႔ ဆိုင္တဲ့ေရာဂါဆိုေတာ့ အျပင္ထြက္ဖို႔ မလိုရင္ေတာ့ မထြက္ၾကနဲ႔ေပါ့။ ထြက္ဖို႔ လိုရင္ေတာ့ ထြက္ၾကေပါ့။ ေရာဂါက တိုးတိုးလာတယ္ပဲ ရွိတယ္။ ေလ်ာ့မသြားဘူး။ အသက္အႏၲရာယ္ ရွိတယ္။ လက္မေဆးရင္ေတာင္၊ Mask တပ္ရင္ အႏၲရာယ္ကင္းပါတယ္”လို႔ ေအာင္ေသာ္က ေျပာပါတယ္။

ကိုယ္တိုင္လည္း Volunteer လုပ္သလို၊ ဇနီးနဲ႔ သမီးျဖစ္သူကိုလည္း Volunteer အေနနဲ႔ COVID-19 လူငယ္ေရးရာ အဖြဲ႕ထဲ ထည့္ထားတယ္လို႔ ဆိုပါတယ္။

“က်ေနာ္တို႔ ရန္ကုန္က စီးပြားေရး ၿမိဳ႕ေတာ္လည္း ျဖစ္တယ္။ အဓိက အခ်က္အခ်ာက်တဲ့ ေနရာလည္း ျဖစ္တဲ့အတြက္ စည္းကမ္းေလး လိုက္နာၾကရင္ အေကာင္းဆုံးေပါ့။ ဘယ္ခ်ိန္ၿပီးမလဲ မသိတဲ့ ဒီေရာဂါႀကီး ျမန္ျမန္ ၿပီးဆုံးသြားရင္ အေကာင္းဆုံးေပါ့။ က်ေနာ္တို႔လည္း ပြဲေတြ ကခ်င္ေနၿပီ။ ပြဲကခဲ့တာေတြကို သတိရေနၿပီ”

“က်ေနာ့္ အမ်ိဳးသမီးနဲ႔ သမီးလည္း Second wave မွာ Volunteer လုပ္ေနၾကတယ္။ က်ေနာ့္ဆီမွာေတာ့ မဟုတ္ဘူး။ Volunteer COVID-19 လူငယ္ေရးရာ အဖြဲ႕ထဲ ထည့္ေပးထားတယ္။ က်ေနာ္လည္း သြားေတြ႕လို႔ ရတယ္ေလ”လို႔ ေအာင္ေသာ္က ေျပာပါတယ္။

Volunteer လုပ္ကိုင္ေနတဲ့ ပုံကို ပန္းခ်ီဆြဲေပးတဲ့အတြက္ အရမ္းေပ်ာ္တယ္လို႔ သူက ဆိုပါတယ္။

“က်ေနာ့္ ပုံေလးကို ပန္းခ်ီေလးဆြဲေပးတာ ေက်းဇူးတင္တယ္။ က်ေနာ့္မွာ မွတ္တမ္းဆိုတာ မရွိခဲ့ဘူး။ ငယ္ငယ္တုန္းက ပုံေတြေတာင္မရွိဘူး။ က်ေနာ့္ကို ကိုဝင္းေမာင္ေမာင္ ပန္းခ်ီဆရာကေန က်ေနာ့္ ပုံေလးဆြဲေပးေတာ့ ေပ်ာ္တာေပါ့။ အမွတ္တရလည္း ျဖစ္တယ္။ ေပ်ာ္ရပါတယ္။ အရမ္းပင္ပန္းတာေတြ ရလိုက္ေတာ့ အရမ္းစိတ္ေပ်ာ္႐ႊင္ရတယ္”လို႔ ေအာင္ေသာ္က ေျပာပါတယ္။

လူ႐ႊင္ေတာ္ ေအာင္ေသာ္ဟာ လက္ရွိ ကိုဗစ္ကာလမွာ Volunteer တေယာက္အေနနဲ႔ သူ႔ရဲ႕ GMW ပရဟိတအသင္းနဲ႔ အတူ ပရဟိတအလုပ္ေတြ လုပ္ေဆာင္ေနသူ ျဖစ္ပါတယ္။ ေအာင္ေသာ္ကေတာ့ “Five Star” လူ႐ႊင္ေတာ္အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ တဦးျဖစ္ၿပီး ဟာသ သ႐ုပ္ေဆာင္တဦးလည္း ျဖစ္ပါတယ္။

ခ်စ္ပိုး / ဧရာ၀တီ

(Unicode)

ကိုဗစ် ပထမလှိုင်းကတည်းက ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ အောင်သော်

COVID-19 ရောဂါ မြန်မာနိုင်ငံကို စတင် ဝင်ရောက်လာချိန်မှ စပြီး ယခုချိန်ထိ Volunteer လုပ်ကိုင်နေတဲ့ လူရွှင်တော် အောင်သော်က သူ့နေ့စဉ် လုပ်ကိုင်နေရတဲ့ ပရဟိတ အလုပ်တွေအကြောင်း အခုလိုပဲ ပြောပါတယ်။

“နေ့စဉ် လုပ်ရတဲ့ ပရဟိလုပ်ငန်းကတော့ Positive Contact တွေ သယ်ရတယ်။ ဆေးတွေ ဖျန်းရတယ်။ ရက်ပြည့်လို့ ပြန်ရမယ့်သူတွေ ကို ပြန်ပို့တယ်။ ဒါတွေက နေ့စဉ် လုပ်နေရတာတွေပေါ့။ ခက်ခဲမှုကတော့ သိပ်မရှိဘူး။ လုပ်လာတာလည်း ၇ လကျော်လောက် ရှိနေပြီဆိုတော့ ခက်ခဲမှု မရှိဘူး။ နေ့စဉ် ကားဆီဖိုး၊ ပြင်ဆင်စရိတ်တို့ ကုန်တာပေါ့။ ဦးဇော်ဇော်တို့ကလည်း ဆီဖိုး တလ ကူညီပေးခဲ့တယ်။ ကျေးဇူးတင်ပါတယ်။ အခုတော့ ဆီဖိုး လှည့်ပတ်နေရတယ်”လို့ အောင်သော်က ပြောပါတယ်။

ရောဂါက လျော့မသွားဘဲ တရက်ထက် တရက် ပိုတိုးလာတာကြောင့် မလိုအပ်ရင် အပြင်မထွက်ကြပါနဲ့လို့ အောင်သော်က ဆိုပါတယ်။

“ဒီလိုပါပဲ အခုတော့ အသင်းကို ရေရှည်ရပ်တည်နိုင်အောင် ကံစမ်းမဲ လုပ်နေပါတယ်။ အပြင်ထွက်ပြီးအလုပ်လုပ်နေကြတဲ့သူတွေ Mask ကို သေချာ တပ်ဖို့ ပြောချင်တယ်။ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါဆိုတော့ အပြင်ထွက်ဖို့ မလိုရင်တော့ မထွက်ကြနဲ့ပေါ့။ ထွက်ဖို့ လိုရင်တော့ ထွက်ကြပေါ့။ ရောဂါက တိုးတိုးလာတယ်ပဲ ရှိတယ်။ လျော့မသွားဘူး။ အသက်အန္တရာယ် ရှိတယ်။ လက်မဆေးရင်တောင်၊ Mask တပ်ရင် အန္တရာယ်ကင်းပါတယ်”လို့ အောင်သော်က ပြောပါတယ်။

ကိုယ်တိုင်လည်း Volunteer လုပ်သလို၊ ဇနီးနဲ့ သမီးဖြစ်သူကိုလည်း Volunteer အနေနဲ့ COVID-19 လူငယ်ရေးရာ အဖွဲ့ထဲ ထည့်ထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ရန်ကုန်က စီးပွားရေး မြို့တော်လည်း ဖြစ်တယ်။ အဓိက အချက်အချာကျတဲ့ နေရာလည်း ဖြစ်တဲ့အတွက် စည်းကမ်းလေး လိုက်နာကြရင် အကောင်းဆုံးပေါ့။ ဘယ်ချိန်ပြီးမလဲ မသိတဲ့ ဒီရောဂါကြီး မြန်မြန် ပြီးဆုံးသွားရင် အကောင်းဆုံးပေါ့။ ကျနော်တို့လည်း ပွဲတွေ ကချင်နေပြီ။ ပွဲကခဲ့တာတွေကို သတိရနေပြီ”

“ကျနော့် အမျိုးသမီးနဲ့ သမီးလည်း Second wave မှာ Volunteer လုပ်နေကြတယ်။ ကျနော့်ဆီမှာတော့ မဟုတ်ဘူး။ Volunteer COVID-19 လူငယ်ရေးရာ အဖွဲ့ထဲ ထည့်ပေးထားတယ်။ ကျနော်လည်း သွားတွေ့လို့ ရတယ်လေ”လို့ အောင်သော်က ပြောပါတယ်။

Volunteer လုပ်ကိုင်နေတဲ့ ပုံကို ပန်းချီဆွဲပေးတဲ့အတွက် အရမ်းပျော်တယ်လို့ သူက ဆိုပါတယ်။

“ကျနော့် ပုံလေးကို ပန်းချီလေးဆွဲပေးတာ ကျေးဇူးတင်တယ်။ ကျနော့်မှာ မှတ်တမ်းဆိုတာ မရှိခဲ့ဘူး။ ငယ်ငယ်တုန်းက ပုံတွေတောင်မရှိဘူး။ ကျနော့်ကို ကိုဝင်းမောင်မောင် ပန်းချီဆရာကနေ ကျနော့် ပုံလေးဆွဲပေးတော့ ပျော်တာပေါ့။ အမှတ်တရလည်း ဖြစ်တယ်။ ပျော်ရပါတယ်။ အရမ်းပင်ပန်းတာတွေ ရလိုက်တော့ အရမ်းစိတ်ပျော်ရွှင်ရတယ်”လို့ အောင်သော်က ပြောပါတယ်။

လူရွှင်တော် အောင်သော်ဟာ လက်ရှိ ကိုဗစ်ကာလမှာ Volunteer တယောက်အနေနဲ့ သူ့ရဲ့ GMW ပရဟိတအသင်းနဲ့ အတူ ပရဟိတအလုပ်တွေ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ အောင်သော်ကတော့ “Five Star” လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးဖြစ်ပြီး ဟာသ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။

ချစ်ပိုး / ဧရာဝတီ

Leave a Reply

Your email address will not be published. Required fields are marked *