“အပ်ိဳႀကီး မလုပ္ပါဘူး”လို႔ ေျပာတဲ့ အဆိုေတာ္ မီးႏို

“အပ်ိဳႀကီး မလုပ္ပါဘူး”လို႔ ေျပာတဲ့ အဆိုေတာ္ မီးႏို

သီခ်င္းေအးေအးေလးေတြ သီဆိုတတ္တဲ့ အဆိုေတာ္ မီးႏိုက လက္ရွိ အခ်စ္ေရးကေတာ့ တေယာက္တည္းျဖစ္ၿပီး အပ်ိဳႀကီးလုပ္ဖို႔ေတာ့ အစီအစဥ္ မရွိဘူးလို႔ ဆိုပါတယ္။

“လက္ရွိ အခ်စ္ေရးကေတာ့ တေယာက္တည္းပါပဲ။ ကိုယ္ Crush ေနတဲ့သူေတာ့ ရွိတယ္။ အပ်ိဳႀကီးေတာ့ မလုပ္ပါဘူး။ ေလာေလာဆယ္ေတာ့ မီးႏိုက အခုေတာ့ Single ပါပဲ။ မီးႏိုႀကိဳက္တဲ့ ပုံစံက တည္ၾကည္ရမယ္။ စကားေျပာ ယဥ္ေက်းရမယ္။ အရပ္ရွည္ရမယ္။ စကားေျပာရင္ တည္တည္တံ့တံ့ေလးနဲ႔ အဲ့လိုေလးေတြ အရမ္းသေဘာက်တယ္”

“အဲ့လို ေကာင္ေလးကို လိုခ်င္တယ္။ အခုေတာ့ မီးႏိုအလုပ္ကိုပဲ ဦးစားေပးဦးမယ္။ အလုပ္လုပ္ရရင္ ေပ်ာ္တယ္။ သီခ်င္းရွိရင္ ေပ်ာ္တယ္။ မီးႏိုတို႔က အသက္အ႐ြယ္ ရလာဦးမွာ။ အသက္မႀကီးခင္ သီခ်င္းေတြ အမ်ားႀကီး ခ်ျပခ်င္ေသးတယ္။ ဂီတနဲ႔ ပတ္သက္တာေတြ ေတာက္ေလွ်ာက္ လုပ္ၿပီးမွ အခ်စ္ေရးစဥ္းစားမွာပါ”လို႔ မီးႏိုက ေျပာပါတယ္။

လူငယ္ေတြကိုလည္း ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါလို႔ မီးႏိုက အႀကံေပးေျပာထားပါတယ္။

“ေမာင္ေလးေတြ၊ ညီမေလးေတြ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါ။ ကိုယ္တကယ္ ဒီလူကို ခ်စ္တယ္ဆိုရင္လည္း ကိုယ္တကယ္ လက္တြဲႏိုင္တဲ့ လက္တြဲေဖာ္ျဖစ္ရင္ ေကာင္းတယ္။ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားမွ တဖက္က ေယာက်ာ္းေလးကလည္း ကိုယ့္ကို တန္ဖိုးထားမွာျဖစ္တယ္။ မီးႏိုကေတာ့ ေပေပေတေတ စိတ္ကို ေနတတ္တယ္။ မိန္းကေလးဆိုတာ သိုသိုသိပ္သိပ္နဲ႔ ေနသင့္တဲ့ေနရာ ေနရမယ္”

“ပြင့္လင္းသင့္ရင္ ပြင့္လင္းရမယ္။ မီးႏိုက ပြင့္လင္းတဲ့ထဲပါေတာ့ တကယ္ ကိုယ္သေဘာက်တဲ့ ေကာင္ေလးနဲ႔ ေတြ႕တဲ့အခါ ဒီဟာကို ခ်က္ခ်င္းျပန္ျပင္ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူး။ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားတတ္လာတယ္။ မီးႏို ကိုယ့္ကိုယ္ကို အရမ္းတန္ဖိုးထားေနပါတယ္။ လူငယ္ေတြလည္း ေျပာခ်င္တာက ကိုယ့္လက္တြဲေဖာ္ မေတြ႕ခင္ကတည္းက ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါ”လို႔ မီးႏိုက ေျပာပါတယ္။

အဆိုေတာ္ မီးႏိုကေတာ့ Melody World သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး Galaxy Star ၿပိဳင္ပြဲလည္း ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။ မီးႏိုရဲ႕ “အေႏွာင္အဖြဲ႕” သီခ်င္းကလည္း ပရိသတ္ၾကားမွာ အားေပးမႈ ရရွိခဲ့ပါတယ္။

ခ်စ္ပိုး / ဧရာ၀တီ

(Unicode)

“အပျိုကြီး မလုပ်ပါဘူး”လို့ ပြောတဲ့ အဆိုတော် မီးနို

သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော် မီးနိုက လက်ရှိ အချစ်ရေးကတော့ တယောက်တည်းဖြစ်ပြီး အပျိုကြီးလုပ်ဖို့တော့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

“လက်ရှိ အချစ်ရေးကတော့ တယောက်တည်းပါပဲ။ ကိုယ် Crush နေတဲ့သူတော့ ရှိတယ်။ အပျိုကြီးတော့ မလုပ်ပါဘူး။ လောလောဆယ်တော့ မီးနိုက အခုတော့ Single ပါပဲ။ မီးနိုကြိုက်တဲ့ ပုံစံက တည်ကြည်ရမယ်။ စကားပြော ယဉ်ကျေးရမယ်။ အရပ်ရှည်ရမယ်။ စကားပြောရင် တည်တည်တံ့တံ့လေးနဲ့ အဲ့လိုလေးတွေ အရမ်းသဘောကျတယ်”

“အဲ့လို ကောင်လေးကို လိုချင်တယ်။ အခုတော့ မီးနိုအလုပ်ကိုပဲ ဦးစားပေးဦးမယ်။ အလုပ်လုပ်ရရင် ပျော်တယ်။ သီချင်းရှိရင် ပျော်တယ်။ မီးနိုတို့က အသက်အရွယ် ရလာဦးမှာ။ အသက်မကြီးခင် သီချင်းတွေ အများကြီး ချပြချင်သေးတယ်။ ဂီတနဲ့ ပတ်သက်တာတွေ တောက်လျှောက် လုပ်ပြီးမှ အချစ်ရေးစဉ်းစားမှာပါ”လို့ မီးနိုက ပြောပါတယ်။

လူငယ်တွေကိုလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါလို့ မီးနိုက အကြံပေးပြောထားပါတယ်။

“မောင်လေးတွေ၊ ညီမလေးတွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ်တကယ် ဒီလူကို ချစ်တယ်ဆိုရင်လည်း ကိုယ်တကယ် လက်တွဲနိုင်တဲ့ လက်တွဲဖော်ဖြစ်ရင် ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှ တဖက်က ယောကျာ်းလေးကလည်း ကိုယ့်ကို တန်ဖိုးထားမှာဖြစ်တယ်။ မီးနိုကတော့ ပေပေတေတေ စိတ်ကို နေတတ်တယ်။ မိန်းကလေးဆိုတာ သိုသိုသိပ်သိပ်နဲ့ နေသင့်တဲ့နေရာ နေရမယ်”

“ပွင့်လင်းသင့်ရင် ပွင့်လင်းရမယ်။ မီးနိုက ပွင့်လင်းတဲ့ထဲပါတော့ တကယ် ကိုယ်သဘောကျတဲ့ ကောင်လေးနဲ့ တွေ့တဲ့အခါ ဒီဟာကို ချက်ချင်းပြန်ပြင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတယ်။ မီးနို ကိုယ့်ကိုယ်ကို အရမ်းတန်ဖိုးထားနေပါတယ်။ လူငယ်တွေလည်း ပြောချင်တာက ကိုယ့်လက်တွဲဖော် မတွေ့ခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ”လို့ မီးနိုက ပြောပါတယ်။

အဆိုတော် မီးနိုကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး Galaxy Star ပြိုင်ပွဲလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ မီးနိုရဲ့ “အနှောင်အဖွဲ့” သီချင်းကလည်း ပရိသတ်ကြားမှာ အားပေးမှု ရရှိခဲ့ပါတယ်။

ချစ်ပိုး / ဧရာဝတီ

Leave a Reply

Your email address will not be published. Required fields are marked *