က်ားျဖဴတို႔ အေၾကာင္း သိေကာင္းစရာ

က်ားျဖဴဟာ albino ေရာဂါခံစားရတဲ့ က်ားမဟုတ္သလို က်ားအမ်ိဳးအစားကြဲတခုလည္းမဟုတ္ပဲ ဘဂၤလားက်ားေတြသာျဖစ္ပါတယ္။

ပုံမွန္က်ားေတြနဲ႔မတူတာကေတာ့ အျဖဴေရာင္ျဖစ္ေစမယ့္ ဗီဇမ်ိဳးေစ့ ပါဝင္လာခဲ့လို႔ ျဖစ္ပါတယ္။

က်ားျဖဴလို႔သာေခၚေပမယ့္ အျဖဴေရာင္ေပၚမွာ အညိဳ (သို႔) မီးခိုးေရာင္အစင္းေတြ ရွိေနၿပီး အျပာေရာင္မ်က္လုံးေတြကို ပိုင္ဆိုင္ထားပါတယ္။

အိႏၵိယမွာပဲ အမ်ားဆုံးေတြ႕ရေလ့ရွိလို႔ အိႏၵိယ က်ားျဖဴလို႔ ေခၚၾကေလ့ရွိပါတယ္။

ျမန္မာႏိုင္ငံက ရခိုင္႐ိုးမေဒသမွာ တခ်ိန္က ဒီက်ားျဖဴေတြ ရွိခဲ့ေပမယ့္ ယခုအခါမွာေတာ့ ေတြ႕ရျခင္း မရွိေတာ့ဘူးလို႔ သိရပါတယ္။

အိႏၵိယက မက္ယာပေဒ့ရွ္ ၊ အာသံ ၊ အေနာက္ဘဂၤလား ၊ ဘီဟာ နဲ႔ အိုဒီရွာ ျပည္နယ္ေတြမွာ က်က္စားခဲ့ၾကတယ္လို႔သိရပါတယ္။

ဒီက်ားေတြဟာ ပုံမွန္က်ားေတြထက္စာရင္ ႀကီးထြားမႈႏႈန္းပိုျမန္ကာ ၂ႏွစ္ နဲ႔ ၃ႏွစ္ၾကားမွာတင္ အ႐ြယ္ေရာက္ၿပီး ခႏၶာကိုယ္အလ်ား ၁၀ ေပ ဝန္းက်င္ခန႔္ ရွိတတ္သလို အေလးခ်ိန္အားျဖင့္ေတာ့ ၄၄၀ေပါင္ ကေန ၅၁၀ ေပါင္အထိ ရွိတတ္ပါတယ္။

အျခားက်ားေတြလိုပဲ ခႏၶာကိုယ္ေပၚက အစင္းေတြကေတာ့ တေကာင္နဲ႔ တေကာင္တူညီျခင္းမရွိပဲ မ်ိဳးစုံ ရွိတတ္ပါတယ္။

ဒီလို အေရာင္ပုံမွန္မဟုတ္တဲ့ က်ားျဖဴတေကာင္ေမြးလာဖို႔ ဆိုတာ ေမြးဖြားမႈ အႀကိမ္ ၁ေသာင္းခန႔္မွာ ၁ႀကိမ္ေလာက္ပဲ ျဖစ္ႏိုင္မွာပါ။

ခန႔္မွန္းခ်က္ေတြအရေတာ့ တကမာၻလုံးမွာဆိုရင္ေတာ့ က်ားျဖဴအေရအတြက္ဟာ ေကာင္ေရ ရာဂဏန္းသာ ရွိေတာ့တာျဖစ္ၿပီး အိႏၵိယမွာေတာ့ ေကာင္ေရ ၁ရာဝန္းက်င္ခန႔္ ရွိေနပါေသးတယ္။

ေကာင္ေရေလ်ာ့သထက္ ေလ်ာ့က်လာမႈေၾကာင့္ မ်ိဳးတုံးဖို႔ စိုးရိမ္ရတဲ့စာရင္းထဲမွာ ပါဝင္ေနပါတယ္။

သူ႔ရဲ႕အေရာင္ထူးျခားမႈေၾကာင့္ က်ားျဖဴေတြဟာ ႏိုင္ငံတကာက တိရစာၦန္ဥယ်ာဥ္ေတြမွာ ေရပန္းစား လူအၾကည့္မ်ားတဲ့ က်ားအမ်ိဳးအစားလည္းျဖစ္ပါတယ္။

တိရစာၦန္႐ုံေတြနဲ႔ ေမြးျမဴေရးစခန္းေတြမွာ ရွိေနတဲ့ က်ားျဖဴအမ်ားစုကေတာ့ ၁၉၅၁ ခုႏွစ္က အိႏၵိယႏိုင္ငံ ေရ၀ Rewa ေဒသမွာ က်ားျဖဴေလးတေကာင္ကို စတင္ေတြ႕ရွိရာကေန ျဖစ္လာတာပါ။

ေရဝမဟာရာဇာဟာ အဲဒီက်ားျဖဴေလးကို မိုဟန္လို႔ အမည္ေပးခဲ့ၿပီး အႀကိမ္ႀကိမ္သားစပ္ရာကေန ေနာက္ထပ္က်ားျဖဴေတြကို ရရွိလာတာျဖစ္ပါတယ္။

က်ားေတြကို မူလအေရာင္ကေန အျဖဴေရာင္ျဖစ္ေအာင္ အတင္းဖန္တီးယူျခင္းရဲ႕ ရလာဒ္ကေတာ့ ပုံမွန္က်ားေတြထက္စာရင္ အသြင္အျပင္ နဲ႔ က်န္းမာေရးဆိုင္ရာလကၡဏာေတြမွာ ထိခိုက္စြာ ဆိုး႐ြားသြားေစပါတယ္။

ဒီလိုက်ားျဖဴေတြမွာေတာ့ အတြင္းအဂၤါပုံမမွန္တာေတြ ၊ ေၾကာ႐ိုးမညီတာေတြ ၊ စြမ္းေဆာင္ႀကံ့ခိုင္မႈနည္းပါးတာေတြ ၊ ပုံမွန္ထက္သက္တမ္းတိုတာေတြျဖစ္သြားတာေၾကာင့္

ထပ္မံၿပီး က်ားျဖဴေတြကို သားစပ္ျခင္းမျပဳၾကဖို႔ အေမရိကန္သတၱေဗဒ အသင္းႀကီးက တားျမစ္ထားပါတယ္။

က်ားျဖဴေတြဟာ အလြန္ထူထပ္တဲ့ အပူပိုင္းသစ္ေတာေတြ ၊ ဒီေရေတာ နဲ႔ သစ္ေတာအတြင္းက စြတ္စိုတဲ့ေနရာေတြ ၊ ျမက္ခင္းထူထပ္တဲ့ေနရာေတြမွာ ေနထိုင္က်က္စားေလ့ရွိၾကပါတယ္။

သစ္ေတာေတြ နဲ႔ ျမက္ခင္းထူထပ္တဲ့ ဧရိယာေတြမွာ ဆိုရင္ေတာ့ သူတို႔ရွိေနရင္ေတာင္ အလြယ္တကူ ျမင္ႏိုင္ဖို႔ခက္ပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ရဲ႕ခႏၶာကိုယ္အေရာင္က ပတ္ဝန္းက်င္နဲ႔ တသားတည္းလိုျဖစ္ေနၿပီး ကိုယ္ေရာင္ေဖ်ာက္ေပးသလို ျဖစ္ေနလို႔ပါ။

အျခားက်ားမ်ိဳးစိတ္ေတြလိုပဲ က်ားျဖဴေတြဟာလည္း အမ်ားအားျဖင့္ တေကာင္ခ်င္းစီေနတတ္တဲ့ တိရစာၦန္ေတြျဖစ္ပါတယ္။

ပုန္းရႈိးကြယ္ရႈိးေနတတ္ေလ့ရွိၿပီး သစ္ေတာေတြထဲက သူတို႔ရဲ႕သားေကာင္ေတြကို ေခ်ာင္းေျမာင္းဖမ္းဆီး စားေသာက္တတ္ေလ့ရွိပါတယ္။

ညအခါမ်ိဳးမွာပဲ အမဲလိုက္ေလ့ရွိၿပီး အေမွာင္ထဲမွာ အမဲလိုက္ရတာဟာ သူတို႔အတြက္ အခြင့္အလမ္းပိုေကာင္းပါတယ္။

အျမင္အာ႐ုံစူးရွၿပီး အၾကားအာ႐ုံလည္း အလြန္ေကာင္းၾကပါတယ္။

က်ားျဖဴေတြဟာ ပုံမွန္က်ားေတြလိုပဲ သူတို႔ရဲ႕ကိုယ္ပိုင္က်က္စားရာ နယ္ေျမနယ္နိမိတ္ကို သူတို႔ရဲ႕ဆီး ဒါမွမဟုတ္ သစ္ပင္ေတြမွာ ကုတ္ျခစ္ရာေတြနဲ႔အတူ ျပသထားတဲ့အက်င့္ရွိပါတယ္။

က်ားျဖဴတေကာင္ဟာ အမ်ားအားျဖင့္ေတာ့ ၇၅မိုင္ပတ္လည္အတြင္းမွာပဲ လွည့္လည္ က်က္စားေလ့ရွိပါတယ္။

မိတ္လိုက္ရာသီကလြဲလို႔ တကိုယ္တည္းသာ ေနတတ္ၾကၿပီး သူတို႔ရဲ႕ပိုင္နက္အတြင္းကို အျခားက်ားေတြေရာက္ရွိလာရင္ေတာ့ ျပင္းထန္စြာ ခုခံတိုက္ခိုက္ေလ့ရွိၾကပါတယ္။

က်ားျဖဴမေတြဟာ ၃လခြဲၾကာ ကိုယ္ဝန္ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ က်ားအေကာင္ေပါက္ကေလး ၅ေကာင္ထိ ေမြးဖြားႏိုင္ၾကပါတယ္။

ဒီက်ားေပါက္ေလးေတြဟာ မ်က္စိမျမင္ၾကပဲ အ႐ြယ္အစားအားျဖင့္လည္း ၂.၂ေပါင္ ဝန္းက်င္ခန႔္သာ ရွိတတ္ပါတယ္။

က်ားမႀကီးဟာ က်ားကေလးေတြကို ၄လမတိုင္မီအထိ ႏို႔သာတိုက္ေကြၽးၿပီး ၄လေနာက္ပိုင္းမွာေတာ့ အစာေျပာင္းေကြၽးေလ့ရွိပါတယ္။

အဲဒီေနာက္ေတာ့ မိခင္က်ားမႀကီးနဲ႔အတူ အမဲလိုက္ေလ့ရွိၾကၿပီး ၁ႏွစ္ခြဲခန႔္ အခ်ိန္ေရာက္မွာေတာ့ တကိုယ္တည္း သီးျခားစီ ေနထိုင္ၾကပါေတာ့တယ္။

က်ားျဖဴေတြဟာ ၁နာရီကို မိုင္ ၆၀ အျမန္ႏႈန္းနဲ႔ ေျပးလႊားႏိုင္ၾကပါတယ္။

ပ်မ္းမွ်သက္တမ္းအားျဖင့္ေတာ့ ၁၀ ႏွစ္ကေန အႏွစ္ ၂၀ အထိသာ ရွင္သန္ႏိုင္ၾကပါတယ္။

သစ္ေတာေတြထဲမွာ က်ားျဖဴေတြကို မေတြ႕ရေတာ့တာ ၁၀စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီျဖစ္ပါတယ္။

က်ားေတြ အဓိက ရွားပါးကာ ေကာင္ေရေလ်ာ့က်လာခဲ့ျခင္း အေၾကာင္းကေတာ့ လူသားေတြေၾကာင့္ျဖစ္ပါတယ္။

လူသားေတြဟာ စိုက္ပ်ိဳးေရး နဲ႔ ေနထိုင္မႈတို႔အတြက္ သစ္ေတာနယ္ေျမခ်ဲ႕ထြင္လာၾကတဲ့အျပင္ က်ားျဖဴေတြရဲ႕အလွအပေၾကာင့္ လြန္ခဲ့တဲ့ ရာစုႏွစ္ေပါင္း မ်ားစြာကတည္းက ဖမ္းဆီး ၊ အမဲလိုက္ၾကရာကေန က်ားျဖဴေတြဟာ ေပ်ာက္ကြယ္လုနီးပါး ရွားပါးသြားခဲ့ရတာျဖစ္ပါတယ္။

သုတဇုန္

(Unicode)

ကျားဖြူတို့ အကြောင်း သိကောင်းစရာ

ကျားဖြူဟာ albino ရောဂါခံစားရတဲ့ ကျားမဟုတ်သလို ကျားအမျိုးအစားကွဲတခုလည်းမဟုတ်ပဲ ဘင်္ဂလားကျားတွေသာဖြစ်ပါတယ်။

ပုံမှန်ကျားတွေနဲ့မတူတာကတော့ အဖြူရောင်ဖြစ်စေမယ့် ဗီဇမျိုးစေ့ ပါဝင်လာခဲ့လို့ ဖြစ်ပါတယ်။

ကျားဖြူလို့သာခေါ်ပေမယ့် အဖြူရောင်ပေါ်မှာ အညို (သို့) မီးခိုးရောင်အစင်းတွေ ရှိနေပြီး အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားပါတယ်။

အိန္ဒိယမှာပဲ အများဆုံးတွေ့ရလေ့ရှိလို့ အိန္ဒိယ ကျားဖြူလို့ ခေါ်ကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံက ရခိုင်ရိုးမဒေသမှာ တချိန်က ဒီကျားဖြူတွေ ရှိခဲ့ပေမယ့် ယခုအခါမှာတော့ တွေ့ရခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

အိန္ဒိယက မက်ယာပဒေ့ရှ် ၊ အာသံ ၊ အနောက်ဘင်္ဂလား ၊ ဘီဟာ နဲ့ အိုဒီရှာ ပြည်နယ်တွေမှာ ကျက်စားခဲ့ကြတယ်လို့သိရပါတယ်။

ဒီကျားတွေဟာ ပုံမှန်ကျားတွေထက်စာရင် ကြီးထွားမှုနှုန်းပိုမြန်ကာ ၂နှစ် နဲ့ ၃နှစ်ကြားမှာတင် အရွယ်ရောက်ပြီး ခန္ဓာကိုယ်အလျား ၁၀ ပေ ဝန်းကျင်ခန့် ရှိတတ်သလို အလေးချိန်အားဖြင့်တော့ ၄၄၀ပေါင် ကနေ ၅၁၀ ပေါင်အထိ ရှိတတ်ပါတယ်။

အခြားကျားတွေလိုပဲ ခန္ဓာကိုယ်ပေါ်က အစင်းတွေကတော့ တကောင်နဲ့ တကောင်တူညီခြင်းမရှိပဲ မျိုးစုံ ရှိတတ်ပါတယ်။

ဒီလို အရောင်ပုံမှန်မဟုတ်တဲ့ ကျားဖြူတကောင်မွေးလာဖို့ ဆိုတာ မွေးဖွားမှု အကြိမ် ၁သောင်းခန့်မှာ ၁ကြိမ်လောက်ပဲ ဖြစ်နိုင်မှာပါ။

ခန့်မှန်းချက်တွေအရတော့ တကမ္ဘာလုံးမှာဆိုရင်တော့ ကျားဖြူအရေအတွက်ဟာ ကောင်ရေ ရာဂဏန်းသာ ရှိတော့တာဖြစ်ပြီး အိန္ဒိယမှာတော့ ကောင်ရေ ၁ရာဝန်းကျင်ခန့် ရှိနေပါသေးတယ်။

ကောင်ရေလျော့သထက် လျော့ကျလာမှုကြောင့် မျိုးတုံးဖို့ စိုးရိမ်ရတဲ့စာရင်းထဲမှာ ပါဝင်နေပါတယ်။

သူ့ရဲ့အရောင်ထူးခြားမှုကြောင့် ကျားဖြူတွေဟာ နိုင်ငံတကာက တိရစ္ဆာန်ဥယျာဉ်တွေမှာ ရေပန်းစား လူအကြည့်များတဲ့ ကျားအမျိုးအစားလည်းဖြစ်ပါတယ်။

တိရစ္ဆာန်ရုံတွေနဲ့ မွေးမြူရေးစခန်းတွေမှာ ရှိနေတဲ့ ကျားဖြူအများစုကတော့ ၁၉၅၁ ခုနှစ်က အိန္ဒိယနိုင်ငံ ရေ၀ Rewa ဒေသမှာ ကျားဖြူလေးတကောင်ကို စတင်တွေ့ရှိရာကနေ ဖြစ်လာတာပါ။

ရေဝမဟာရာဇာဟာ အဲဒီကျားဖြူလေးကို မိုဟန်လို့ အမည်ပေးခဲ့ပြီး အကြိမ်ကြိမ်သားစပ်ရာကနေ နောက်ထပ်ကျားဖြူတွေကို ရရှိလာတာဖြစ်ပါတယ်။

ကျားတွေကို မူလအရောင်ကနေ အဖြူရောင်ဖြစ်အောင် အတင်းဖန်တီးယူခြင်းရဲ့ ရလာဒ်ကတော့ ပုံမှန်ကျားတွေထက်စာရင် အသွင်အပြင် နဲ့ ကျန်းမာရေးဆိုင်ရာလက္ခဏာတွေမှာ ထိခိုက်စွာ ဆိုးရွားသွားစေပါတယ်။

ဒီလိုကျားဖြူတွေမှာတော့ အတွင်းအင်္ဂါပုံမမှန်တာတွေ ၊ ကြောရိုးမညီတာတွေ ၊ စွမ်းဆောင်ကြံ့ခိုင်မှုနည်းပါးတာတွေ ၊ ပုံမှန်ထက်သက်တမ်းတိုတာတွေဖြစ်သွားတာကြောင့်

ထပ်မံပြီး ကျားဖြူတွေကို သားစပ်ခြင်းမပြုကြဖို့ အမေရိကန်သတ္တဗေဒ အသင်းကြီးက တားမြစ်ထားပါတယ်။

ကျားဖြူတွေဟာ အလွန်ထူထပ်တဲ့ အပူပိုင်းသစ်တောတွေ ၊ ဒီရေတော နဲ့ သစ်တောအတွင်းက စွတ်စိုတဲ့နေရာတွေ ၊ မြက်ခင်းထူထပ်တဲ့နေရာတွေမှာ နေထိုင်ကျက်စားလေ့ရှိကြပါတယ်။

သစ်တောတွေ နဲ့ မြက်ခင်းထူထပ်တဲ့ ဧရိယာတွေမှာ ဆိုရင်တော့ သူတို့ရှိနေရင်တောင် အလွယ်တကူ မြင်နိုင်ဖို့ခက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ခန္ဓာကိုယ်အရောင်က ပတ်ဝန်းကျင်နဲ့ တသားတည်းလိုဖြစ်နေပြီး ကိုယ်ရောင်ဖျောက်ပေးသလို ဖြစ်နေလို့ပါ။

အခြားကျားမျိုးစိတ်တွေလိုပဲ ကျားဖြူတွေဟာလည်း အများအားဖြင့် တကောင်ချင်းစီနေတတ်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။

ပုန်းရှိုးကွယ်ရှိုးနေတတ်လေ့ရှိပြီး သစ်တောတွေထဲက သူတို့ရဲ့သားကောင်တွေကို ချောင်းမြောင်းဖမ်းဆီး စားသောက်တတ်လေ့ရှိပါတယ်။

ညအခါမျိုးမှာပဲ အမဲလိုက်လေ့ရှိပြီး အမှောင်ထဲမှာ အမဲလိုက်ရတာဟာ သူတို့အတွက် အခွင့်အလမ်းပိုကောင်းပါတယ်။

အမြင်အာရုံစူးရှပြီး အကြားအာရုံလည်း အလွန်ကောင်းကြပါတယ်။

ကျားဖြူတွေဟာ ပုံမှန်ကျားတွေလိုပဲ သူတို့ရဲ့ကိုယ်ပိုင်ကျက်စားရာ နယ်မြေနယ်နိမိတ်ကို သူတို့ရဲ့ဆီး ဒါမှမဟုတ် သစ်ပင်တွေမှာ ကုတ်ခြစ်ရာတွေနဲ့အတူ ပြသထားတဲ့အကျင့်ရှိပါတယ်။

ကျားဖြူတကောင်ဟာ အများအားဖြင့်တော့ ၇၅မိုင်ပတ်လည်အတွင်းမှာပဲ လှည့်လည် ကျက်စားလေ့ရှိပါတယ်။

မိတ်လိုက်ရာသီကလွဲလို့ တကိုယ်တည်းသာ နေတတ်ကြပြီး သူတို့ရဲ့ပိုင်နက်အတွင်းကို အခြားကျားတွေရောက်ရှိလာရင်တော့ ပြင်းထန်စွာ ခုခံတိုက်ခိုက်လေ့ရှိကြပါတယ်။

ကျားဖြူမတွေဟာ ၃လခွဲကြာ ကိုယ်ဝန်ဆောင်ပြီးတဲ့နောက်မှာတော့ ကျားအကောင်ပေါက်ကလေး ၅ကောင်ထိ မွေးဖွားနိုင်ကြပါတယ်။

ဒီကျားပေါက်လေးတွေဟာ မျက်စိမမြင်ကြပဲ အရွယ်အစားအားဖြင့်လည်း ၂.၂ပေါင် ဝန်းကျင်ခန့်သာ ရှိတတ်ပါတယ်။

ကျားမကြီးဟာ ကျားကလေးတွေကို ၄လမတိုင်မီအထိ နို့သာတိုက်ကျွေးပြီး ၄လနောက်ပိုင်းမှာတော့ အစာပြောင်းကျွေးလေ့ရှိပါတယ်။

အဲဒီနောက်တော့ မိခင်ကျားမကြီးနဲ့အတူ အမဲလိုက်လေ့ရှိကြပြီး ၁နှစ်ခွဲခန့် အချိန်ရောက်မှာတော့ တကိုယ်တည်း သီးခြားစီ နေထိုင်ကြပါတော့တယ်။

ကျားဖြူတွေဟာ ၁နာရီကို မိုင် ၆၀ အမြန်နှုန်းနဲ့ ပြေးလွှားနိုင်ကြပါတယ်။

ပျမ်းမျှသက်တမ်းအားဖြင့်တော့ ၁၀ နှစ်ကနေ အနှစ် ၂၀ အထိသာ ရှင်သန်နိုင်ကြပါတယ်။

သစ်တောတွေထဲမှာ ကျားဖြူတွေကို မတွေ့ရတော့တာ ၁၀စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။

ကျားတွေ အဓိက ရှားပါးကာ ကောင်ရေလျော့ကျလာခဲ့ခြင်း အကြောင်းကတော့ လူသားတွေကြောင့်ဖြစ်ပါတယ်။

လူသားတွေဟာ စိုက်ပျိုးရေး နဲ့ နေထိုင်မှုတို့အတွက် သစ်တောနယ်မြေချဲ့ထွင်လာကြတဲ့အပြင် ကျားဖြူတွေရဲ့အလှအပကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတည်းက ဖမ်းဆီး ၊ အမဲလိုက်ကြရာကနေ ကျားဖြူတွေဟာ ပျောက်ကွယ်လုနီးပါး ရှားပါးသွားခဲ့ရတာဖြစ်ပါတယ်။

သုတဇုန်

Leave a Reply

Your email address will not be published. Required fields are marked *