ရန္ကုန္တိုင္းေဒသႀကီးမွာ ေစတနာ့ဝန္ထမ္း သူရဲေကာင္း (၄၉၀) ေက်ာ္ ကိုဗစ္ကူးစက္

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဆရာဝန္၊ သူနာျပဳနဲ႔ က်န္းမာေရး ဝန္ထမ္း စုစုေပါင္း (၄၉၀) ေက်ာ္ ကိုဗစ္ ေရာဂါပိုး ကူးစက္ခံထား ရတယ္လို႔

ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္သူ႔က်န္းမာေရး ႏွင့္ကုသမႈဦးစီးဌာနမႉး၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္ကေျပာပါတယ္။

ရန္ကုန္တိုင္းမွာ က်န္းမာေရးဝန္ထမ္းစုစုေပါင္းတစ္ေသာင္းခြဲရွိတဲ့အနက္ (၅၀၀) နီးပါး

ကိုဗစ္ ကူးစက္ခံရတဲ့ အတြက္ ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြေတာ့လိုအပ္ခ်က္ေတြရွိတယ္ လို႔ဆိုပါတယ္။

ျပည္သူ႔က်န္းမာေရးလုပ္ငန္းေတြကို ေဆာင္႐ြက္ေနတဲ့ ဝန္ထမ္းေတြ ထဲကဆိုရင္ေတာ့ (၇၈) ေယာက္ကူးစက္ခံရ ၿပီးျဖစ္ပါတယ္။

ကုသေရးပိုင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ေဆး႐ုံအသီးသီးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရးဝန္ထမ္းနဲ႔

ဓာတ္ခြဲဝန္ထမ္းေတြေရာ ကြၽန္ေတာ္တို႔ရဲ႕အေျခခံဝန္ထမ္းေတြေရာ (၄၁၈) ေယာက္ကူးစက္ခံရပါတယ္။

အဲဒီ့ေတာ့အားလုံးေပါင္း (၄၉၀) ေက်ာ္ ရန္ကုန္တိုင္းထဲမွာ ကူးစက္ခံထားရၿပီး လည္းျဖစ္ပါတယ္။

ေစတနာ့ဝန္ထမ္းဆရာဝန္ေတြအျဖစ္ လာေရာက္တာဝန္ထမ္းေဆာင္တဲ့သူေတြဟာ ဆရာဝန္ေတြဆိုရင္

ျမန္မာႏိုင္ငံဆရာဝန္အသင္းရဲ႕ အသင္းဝင္ေတြပဲ ျဖစ္ပါတယ္။

သူတို႔ေတြအမ်ားစုကေတာ့ ကုသေရး စင္တာေတြမွာ တာဝန္ထမ္းေဆာင္ၾကပါတယ္။

ကုသေရးစင္တာ (၁၇) ခုမွာသြားၿပီးေတာ့တာဝန္ထမ္း ေဆာင္ေန ၾကပါတယ္” လို႔ ေဒါက္တာ ထြန္းျမင့္ကေျပာပါတယ္။

ကိုဗစ္ ကူးစက္ခံထားရတဲ့ က်န္းမာေရးဝန္ထမ္း (၄၉၆) ဦးအနက္ တာေမြၿမိဳ႕နယ္က က်န္းမာေရးမႉးတစ္ဦး၊

တိုက္ႀကီးၿမိဳ႕နယ္က က်န္းမာေရးႀကီးၾကပ္ တစ္ဦး စုစုေပါင္း (၂) ဦးအသက္ဆုံးရႈံးခဲ့ တယ္လို႔ဆိုပါတယ္။

လတ္တေလာမွာ ရန္ကုန္တိုင္းေဒသႀကီးမွာ က်န္းမာေရးဝန္ထမ္း ေတြလိုအပ္ခ်က္ရွိတဲ့အတြက္

က်န္တဲ့တိုင္းနဲ႔ ျပည္နယ္က က်န္းမာေရးဝန္ထမ္းေတြကိုအလွည့္က်ေခၚယူ တာဝန္ထမ္းေဆာင္ေစၿပီး

တာဝန္ထမ္းေဆာင္ေပးတဲ့ ဝန္ထမ္းေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးသြားမွာျဖစ္တယ္လို႔ ေဒါက္တာထြန္းျမင့္ကေျပာပါတယ္။

(Unicode)

ရန်ကုန်တိုင်းဒေသကြီးမှာ စေတနာ့ဝန်ထမ်း သူရဲကောင်း (၄၉၀) ကျော် ကိုဗစ်ကူးစက်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း (၄၉၀) ကျော် ကိုဗစ် ရောဂါပိုး ကူးစက်ခံထား ရတယ်လို့

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး နှင့်ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကျန်းမာရေးဝန်ထမ်းစုစုပေါင်းတစ်သောင်းခွဲရှိတဲ့အနက် (၅၀၀) နီးပါး

ကိုဗစ် ကူးစက်ခံရတဲ့ အတွက် စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေတော့လိုအပ်ချက်တွေရှိတယ် လို့ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေ ထဲကဆိုရင်တော့ (၇၈) ယောက်ကူးစက်ခံရ ပြီးဖြစ်ပါတယ်။

ကုသရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ဆေးရုံအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းနဲ့

ဓာတ်ခွဲဝန်ထမ်းတွေရော ကျွန်တော်တို့ရဲ့အခြေခံဝန်ထမ်းတွေရော (၄၁၈) ယောက်ကူးစက်ခံရပါတယ်။

အဲဒီ့တော့အားလုံးပေါင်း (၄၉၀) ကျော် ရန်ကုန်တိုင်းထဲမှာ ကူးစက်ခံထားရပြီး လည်းဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းဆရာဝန်တွေအဖြစ် လာရောက်တာဝန်ထမ်းဆောင်တဲ့သူတွေဟာ ဆရာဝန်တွေဆိုရင်

မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့ အသင်းဝင်တွေပဲ ဖြစ်ပါတယ်။

သူတို့တွေအများစုကတော့ ကုသရေး စင်တာတွေမှာ တာဝန်ထမ်းဆောင်ကြပါတယ်။

ကုသရေးစင်တာ (၁၇) ခုမှာသွားပြီးတော့တာဝန်ထမ်း ဆောင်နေ ကြပါတယ်” လို့ ဒေါက်တာ ထွန်းမြင့်ကပြောပါတယ်။

ကိုဗစ် ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း (၄၉၆) ဦးအနက် တာမွေမြို့နယ်က ကျန်းမာရေးမှူးတစ်ဦး၊

တိုက်ကြီးမြို့နယ်က ကျန်းမာရေးကြီးကြပ် တစ်ဦး စုစုပေါင်း (၂) ဦးအသက်ဆုံးရှုံးခဲ့ တယ်လို့ဆိုပါတယ်။

လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ကျန်းမာရေးဝန်ထမ်း တွေလိုအပ်ချက်ရှိတဲ့အတွက်

ကျန်တဲ့တိုင်းနဲ့ ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကိုအလှည့်ကျခေါ်ယူ တာဝန်ထမ်းဆောင်စေပြီး

တာဝန်ထမ်းဆောင်ပေးတဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *