(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်)
(Unicode)
နားကြပ်တပ်ပြီး ခံစားချက်အပြည့်နဲ့ သီချင်းဆိုနေပေမယ့် ချစ်သူရဲ့ စနောက်မှုကြောင့် ဂွမ်းသွားခဲ့ရတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယို
မင်းသမီးချော ခိုင်နှင်းဝေကတော့ အနုပညာ အရည်အချင်းရှိသလို
စိတ်နှလုံးသားလည်း ဖြူစင်ကောင်းမွန်သူတစ်ယောက်ဖြစ်တာကြောင့်
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာမက အနုပညာ ညီအစ်ကိုမောင်နှမတွေကြားမှာလည်း
ကောင်းသတင်းမွှေးသူတစ်ယောက် ဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပီပီ အိမ်ထောင်ကွဲပြီးနောက်ပိုင်းမှာလည်း
သူမရဲ့ အချစ်ရေးကိစ္စ၊ မိသားစုကိစ္စနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေရဲ့ ချစ်သူကလည်း ခိုင်နှင်းဝေအပေါ် အများကြီး အလိုလိုက်တဲ့အပြင် ခိုင်နှင်းဝေဖြစ်လိုသမျှကို
နံဘေးကနေ ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။
စိတ်တူကိုယ်တူရှိကြတဲ့ ချစ်သူတွေပီပီ တစ်ယောက်နဲ့ တစ်ယောက် ဆေးထိုးစနောက်လေ့ရှိကြတဲ့ ခိုင်နှင်းဝေတို့ စုံတွဲက
ဒီကနေ့မှာလည်း ပရိသတ်တွေကို ရယ်မောရအောင် ဗီဒီယိုလေးတစ်ခုကို ချပြလာပါတယ်။
ခိုင်နှင်းဝေကတော့ နားကြပ်တပ်ပြီး ခံစားချက်အပြည့်နဲ့ သီချင်းဆိုနေပေမယ့်
ချစ်သူရဲ့ စနောက်မှုကြောင့် ဂွမ်းသွားခဲ့ရတာကိုတွေ့ရပါတယ်။
ခိုင်နှင်းဝေကတော့ ချစ်သူရဲ့ စနောက်မှုကို မသိပဲ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုနေတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ ချစ်သူနှစ်ယောက်ကိုကြည့်ပြီး အပျော်တွေကူးစက်သွားကြမယ် ထင်ပါတယ်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Khine Hnin Wai’s fb
Cele Connections