အြန္လိုင္းအမွီျပဳၿပီး ေဈးေရာင္းေနသူေတြအဆင္ေျပေစဖို႔ တစ္ဖက္တစ္လမ္းက ကူညီေပးသြားမယ့္ စမိုင္းလ္
စမိုင္းလ္ကေတာ့ အလႉအတန္းမၾကာခဏျပဳလုပ္ေလ့ရွိသူတစ္ေယာက္ျဖစ္သလို ပရိသတ္နဲ႔တစ္သားတည္း ရွိသူတစ္ေယာက္ပါ။
မၾကာခဏဆိုသလို အားေပးေနသူေတြအတြက္ ကံစမ္းမဲအစီအစဥ္ေတြျပဳလုပ္ေပးေလ့ရွိၿပီးဒီတစ္ေခါက္မွာလည္း
တစ္ႏိုင္တစ္ပိုင္ေဈးေရာင္းခ်ေနရတဲ့သူေတြအတြက္ တစ္ဖက္တစ္လမ္းက ကူညီေပးတဲ့အေနနဲ႔
အပတ္စဥ္ၾကာသပေတးေန႔တိုင္း သူ႔ရဲ႕ပို႔စ္မွာ ေၾကညာခြင့္ျပဳေပးသြားမယ္လို႔ သိရပါတယ္။
စမိုင္းလ္အသုံးျပဳေနတဲ့ Page ကေတာ့ လူေပါင္း (၂၄) သိန္းေက်ာ္ Follow လုပ္ထားတဲ့ Page တစ္ခုပါ။
သူ႔ရဲ႕ Page မွာ အပတ္စဥ္ၾကာသပေတးေန႔တိုင္း Smile Mart ဆိုတဲ့ ပို႔စ္တင္ေပးသြားမွာျဖစ္ၿပီး
ဒီပို္႔စ္ေလးရဲ႕ေအာက္မွာေတာ့ ကိုယ္ရဲ႕ကုန္ပစၥည္းတိုင္းကို ေရာင္းခ်ႏိုင္မွာျဖစ္ပါတယ္။
လူေပါင္းမ်ားစြာ Follow လုပ္ထားတဲ့ Page မို႔ အြန္လိုင္းေရာင္းခ်သူေတြအေနနဲ႔ ကိုယ့္ Page ကို Boost လုပ္စရာမလိုဘဲ လူေတြဆီအေရာက္ ေၾကညာႏိုင္မွာ ျဖစ္ပါတယ္။
ဒါ့အျပင္ ေနာက္ထပ္အစီအစဥ္တစ္ခုအေနနဲ႔ ေရာင္းခ်သူေတြထဲကမွ အားလုံးနဲ႔အဆင္ေျပမယ့္ပစၥည္း (သို႔) စမိုင္းလ္ကိုယ္တိုင္ႀကိဳက္တဲ့ပစၥည္းမ်ားရွိပါက
သူကိုယ္တိုင္ေ႐ြးၿပီး ကုန္ပစၥည္းမ်ားအား အခမဲ့ေၾကညာေပးသြားဦးမွာပါတဲ့ ပရိသတ္ႀကီးေရ…
ၾကာသပေတးေန႔ည (၈) နာရီတိုင္း ကုန္ပစၥည္းေရာင္းခ်ခြင့္စတင္ၿပီး (၂၄) နာရီျပည့္ရင္ေတာ့
Smile Mart ပို႔စ္ေလးကို ျပန္ဖ်က္ကာ ေနာက္တစ္ပတ္ၾကာသပေတးမွ ျပန္လည္ေရာင္းခ်ခြင့္ရွိမွာပါ။
ပိုက္ဆံမကုန္က်ဘဲ ကိုယ္ေရာင္းခ်ေနတဲ့ပစၥည္းေလးကို လူအမ်ားဆီအေရာက္ေၾကညာႏိုင္မယ့္ အခြင့္အေရးေလးမို႔
ပရိသတ္ႀကီးလည္း လက္မလႊတ္ရေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source- Smile စမိုင္းလ္
ဆယ္လီကမာၻ
(Unicode)
အွန်လိုင်းအမှီပြုပြီး ဈေးရောင်းနေသူတွေအဆင်ပြေစေဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးသွားမယ့် စမိုင်းလ်
စမိုင်းလ်ကတော့ အလှူအတန်းမကြာခဏပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်သလို ပရိသတ်နဲ့တစ်သားတည်း ရှိသူတစ်ယောက်ပါ။
မကြာခဏဆိုသလို အားပေးနေသူတွေအတွက် ကံစမ်းမဲအစီအစဉ်တွေပြုလုပ်ပေးလေ့ရှိပြီးဒီတစ်ခေါက်မှာလည်း
တစ်နိုင်တစ်ပိုင်ဈေးရောင်းချနေရတဲ့သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့အနေနဲ့
အပတ်စဉ်ကြာသပတေးနေ့တိုင်း သူ့ရဲ့ပို့စ်မှာ ကြေညာခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။
စမိုင်းလ်အသုံးပြုနေတဲ့ Page ကတော့ လူပေါင်း (၂၄) သိန်းကျော် Follow လုပ်ထားတဲ့ Page တစ်ခုပါ။
သူ့ရဲ့ Page မှာ အပတ်စဉ်ကြာသပတေးနေ့တိုင်း Smile Mart ဆိုတဲ့ ပို့စ်တင်ပေးသွားမှာဖြစ်ပြီး
ဒီပို့်စ်လေးရဲ့အောက်မှာတော့ ကိုယ်ရဲ့ကုန်ပစ္စည်းတိုင်းကို ရောင်းချနိုင်မှာဖြစ်ပါတယ်။
လူပေါင်းများစွာ Follow လုပ်ထားတဲ့ Page မို့ အွန်လိုင်းရောင်းချသူတွေအနေနဲ့ ကိုယ့် Page ကို Boost လုပ်စရာမလိုဘဲ လူတွေဆီအရောက် ကြေညာနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ ရောင်းချသူတွေထဲကမှ အားလုံးနဲ့အဆင်ပြေမယ့်ပစ္စည်း (သို့) စမိုင်းလ်ကိုယ်တိုင်ကြိုက်တဲ့ပစ္စည်းများရှိပါက
သူကိုယ်တိုင်ရွေးပြီး ကုန်ပစ္စည်းများအား အခမဲ့ကြေညာပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ…
ကြာသပတေးနေ့ည (၈) နာရီတိုင်း ကုန်ပစ္စည်းရောင်းချခွင့်စတင်ပြီး (၂၄) နာရီပြည့်ရင်တော့
Smile Mart ပို့စ်လေးကို ပြန်ဖျက်ကာ နောက်တစ်ပတ်ကြာသပတေးမှ ပြန်လည်ရောင်းချခွင့်ရှိမှာပါ။
ပိုက်ဆံမကုန်ကျဘဲ ကိုယ်ရောင်းချနေတဲ့ပစ္စည်းလေးကို လူအများဆီအရောက်ကြေညာနိုင်မယ့် အခွင့်အရေးလေးမို့
ပရိသတ်ကြီးလည်း လက်မလွှတ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source- Smile စမိုင်းလ်
ဆယ်လီကမ္ဘာ