














(Unicode)

အသက်အရွယ်အရသာ တဖြည်းဖြည်းကြီးပြင်းလာခဲ့ပေမယ့် ငယ်ငယ်က အမူအကျင့်ဗီဇလေးတွေ လုံးဝပျောက်မသွားကြောင်း ပြသလာတဲ့ စိုးပြည့်သဇင်

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ကျရာဇာတ်ရုပ်မှာ စိတ်ရောကိုယ်ပါ နစ်ပြီး သရုပ်ဆောင်နိုင်တာကြောင့်

အသက်ငယ်စဉ်မှာတင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုဆိုတဲ့ အကယ်ဒမီဆုကြီးတစ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ ဇာတ်ရုပ်မျိုးစုံကို ပြောင်းလဲသရုပ်ဆောင်နိုင်ပေမယ့်

သူမရဲ့ တကယ့်အပြင်ကလက်တွေ့ကပုံစံလေးကတော့ ရိုးရှင်းပြီး အေးအေးဆေးဆေးသာ နေထိုင်တတ်သူလေး ဖြစ်ပါတယ်။

အနေအထိုင်သိမ်မွေ့ပြီး ချစ်စရာကောင်းလွန်းတဲ့ စိုးပြည့်သဇင်ကို ပရိသတ်တွေကသာမက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ကြတာ ဖြစ်ပါတယ်။

အခုဆိုရင် အသက် (၂၈) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ လူကြီးပိုင်းနေရာကို ရောက်ရှိခဲ့ပြီဆိုပေမယ့်

သူမရဲ့ အမူအယာလေးတွေကတော့ ကလေးတစ်ယောက်အတိုင်း ဖြူဖြူစင်စင်ရှိနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စိုးပြည့်သဇင်က သူမရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့ လက်ရှိပုံရိပ်လေးတွေကို ယှဉ်တွဲပြသကာ

“ငယ်ရာကနေကြီးပြင်းလာခဲ့တယ်….❤️” ဆိုပြီး

အသက်ကြီးလာခဲ့ပေမယ့် အမူအကျင့် ဗီဇလေးတွေကတော့ ပြောင်းလဲသွားခြင်းမရှိတာကို ပြသလာပါတယ်။

စိုးပြည့်သဇင်ကတော့ အသက်အရွယ် ကိန်းဂဏန်းအရသာ တဖြည်းဖြည်းကြီးပြင်းလာခဲ့ပေမယ့်

ငယ်ငယ်က အမူအကျင့်ဗီဇလေးတွေကတော့ လုံးဝပျောက်ကွယ်သွားခြင်းမရှိတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးလည်း စိုးပြည့်ရဲ့ ငယ်ဘဝပုံရိပ်လေးကို ကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin’s fb

Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *