မၾကာမီ ထြက္ေပၚလာေတာ့မည့္ ကာကြယ္ေဆး

ကမာၻတစ္ဝန္း၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္ေနခ်ိန္တြင္ အေမရိကန္၌ ဒီဇင္ဘာလ အေစာပိုင္းတြင ္ဗိုင္းရပ္စ္ကာကြယ္ေဆး စတင္ထိုးႏွံသြားႏိုင္မည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ထိပ္တန္း က်န္းမာေရးအရာရွိတစ္ဦးက ႏိုဝင္ဘာ ၂၂ ရက္၌ ေျပာၾကားခဲ့သည္။

လြန္ခဲ့သည့္ႏွစ္ကုန္ပိုင္းက တ႐ုတ္၌ စတင္ေပၚေပါက္ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ပိုးအသစ္ေၾကာင့္ အေမရိကန္တြင္ ေသဆုံးသူ ၂၅၅,၀၀၀ အပါအဝင္ ကမာၻတစ္ဝန္း ေသဆုံးသူ ၁.၄ သန္းေက်ာ္ ျမင့္တက္လာခဲ့ၿပီးေနာက္ ကာကြယ္ေဆး စတင္ထိုးႏွံမႈသည္ ဗိုင္းရပ္စ္ ကူးစက္မႈကို တိုက္ဖ်က္ရာတြင္ အေရးပါသည့္ အေျပာင္းအလဲတစ္ရပ္ ျဖစ္လာႏိုင္သည္။

ယခုႏွစ္အေစာပိုင္း၌ ကမာၻတစ္ဝန္းတြင္ ဗိုင္းရပ္စ္ကူးစက္မႈႏႈန္း က်ဆင္းသြားေသာ္လည္း ယခုအခ်ိန္တြင္ ကူးစက္မႈႏႈန္း ျပန္လည္ျမင့္တက္လာေသာေၾကာင့္ တင္းက်ပ္သည့္ အသြားအလာကန႔္သတ္ခ်က္မ်ား ထပ္မံျပ႒ာန္းခဲ့ရခ်ိန္တြင္ဗိုင္းရပ္စ္ကာကြယ္ေဆး ရလဒ္မ်ားသည္ ကပ္ေရာဂါကို အဆုံးသတ္ ေစႏိုင္မည့္ ေမွ်ာ္လင့္ခ်က္တစ္ရပ္ ျဖစ္ေနသည္။

အေမရိကန္ေဆးကုမၸဏီ Pfizer ႏွင့္ ဂ်ာမနီေဆးကုမၸဏီ BioNTech တို႔ ပူးေပါင္း ထုတ္လုပ္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆးႏွင့္ ေနာက္ထပ္အေမရိကန္ ေဆးကုမၸဏီတစ္ခုျဖစ္ေသာ Moderna မွ ထုတ္လုပ္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား သည္ ထြက္ရွိရန္ အလားအ လာေကာင္းေနၿပီး Moderna ၏ ဗိုင္းရပ္စ္ကာကြယ္ေဆးသည္ စမ္းသပ္မႈရလဒ္အရ ၉၅ ရာခိုင္ႏႈန္း ထိေရာက္ မႈရွိေၾကာင္းေတြ႕ရွိခဲ့ၿပီး Pfizer ႏွင့္ BioNTech တို႔မွ ကာကြယ္ ေဆးသည္ အေမရိကန္က်န္းမာေရးအာဏာပိုင္မ်ားထံ အေရးေပၚအသုံးျပဳခြင့္ ေလွ်ာက္ထားခဲ့ၿပီး ျဖစ္သည္။

“ဗိုင္းရပ္စ္ကာကြယ္ေဆးကိုအတည္ျပဳခ်က္ထုတ္ျပန္ခဲ့ၿပီး ၂၄ နာရီအတြင္း ကာကြယ္ ေဆးထိုးႏွံေပးမယ့္ ေနရာေတြကို သေဘၤာေတြနဲ႔ ပို႔ေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ စီစဥ္ထားပါ တယ္” ဟု ဗိုင္းရပ္စ္ကာကြယ္ေဆးဆိုင္ရာ အစိုးရအႀကီးအကဲ ေမာ့ဆက္ဆေလာက CNN သတင္းဌာနကို ေျပာၾကားခဲ့သည္။

“ဗိုင္းရပ္စ္ကာကြယ္ေဆးဟာ ဒီဇင္ဘာ ၁၁ ရက္နဲ႔ ၁၂ ရက္ေလာက္မွာ အတည္ျပဳခ်က္ ရရွိႏိုင္ပါတယ္” ဟု ၎က ဆိုသည္။ FDA ကာကြယ္ေဆး အႀကံေပးပုဂၢိဳလ္မ်ားက ဒီဇင္ဘာ ၁၀ ရက္တြင္ ကာကြယ္ေဆးအတည္ျပဳခ်က္ ထုတ္ေပးႏိုင္ရန္ ေဆြးေႏြးသြားမည္ျဖစ္သည္။

ဒီဇင္ဘာတြင္ အေမရိကန္တစ္ဝန္းရွိ လူေပါင္း သန္း ၂၀ ကို ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံေပးႏိုင္ၿပီး လာမည့္လမ်ားတြင္ တစ္လလွ်င္ လူေပါင္း သန္း ၃၀ ခန႔္ ကာကြယ္ေဆးထိုးႏွံေပးႏိုင္မည္ ျဖစ္သည္ဟု ဆေလာက ခန႔္မွန္းေျပာၾကားခဲ့သည္။

သို႔ေသာ္ အေမရိကန္ ကူးစက္ေရာဂါထိပ္တန္းအရာရွိ အန္သိုနီေဖာ္စီက ဒီဇင္ဘာလလယ္မွ လကုန္အတြင္း လူေပါင္း သန္း ၂၀ ခန႔္ကို ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံေပးႏိုင္လိမ့္ မည္ဟု ခန႔္မွန္းထားေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ လာမည့္အားလပ္ရက္ရာသီအတြင္း သတိေပးခ်က္မ်ားကို လိုက္နာျခင္း မရွိပါက အေျခအေနမ်ား ပိုမိုဆိုး႐ြားလာႏိုင္ေၾကာင္း သတိေပးခဲ့သည္။

ကမာၻတစ္ဝန္း ဗိုင္းရပ္စ္ကူးစက္ခံရသူအမ်ားဆုံးျဖစ္သည့္ အေမရိကန္တြင္ ကူးစက္ခံရသူေပါင္း ၁၂ သန္းအထိ ျမင့္တက္ခဲ့ေသာ္လည္း အေမရိကန္ႏိုင္ငံသား အမ်ားစုသည္ က်န္းမာေရးအရာရွိမ်ားက ေနအိမ္၌သာ ေနထိုင္ရန္ သတိေပးထား သည့္အၾကားမွ ေက်းဇူးေတာ္ေန႔အားလပ္ရက္အတြင္း ခရီးမ်ား သြားေရာက္ရန္ ေလဆိပ္ မ်ားဆီ ဦးတည္ေနၾကသည္။

Pfizer ႏွင့္ BioNTech တို႔၏ ဗိုင္းရပ္စ္ကာကြယ္ေဆးသည္ ဗိုင္းရပ္စ္ကူးစက္မႈ မရွိေအာင္ အခ်ိန္မည္မွ်ၾကာ ကာကြယ္ေပးႏိုင္သနည္းဟူသည္အပါအဝင္ ေမးခြန္းထုတ္ စရာမ်ားစြာ ထြက္ေပၚေနေသာ္လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) သည္ မၾကာမီ အခ်ိန္ကာလအတြင္း တစ္ခု သို႔မဟုတ္ တစ္ခုထက္ပိုသည့္ ကာကြယ္ေဆးမ်ားကို အတည္ျပဳ ရန္ ေသခ်ာေနသည့္အျပင္ အတည္ျပဳၿပီးေနာက္ အမ်ားအျပား ထုတ္လုပ္ျဖန႔္ခ်ိရန္ လုပ္ ေဆာင္သြားမည္ျဖစ္သည္။

“အဓိကရည္႐ြယ္ခ်က္ကေတာ့ ၂၀၂၁ ခုႏွစ္ကုန္မွာ ႏိုင္ငံတိုင္း ရဲ႕လူဦးေရ ရာခိုင္ႏႈန္း ၂၀ ဟာ ကာကြယ္ေဆးထိုးႏွံၿပီးသားျဖစ္ရမယ္ဆိုတဲ့ အခ်က္ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္မွာ ကာကြယ္ေဆးအလုံးေရ အမ်ားအျပား ထုတ္လုပ္ၿပီး ထိုးႏွံေပးသြားႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္” ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ ၏ ကာကြယ္ေဆးဌာန ၫႊန္ၾကားေရးမႉး ကိတ္အိုဘ႐ိုင္ယန္က ႏိုဝင္ဘာ ၁၄ ရက္၌ ေအအက္ဖ္ပီသတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။

မည္သို႔ပင္ဆိုေစကာမူ ကာကြယ္ေဆးသည္သာ COVID-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ရပ္တန႔္ႏိုင္မည့္ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ ျဖစ္ေနေသာေၾကာင့္ ျမန္မာႏိုင္ငံအေန ျဖင့္လည္း ႏိုင္ငံ့လူဦးေရအားလုံးကို ကာကြယ္ေဆးထိုးႏွံေပးရန္ ရည္မွန္းခ်က္ထားရွိကာ အမ်ားနည္းတူ ကာကြယ္ေဆးမ်ားရရွိႏိုင္ေရးကို မ်က္ျခည္မျပတ္ အာ႐ုံစိုက္ေနသင့္ ပါေၾကာင္း The Daily Eleven သတင္းစာက ေရးသားအပ္ပါသည္။

ႏိုဝင္ဘာ ၂၄ ရက္ထုတ္ The Daily Eleven သတင္းစာ၏ အယ္ဒီတာ့ အာေဘာ္

(Unicode)

မကြာမီ ထွက်ပေါ်လာတော့မည့် ကာကွယ်ဆေး

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေချိန်တွင် အမေရိကန်၌ ဒီဇင်ဘာလ အစောပိုင်းတွင ်ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံသွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိပ်တန်း ကျန်းမာရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက တရုတ်၌ စတင်ပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ၂၅၅,၀၀၀ အပါအဝင် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁.၄ သန်းကျော် မြင့်တက်လာခဲ့ပြီးနောက် ကာကွယ်ဆေး စတင်ထိုးနှံမှုသည် ဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရာတွင် အရေးပါသည့် အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်သည်။

ယခုနှစ်အစောပိုင်း၌ ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းသွားသော်လည်း ယခုအချိန်တွင် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသောကြောင့် တင်းကျပ်သည့် အသွားအလာကန့်သတ်ချက်များ ထပ်မံပြဋ္ဌာန်းခဲ့ရချိန်တွင်ဗိုင်းရပ်စ်ကာကွယ်ဆေး ရလဒ်များသည် ကပ်ရောဂါကို အဆုံးသတ် စေနိုင်မည့် မျှော်လင့်ချက်တစ်ရပ် ဖြစ်နေသည်။

အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးကုမ္ပဏီ BioNTech တို့ ပူးပေါင်း ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် နောက်ထပ်အမေရိကန် ဆေးကုမ္ပဏီတစ်ခုဖြစ်သော Moderna မှ ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများ သည် ထွက်ရှိရန် အလားအ လာကောင်းနေပြီး Moderna ၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် စမ်းသပ်မှုရလဒ်အရ ၉၅ ရာခိုင်နှုန်း ထိရောက် မှုရှိကြောင်းတွေ့ရှိခဲ့ပြီး Pfizer နှင့် BioNTech တို့မှ ကာကွယ် ဆေးသည် အမေရိကန်ကျန်းမာရေးအာဏာပိုင်များထံ အရေးပေါ်အသုံးပြုခွင့် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေးကိုအတည်ပြုချက်ထုတ်ပြန်ခဲ့ပြီး ၂၄ နာရီအတွင်း ကာကွယ် ဆေးထိုးနှံပေးမယ့် နေရာတွေကို သင်္ဘောတွေနဲ့ ပို့ပေးနိုင်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါ တယ်” ဟု ဗိုင်းရပ်စ်ကာကွယ်ဆေးဆိုင်ရာ အစိုးရအကြီးအကဲ မော့ဆက်ဆလောက CNN သတင်းဌာနကို ပြောကြားခဲ့သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်လောက်မှာ အတည်ပြုချက် ရရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ FDA ကာကွယ်ဆေး အကြံပေးပုဂ္ဂိုလ်များက ဒီဇင်ဘာ ၁၀ ရက်တွင် ကာကွယ်ဆေးအတည်ပြုချက် ထုတ်ပေးနိုင်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။

ဒီဇင်ဘာတွင် အမေရိကန်တစ်ဝန်းရှိ လူပေါင်း သန်း ၂၀ ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ပြီး လာမည့်လများတွင် တစ်လလျှင် လူပေါင်း သန်း ၃၀ ခန့် ကာကွယ်ဆေးထိုးနှံပေးနိုင်မည် ဖြစ်သည်ဟု ဆလောက ခန့်မှန်းပြောကြားခဲ့သည်။

သို့သော် အမေရိကန် ကူးစက်ရောဂါထိပ်တန်းအရာရှိ အန်သိုနီဖော်စီက ဒီဇင်ဘာလလယ်မှ လကုန်အတွင်း လူပေါင်း သန်း ၂၀ ခန့်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးနိုင်လိမ့် မည်ဟု ခန့်မှန်းထားကြောင်း၊ ပြည်သူများအနေဖြင့် လာမည့်အားလပ်ရက်ရာသီအတွင်း သတိပေးချက်များကို လိုက်နာခြင်း မရှိပါက အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးခဲ့သည်။

ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံးဖြစ်သည့် အမေရိကန်တွင် ကူးစက်ခံရသူပေါင်း ၁၂ သန်းအထိ မြင့်တက်ခဲ့သော်လည်း အမေရိကန်နိုင်ငံသား အများစုသည် ကျန်းမာရေးအရာရှိများက နေအိမ်၌သာ နေထိုင်ရန် သတိပေးထား သည့်အကြားမှ ကျေးဇူးတော်နေ့အားလပ်ရက်အတွင်း ခရီးများ သွားရောက်ရန် လေဆိပ် များဆီ ဦးတည်နေကြသည်။

Pfizer နှင့် BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကူးစက်မှု မရှိအောင် အချိန်မည်မျှကြာ ကာကွယ်ပေးနိုင်သနည်းဟူသည်အပါအဝင် မေးခွန်းထုတ် စရာများစွာ ထွက်ပေါ်နေသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် မကြာမီ အချိန်ကာလအတွင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ကာကွယ်ဆေးများကို အတည်ပြု ရန် သေချာနေသည့်အပြင် အတည်ပြုပြီးနောက် အများအပြား ထုတ်လုပ်ဖြန့်ချိရန် လုပ် ဆောင်သွားမည်ဖြစ်သည်။

“အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်ကုန်မှာ နိုင်ငံတိုင်း ရဲ့လူဦးရေ ရာခိုင်နှုန်း ၂၀ ဟာ ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကာကွယ်ဆေးအလုံးရေ အများအပြား ထုတ်လုပ်ပြီး ထိုးနှံပေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ကာကွယ်ဆေးဌာန ညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က နိုဝင်ဘာ ၁၄ ရက်၌ အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေ ဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက်ထားရှိကာ အများနည်းတူ ကာကွယ်ဆေးများရရှိနိုင်ရေးကို မျက်ခြည်မပြတ် အာရုံစိုက်နေသင့် ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Leave a Reply

Your email address will not be published. Required fields are marked *