ေငြထည့္ခဲ့တဲ့သူေတြကို ေငြတန္ဖိုးရဲ႕အဆ တစ္ေထာင္ျပန္ေပးခဲ့တဲ့ သူေတာင္းစားရဲ႕လုပ္ရပ္ေလးပါ။
တစ္ေန႔ကေဈးထဲ မွာ သူေတာင္းစား တစ္ေယာက္ ေတာင္းစားေနတာေတြ႕မိတာပါ။
သူေတာင္းစားေနပုံဟာ ထူးျခားေနတာပါ။
သူက အစ္ကိုႀကီး အစ္မႀကီးတို႔ရယ္ သနားၾကပါေနာ္…
ပိုက္ဆံေလးမ်ား ထည့္ၿပီးရင္ လိပ္စာေလးပါ ေပးခဲ့ပါ
သူ႔ ေရွ႕မွာ ခ်ထားတဲ့ ခြက္ ထဲကို ပိုက္ဆံလာထည့္ၾကတဲ့
လူတိုင္းရဲ႕ လိပ္စာကို ေမးၿပီး ေတာ့ စာအုပ္တစ္အုပ္နဲ႔မွတ္ေနတာပါ။
ဒါေပမယ့္ လည္း လူေတာ္ေတာ္မ်ားမ်ားက အိမ္အထိမ်ား လာေတာင္းမလားဆိုတဲ့အေတြးနဲ႔
သူ႔ခြက္ထဲကို ဘာပိုက္ဆံမွ ထည့္မသြားၾကဘူး။
တစ္ခ်ိဳ႕ကေတာ့လည္း သနားတာနဲ႔ထည့္သြားၾကတာေပါ့ဗ်ာ။
သိပ္မၾကာပါဘူး…သူက ခြက္ကို သိမ္းၿပီးေတာ့ ခုနက ခြက္ထဲ ပိုက္ဆံထည့္သြားတဲ့ သူေတြရဲ႕ အိမ္ေတြကိုအပင္ပန္းခံၿပီး
သူတို႔ထည့္ခဲ့တဲ့ေငြတန္ဖိုး ရဲ႕အ ဆ ၁၀၀၀ ကို လိုက္ေပးပါတယ္။
အဲ့ဒီ သတင္းက ေဈးထဲမွာ ခ်က္ခ်င္းပ်ံ႕သြားတာေပါ့။
သူ႔ကိုလည္းလူေတြကေဝဖန္ၾကတယ္။
အမ်ိဳးမ်ိဳးေျပာ ၾကနဲ႔ေပါ့ေလ။
ေနာက္ေန႔ မနက္မွာ ေဈးထဲက အဲဒီေနရာမွာပဲ သူေတာင္းစား ျပန္ေတာင္းေနျပန္တာေတြ႕ရေရာဗ်ာ။
အဲဒီေန႔ေတာ့သူ႔ေဘးမွာ ပိုက္ဆံထည့္မယ္သူေတြ အမ်ားႀကီးျဖစ္ေနပါေတာ့တယ္။
သူ႔ခြက္ထဲထည့္ၾကတဲ့ပိုက္ဆံေတြကလည္းတစ္ေထာင္တန္ေတြ ငါးေထာင္တန္ေတြ
တစ္ေသာင္းတန္ေတြထပ္ၿပီးလာထည့္ၾကသလို
ေ႐ႊေတြ လက္ဝတ္ရတနာေတြ ေတာင္ထည့္ၾကပါေရာလားဗ်ာ။
လိပ္စာမွတ္တဲ့ စာအုပ္ေတာင္ ေလးငါးအုပ္ေတာင္ ကုန္သြားတယ္ေလ။
ညေနပိုင္းေရာက္ေတာ့ ျပန္သြားပါတယ္။
ဒါေပမယ့္လည္း ေနာက္ေန႔ကစၿပီး အဲဒီေဈးထဲမွာ
သူေတာင္းစားကိုဘယ္ေတာ့မွ ျပန္မေတြ႕ေတာ့ဘူးေလ။
မူရင္းေရးသားသူအား ခရက္ဒစ္ပါ
(Unicode)
သူတောင်းစားရဲ့ ပညာသားပါတဲ့ တောင်းနည်းကြောင့် ရွှေတွေပါ ထည့်ကြတဲ့ အဖြစ်
ငွေထည့်ခဲ့တဲ့သူတွေကို ငွေတန်ဖိုးရဲ့အဆ တစ်ထောင်ပြန်ပေးခဲ့တဲ့ သူတောင်းစားရဲ့လုပ်ရပ်လေးပါ။
တစ်နေ့ကဈေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာတွေ့မိတာပါ။
သူတောင်းစားနေပုံဟာ ထူးခြားနေတာပါ။
သူက အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်…
ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာလေးပါ ပေးခဲ့ပါ
သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံလာထည့်ကြတဲ့
လူတိုင်းရဲ့ လိပ်စာကို မေးပြီး တော့ စာအုပ်တစ်အုပ်နဲ့မှတ်နေတာပါ။
ဒါပေမယ့် လည်း လူတော်တော်များများက အိမ်အထိများ လာတောင်းမလားဆိုတဲ့အတွေးနဲ့
သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။
တစ်ချို့ကတော့လည်း သနားတာနဲ့ထည့်သွားကြတာပေါ့ဗျာ။
သိပ်မကြာပါဘူး…သူက ခွက်ကို သိမ်းပြီးတော့ ခုနက ခွက်ထဲ ပိုက်ဆံထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကိုအပင်ပန်းခံပြီး
သူတို့ထည့်ခဲ့တဲ့ငွေတန်ဖိုး ရဲ့အ ဆ ၁၀၀၀ ကို လိုက်ပေးပါတယ်။
အဲ့ဒီ သတင်းက ဈေးထဲမှာ ချက်ချင်းပျံ့သွားတာပေါ့။
သူ့ကိုလည်းလူတွေကဝေဖန်ကြတယ်။
အမျိုးမျိုးပြော ကြနဲ့ပေါ့လေ။
နောက်နေ့ မနက်မှာ ဈေးထဲက အဲဒီနေရာမှာပဲ သူတောင်းစား ပြန်တောင်းနေပြန်တာတွေ့ရရောဗျာ။
အဲဒီနေ့တော့သူ့ဘေးမှာ ပိုက်ဆံထည့်မယ်သူတွေ အများကြီးဖြစ်နေပါတော့တယ်။
သူ့ခွက်ထဲထည့်ကြတဲ့ပိုက်ဆံတွေကလည်းတစ်ထောင်တန်တွေ ငါးထောင်တန်တွေ
တစ်သောင်းတန်တွေထပ်ပြီးလာထည့်ကြသလို
ရွှေတွေ လက်ဝတ်ရတနာတွေ တောင်ထည့်ကြပါရောလားဗျာ။
လိပ်စာမှတ်တဲ့ စာအုပ်တောင် လေးငါးအုပ်တောင် ကုန်သွားတယ်လေ။
ညနေပိုင်းရောက်တော့ ပြန်သွားပါတယ်။
ဒါပေမယ့်လည်း နောက်နေ့ကစပြီး အဲဒီဈေးထဲမှာ
သူတောင်းစားကိုဘယ်တော့မှ ပြန်မတွေ့တော့ဘူးလေ။
မူရင်းရေးသားသူအား ခရက်ဒစ်ပါ