

အဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။











(Unicode)

ပရိသတ်တွေ သတိမထားမိခင်ပဲ (၂) နှစ်အတွင်းမှာ ပြောင်းလဲသွားတဲ့ သူရဲ့ ပြောင်းလဲမှုတစ်ခုကို ထုတ်ပြလာတဲ့ အလင်းရောင်

မင်းသားချော အလင်းရောင်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး

အဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားတစ်ယောက် ဖြစ်လု့ိနေပြီပဲ ဖြစ်ပါတယ်။

ရုပ်ရည်ချောမောသလို သရုပ်ဆောင်တဲ့ အရည်အချင်းကလည်း မလျော့ကျသွားတဲ့ အလင်းရောင်က

ဒီဘက်ခေတ်ရဲ့ ပရိသတ်တွေ အသည်းစွဲ ကြိုက်ရတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူး။

အလင်းရောင်ကလည်း ပရိသတ်တစ်ယောက်ချင်းစီအတွက် အလုပ်တွေကို ကြိုးစားပန်းစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အလင်းရောင်က ဒီတစ်ခါမှာတော့ ပရိသတ်တွေ သတိမထားမိခင်လေးမှာပဲ

ပြောင်းလဲသွားခဲ့တဲ့ သူ့ရဲ့ ပုံရိပ်လေးကို ချပြလာပါတယ်။

အလင်းရောင်က ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာတော့ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ရှိနေပြီး

ပရိသတ်တွေ သတိမထားမိခင် (၂၀၂၀) အတွင်းမှာပဲ ပိန်ပိန်ပါးပါးဖြစ်သွားခဲ့တာကို ယှဉ်တွဲပြီး ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။

အလင်းရောင်ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာပဲ တစ်ချိန်လုံးရှိနေတာမို့ ပြောင်းလဲသွားမှန်း မသိသာတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း အလင်းရောင် ပြောင်းလဲသွားတာကို သူကိုယ်တိုင်ချပြမှ သတိထားမိသွားမှာ သေချာပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: ALINNYAUNG’s fb

Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *