













(Unicode)

အသက် (၃၀) အရွယ်မှာ စိတ်ကူးယဉ်မျှော်မှန်းထားသမျှအားလုံး အကောင်အထည်ပေါ်လာလို့ အတိုင်းမသိဝမ်းသာရကြောင်းပြောပြလာတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်ကတော့ လူလေးလှရုံသာမက စိတ်နှလုံးသားကောင်းမွန်သူလေးမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေအပေါ်မှာသာ ကြိုးစားရုံမှာသာမက စီးပွားရေးလုပ်ငန်းတွေအပေါ်မှာလည်း ရိုးသားစွာနဲ့ သမာအာဇီဝကျကျ ရှာဖွေသူလေး ဖြစ်ပါတယ်။

အခုဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ဘေဘီမောင်က မကြာခင်မှာလည်း သူမရဲ့ ကိုယ်ပိုင် အထည်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်တော့မှာမို့ စိတ်လှုပ်ရှားရင်ခုန်နေတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်က “ကျွန်မ ကိုယ်ပိုင်စီးပွားရေးလုပ်ရတာကို သသောကျတယ်❤️

တစ်နေ့နေ့တစ်ချိန်ချိန်မှာဖြစ်ရမယ်ဆိုတဲ့ အလုပ်လေးအကောင်ထည်ဖော်ရင်း လုပ်ငန်းလေးစလို့ရတော့မယ်❤️

ကျမအတိုင်းမသိဝမ်းသာရပါတယ်❤️

အသက်၃၀မှာကိုယ်ပိုင်ဆိုင်လုပ်ငန်းလေးအိုးမကွာအိမ်မကွာနဲ့လုပ်ရတော့မယ်❤️

ရှေ့ဆက်ပြီး ကြိုးစားရင်း💪🏻 မြန်မာဝတ်စုံနဲ့ပတ်သတ်ရင် ဘေဘီဆိုင်မှာလာဝယ်လို့ရအောင် Ready to wear လေးလဲထုတ်ထားပါတယ်ရှင့်❤️

မျက်နှာအတွက် Skincareမျိုးစုံနဲ့ အသားရေအတွက် collagen အဆီပိုတွေအတွက် အဆီကျ coffee ဆိုင်မှာရောင်းပေးပါမယ်လို့🥰”

ဆိုပြီး သူမရဲ့ ဆိုင်အသစ်လေးအတွက် ရင်ခုန်စွာနဲ့ ကြော်ငြာဝင်ထားပါတယ်။

ဘေဘီမောင်ကတော့ အသက် (၃၀) အရွယ်မှာ အိုးမကွာ၊ အိမ်မကွာ ဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ခဲ့လို့ အတိုင်းထက်အလွန် ဝမ်းသာနေရတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်တစ်ယောက် စိတ်ကူးသမျှ အကြံအစည်တွေ အထမြောက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Baby Maung’s fb

Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *